အာဆီယံ အကြီးဆုံးဆောက်လုပ်ရေးနည်းပညာပြပွဲတွင် မြန်မာနိုင်ငံမှ ပထမအကြိမ် ဝင်ရောက်လေ့လာမည် - Property News in Myanmar from iMyanmarHouse.com
911 Views

အာဆီယံ အကြီးဆုံးဆောက်လုပ်ရေးနည်းပညာပြပွဲတွင် မြန်မာနိုင်ငံမှ ပထမအကြိမ် ဝင်ရောက်လေ့လာမည်

### Unicode Version ###

အာဆီယံ၏ အကြီးဆုံးဆောက်လုပ်ရေးနည်းပညာပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဗိသုကာပညာရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သွားရောက်လေ့လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဗိသုကာအသင်းထံမှ သိရသည်။

အဆိုပါပြပွဲကို ထိုင်းနိုင်ငံဗိသုကာအသင်းနှင့် NCC Exhibition Organizer co.ltd တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး Architect 20 refocus Heritage ခေါင်းစဉ်ဖြင့် ဧပြီ ၂၈ မှ မေ ၃ ရက်အထိ ခြောက်ရက်ကြာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ IMPACT စင်တာတွင်ကျင်းပမည်ဖြစ်ကြောင်း Architect 20 committee ဥက္ကဌ ဒေါက်တာ Vasu Poshyanandana မှ ပြောသည်။

“မြန်မာနိုင်ငံမှာဆောက်လုပ်ရေးနဲ့ တိုးတက်လာတဲ့စီးပွားရေး စတဲ့မျှော်လင့်ချက်ရှိတာတွေကို မြင်တဲ့အတွက်ကြောင့် ဗိသုကာဒီဇိုင်းတွေကလည်း ဖွံ့ဖြိုးတိုးတက်လာတော့မယ်ဆိုတာကို သိတဲ့အတွက်ကြောင့် ပညာရှင်တွေကို လေ့လာဖို့လာဖိတ်ခေါ်တဲ့ပွဲကျင်းပတာ။ ဗိသုကာပညာရှင်တွေ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ဟိုဘက်ကိုလာဖို့ ဖိတ်တယ်။” စက်မှုကုန်သည်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်ကပြောကြားသည်။

ယခု ကျင်းပမည့် ဗိသုကာပြပွဲသည် ၃၄ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးပညာရှင်များ ပထမဆုံးတက်ရောက်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာွခင်းနှင့်အတူ ရန်ကုန်နှင့် မန္တလေးတို့တွင် ကွန်ဒိုမီနီယံဝယ်လိုအားမြင့်တက်လာနိုင်ပြီး ၂၀၃၀ တွင် အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံလာနိုင်ကြောင်း ဒေါက်တာ Vasu Poshyanandana က သုံးသပ်ပြောကြားသည်။

ပြပွဲ ၆ ရက်တွင် ၂၀၂၀ ASA award ပြပွဲ၊ အနုပညာနှင့် ဗိသုကာထိန်းသိမ်းရေးဆုချီးမြင့်ွခင်းပြပွဲ၊ ယူနက်စကို အာရှနှင့် ပစိဖိတ်ဆုများနှင့် လိုက်လျောညီထွေဖြစ်မည့် စံချိန်သတ်မှတ်ခြင်းနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းခြင်းများကို ပြသသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အကြံပေးခြင်းနှင့် ပညာရှင်များနှင့်ဆွေးနွေးခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ဥရောပ၊ အမေရိကန်၊ သြစတြေးလျ၊ ရှရှား၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကုမ္ပဏီ ၈၅၀ မှ ပါဝင်ပြသမည်ဖြစ်ကြောင်း Architect 20 committee ထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

အာဆီယံ အႀကီးဆုံးေဆာက္လုပ္ေရးနည္းပညာျပပြဲတြင္ ျမန္မာနိုင္ငံမွ ပထမအႀကိမ္ ၀င္ေရာက္ေလ့လာမည္

အာဆီယံ၏ အႀကီးဆုံးေဆာက္လုပ္ေရးနည္းပညာျပပြဲကို ပထမဆုံးအႀကိမ္အျဖစ္ ျမန္မာႏိုင္ငံမွ ဗိသုကာပညာရွင္မ်ား ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား သြားေရာက္ေလ့လာမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံဗိသုကာအသင္းထံမွ သိရသည္။

