လမ်းမိုင်အရှည် (၈) မိုင်ခန့်ရှိပြီး အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ပဲခူးတိုင်းအစိုးရ ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
4177 Views

လမ်းမိုင်အရှည် (၈) မိုင်ခန့်ရှိပြီး အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ပဲခူးတိုင်းအစိုးရ ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

### Unicode Version ###

လမ်းမိုင်အရှည်သည် (၈)မိုင်ခန့်ရှိပြီး အနောက်ဘက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်မည့် လမ်းသစ်တစ်ခု ပဲခူးတိုင်းအစိုးရ ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါလမ်းသစ်ဖောက်လုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၂၀) ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊တော်ဝင်ဟံသာခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း ပဲခူးတိုင်းအစိုးရမှသိရသည်။

ဖောက်လုပ်ရန်လျာထားသည့် အဆိုပါလမ်းပိုင်းသည် အနာဂတ်မြို့ပြအတွက် အသုံးဝင်လာမည်ဖြစ်ပြီး ပဲခူးမြို့အား အလယ်မှာထားကာ ပြည်ထောင်စုလမ်းမကြီးများနှင့် ချိတ်ဆက်ရန် လမ်းကွန်ရက်များကို နှစ်အလိုက် ဘတ်ဂျက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခုအတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိမှသာ နေပျော်ဖွယ် မြို့ပြတစ်ခုဖြစ်လာနိုင်မှာဖြစ် ကြောင်း လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောသည်။

ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင်လမ်း မိုင်(၅/၇-၆/ဝ) အတွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်(၃၂-၆/၃၂-၇)ကြားရှိ လသာကုန်း Under Pass အထိ ဖောက်လုပ်မည့် လမ်းစီမံချက်အသေးစိတ်နှင့် လမ်းအူကြောင်း ရှာဖွေထားရှိမှုတို့အား လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။

လမ်းဖောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းစဉ်အသေးစိတ်အား ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာ ကော်မတီ အသီးသီးသို့ ရှင်းလင်းတင်ပြသွားရန်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး ဘတ်ဂျက်ရေးဆွဲဆောင်ရွက်သွားရန်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့် လမ်းမိုင်အရှည်သည် (၈)မိုင်ခန့်ဖြစ်ပြီး၊ ခန့်မှန်းကုန်ကျစရိတ် (၇) ဘီလီယံကျော်ဖြင့် (၂)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရမှသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

လမ္းမိုင္အရွည္ (၈) မိုင္ခန႔္ရွိၿပီး အေနာက္ဘက္ၿမိဳ႕ေရွာင္လမ္းမွ ရန္ကုန္-မႏၲေလးအျမန္လမ္းသို႔ တိုက္႐ိုက္ခ်ိတ္ဆက္မည့္ လမ္းသစ္တစ္ခု ပဲခူးတိုင္းအစိုးရ ေဖာက္လုပ္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိ

လမ္းမိုင္အရွည္သည္ (၈)မိုင္ခန႔္ရွိၿပီး အေနာက္ဘက္ၿမိဳ႕ေရွာင္လမ္းမွ ရန္ကုန္-မႏၲေလးအျမန္လမ္းသို႔ တိုက္႐ိုက္ခ်ိတ္ဆက္မည့္ လမ္းသစ္တစ္ခု ပဲခူးတိုင္းအစိုးရ ေဖာက္လုပ္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

အဆိုပါလမ္းသစ္ေဖာက္လုပ္ႏိုင္ေရးအတြက္ ေဖေဖာ္ဝါရီလ (၂၀) ရက္က ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး၊ေတာ္ဝင္ဟံသာခန္းမ၌ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးက်င္းပျပဳလုပ္ခဲ့ေၾကာင္း ပဲခူးတိုင္းအစိုးရမွသိရသည္။

ေဖာက္လုပ္ရန္လ်ာထားသည့္ အဆိုပါလမ္းပိုင္းသည္ အနာဂတ္ၿမိဳ႕ျပအတြက္ အသုံးဝင္လာမည္ျဖစ္ၿပီး ပဲခူးၿမိဳ႕အား အလယ္မွာထားကာ ျပည္ေထာင္စုလမ္းမႀကီးမ်ားႏွင့္ ခ်ိတ္ဆက္ရန္ လမ္းကြန္ရက္မ်ားကို ႏွစ္အလိုက္ ဘတ္ဂ်က္မ်ားေရးဆြဲ၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ၿမိဳ႕ျပတစ္ခုအတြက္ သယ္ယူပို႔ေဆာင္ေရး၊ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မႈရွိမွသာ ေနေပ်ာ္ဖြယ္ ၿမိဳ႕ျပတစ္ခုျဖစ္လာႏိုင္မွာျဖစ္ ေၾကာင္း လမ္းေဖာက္လုပ္ေရးေကာ္မတီ ဥကၠ႒၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးၫြန႔္ေ႐ႊက ေျပာသည္။

ပဲခူးၿမိဳ႕၊ အေနာက္ဘက္ၿမိဳ႕ေရွာင္လမ္း မိုင္(၅/၇-၆/၀) အတြင္းမွ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး မိုင္(၃၂-၆/၃၂-၇)ၾကားရွိ လသာကုန္း Under Pass အထိ ေဖာက္လုပ္မည့္ လမ္းစီမံခ်က္အေသးစိတ္ႏွင့္ လမ္းအူေၾကာင္း ရွာေဖြထားရွိမႈတို႔အား လမ္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) ဦးတိုးတိုးက Power Point ျဖင့္ အေသးစိတ္ ရွင္းလင္းတင္ျပခဲ့ ေၾကာင္းသိရသည္။

လမ္းေဖာက္လုပ္ေရးေကာ္မတီ ဥကၠ႒က လုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ႏိုင္ေရး ေျမျပင္ကြင္းဆင္းတိုင္းတာေရးအဖြဲ႕ ဖြဲ႕စည္းေဆာင္႐ြက္ရန္၊ စီမံကိန္းလုပ္ငန္းစဥ္အေသးစိတ္အား ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ေရးရာ ေကာ္မတီ အသီးသီးသို႔ ရွင္းလင္းတင္ျပသြားရန္ႏွင့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ လုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ႏိုင္ေရး ဘတ္ဂ်က္ေရးဆြဲေဆာင္႐ြက္သြားရန္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အေနာက္ဘက္ ၿမိဳ႕ေရွာင္လမ္းမွ ရန္ကုန္-မႏၲေလးအျမန္လမ္းသို႔ ခ်ိတ္ဆက္မည့္ လမ္းမိုင္အရွည္သည္ (၈)မိုင္ခန႔္ျဖစ္ၿပီး၊ ခန႔္မွန္းကုန္က်စရိတ္ (၇) ဘီလီယံေက်ာ္ျဖင့္ (၂)ႏွစ္အတြင္း ၿပီးစီးေအာင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ပဲခူးတိုင္းအစိုးရမွသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service