ဂေဟစနစ်ကို တန်ဖိုးထားပြီး ပဲခူးတိုင်းအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
802 Views

ဂေဟစနစ်ကို တန်ဖိုးထားပြီး ပဲခူးတိုင်းအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်

### Unicode Version ###

ဂေဟစနစ်ကို တန်ဖိုးထားပြီး ပဲခူးတိုင်း အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရမှသိရသည်။

အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ခိုင်မြဲစေရန် တော၊ တောင်၊ ရေ၊ မြေစသည့် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းများသည် အနာဂတ်အတွက် ပိုမိုကောင်းမွန်မည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောထားသည်။

ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ နေရာဒေသကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန်ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ကိုးကွယ်မှုဘာသာရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ စသည်တို့ကို ပိုမိုပေါ်လွင်ထင်ရှားစေရန် အလေးထားဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ခရီးသွားလမ်းညွှန်များကို ပသိဆည်ဝန်းကျင်ရှိ ရှမ်းရွာ၊ ကယားရွာစသည်တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာကြည့်ရှု နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းတွင် ထည့်သွင်းထားရန်နှင့် ပြည်ပခရီးသွားများ မသွားသင့်သည့် နေရာဒေသများကိုလည်း အသိပေးထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဟိုတယ်(၈၂)လုံး၊ အခန်းပေါင်း (၂၀၉၇)ခန်းရှိကြောင်း သိရသည်။ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ဧည့်သည် (၂၂၂၀၉၁)ဦးနှင့် ပြည်ပဧည့်သည် (၉၃၉၃၀)ဦးတို့ မှ တည်းခိုစရိတ် ဝင်ငွေစုစုပေါင်း (၂၃၅၂၈.၀၄)သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ေဂဟစနစ္ကို တန္ဖိုးထားၿပီး ပဲခူးတိုင္းအတြင္း ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္ရြက္မည္

ေဂဟစနစ္ကို တန္ဖိုးထားၿပီး ပဲခူးတိုင္း အတြင္း ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၁၉ ရက္က ပဲခူးတိုင္းေဒသႀကီးအစိုးရမွသိရသည္။

အဆိုပါလုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ ဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ား စဥ္ဆက္မျပတ္ ေရရွည္တည္တံ့ ခိုင္ၿမဲေစရန္ ေတာ၊ ေတာင္၊ ေရ၊ ေျမစသည့္ သဘာဝကို အေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ားသည္ အနာဂတ္အတြက္ပိုမိုေကာင္းမြန္မည့္လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း ေျပာထားသည္။

ခရီးသြားလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ မိမိတို႔ပဲခူးတိုင္းေဒသႀကီးအတြင္း သဘာဝကိုအေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ား၊ ေနရာေဒသကို အေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ား၊ ေဒသထြက္ကုန္ကိုအေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ား၊ ကိုးကြယ္မႈဘာသာေရးကို အေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ား၊ ႐ိုးရာယဥ္ေက်းမႈအစဥ္အလာကို အေျခခံသည့္ခရီးသြားလုပ္ငန္းမ်ား စသည္တို႔ကို ပိုမိုေပၚလြင္ထင္ရွားေစရန္ အေလးထားေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။

ထို႔အျပင္ ခရီးသြားလမ္းၫႊန္မ်ားကို ပသိဆည္ဝန္းက်င္ရွိ ရွမ္း႐ြာ၊ ကယား႐ြာစသည္တို႔၏ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးစံမ်ားအား ေလ့လာၾကည့္ရႈ ႏိုင္ရန္အတြက္ခရီးသြားလုပ္ငန္းတြင္ ထည့္သြင္းထားရန္ႏွင့္ ျပည္ပခရီးသြားမ်ား မသြားသင့္သည့္ ေနရာေဒသမ်ားကိုလည္း အသိေပးထားရန္ လိုအပ္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ပဲခူးတိုင္းေဒသႀကီးအတြင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ ဟိုတယ္(၈၂)လုံး၊ အခန္းေပါင္း (၂၀၉၇)ခန္းရွိေၾကာင္း သိရသည္။ခရီးသြားလုပ္ငန္းတြင္ ျပည္တြင္း ဧည့္သည္ (၂၂၂၀၉၁)ဦးႏွင့္ ျပည္ပဧည့္သည္ (၉၃၉၃၀)ဦးတို႔ မွ တည္းခိုစရိတ္ ဝင္ေငြစုစုေပါင္း (၂၃၅၂၈.၀၄)သိန္း ရရွိခဲ့ေၾကာင္း သိရွိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service