အဆိုပါျပပြဲကုိ ထိုင္းႏိုင္ငံဗိသုကာအသင္းႏွင့္ NCC Exhibition Organizer co.ltd တို႔ ပူးေပါင္းက်င္းပျခင္းျဖစ္ျပီး Architect 20 refocus Heritage ေခါင္းစဥ္ျဖင့္ ဧၿပီ ၂၈ မွ ေမ ၃ ရက္အထိ ေျခာက္ရက္ၾကာ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ရွိ IMPACT စင္တာတြင္က်င္းပမည္ျဖစ္ေၾကာင္း Architect 20 committee ဥကၠဌ ေဒါက္တာ Vasu Poshyanandana မွ ေျပာသည္။

“ ျမန္မာနိုင္ငံမွာေဆာက္လုပ္ေရးနဲ့ တိုးတက္လာတဲ့စီးပြားေရး စတဲ့ေမၽွာ္လင့္ခ်က္ရွိတာေတြကို ျမင္တဲ့အတြက္ေၾကာင့္ ဗိသုကာဒီဇိုင္းေတြကလည္း ဖြံ႕ၿဖိဳးတိုးတက္လာေတာ့မယ္ဆိုတာကို သိတဲ့အတြက္ေၾကာင့္ ပညာရွင္ေတြကို ေလ့လာဖို႔လာဖိတ္ေခၚတဲ့ပြဲက်င္းပတာ။ ဗိသုကာပညာရွင္ေတြ ေဆာက္လုပ္ေရးကုမၸဏီေတြကို ဟိုဘက္ကိုလာဖို႔ ဖိတ္တယ္။” စက္မႈကုန္သည္လုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးသန္႔ကေျပာၾကားသည္။

ယခု က်င္းပမည့္ ဗိသုကာျပပြဲသည္ ၃၄ ႀကိမ္ေျမာက္က်င္းပျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ဗိသုကာပညာရွင္မ်ားႏွင့္ ေဆာက္လုပ္ေရးပညာရွင္မ်ား ပထမဆုံးတက္ေရာက္မည္ျဖစ္ေၾကာင္း ပြဲက်င္းပေရးေကာ္မတီထံမွ သိရသည္။

၂၀၂၀ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာြခင္းႏွင့္အတူ ရန္ကုန္ႏွင့္ မႏၱေလးတို႔တြင္ ကြန္ဒိုမီနီယံဝယ္လိုအားျမင့္တက္လာႏိုင္ၿပီး ၂၀၃၀ တြင္ အေမရိကန္ေဒၚလာ ၁၂၀ ဘီလီယံတန္ဖိုးရွိသည့္ ႏိုင္ငံျခားစီးပြားေရးလုပ္ငန္းမ်ား ရင္းႏွီးျမဳပ္ႏွံလာႏိုင္ေၾကာင္း ေဒါက္တာ Vasu Poshyanandana က သုံးသပ္ေျပာၾကားသည္။

ျပပြဲ ၆ ရက္တြင္ ၂၀၂၀ ASA award ျပပြဲ၊ အႏုပညာႏွင့္ ဗိသုကာထိန္းသိမ္းေရးဆုခ်ီးျမင့္ြခင္းျပပြဲ၊ ယူနက္စကို အာရွႏွင့္ ပစိဖိတ္ဆုမ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္မည့္ စံခ်ိန္သတ္မွတ္ျခင္းႏွင့္ ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းျခင္းမ်ားကို ျပသသြားမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီထံမွ သိရသည္။

အေဆာက္အအုံဒီဇိုင္းႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြက္ အႀကံေပးျခင္းႏွင့္ ပညာရွင္မ်ားႏွင့္ေဆြးေႏြးျခင္းမ်ားကို ျပဳလုပ္ႏိုင္မည္ျဖစ္ျပီး ဥေရာပ၊ အေမရိကန္၊ ၾသစေၾတးလ်၊ ရွရွား၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္၊ ေဟာင္ေကာင္၊ ဂ်ပန္၊ အိႏၵိယ၊ တ႐ုတ္ႏွင့္ အာဆီယံႏိုင္ငံမ်ားမွ ကုမၸဏီ ၈၅၀ မွ ပါဝင္ျပသမည္ျဖစ္ေၾကာင္း Architect 20 committee ထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 09 Jun To 06 Jul

The Vista Luxury Residence

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service