မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
3021 Views

မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

### Unicode Version ###

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်များစီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း ဖေဖော်ဝါရီလ (၁၉) ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော (COVID-19) Acute Respiratory Disease ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားဧည့်သည်များအား ဆိုက်ရောက် ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသတ်မှတ် Medical Certificate Form အား ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရသည်။

e-Visa လျှောက်ထားပြီး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိသူများ ရောက်ရှိလာပြီး (COVID-19) Acute Respiratory Disease ဖြစ်ပွားမှု မတိုင်မီ ကြိုတင်ဝယ်ယူထားသော ခရီးစဉ်များ ဆောင်ရွက်ပေးရန်တောင်းခံလာလျှင် အများပြည်သူ၏ ဘေးကင်းလုံခြုံမှုကို ပထမဦးစား ပေးထည့်သွင်းစဉ်းစားပြီးမှသာ ဆောင်ရွက်ရန်ညွှန်ကြားထားသည်။

ထို့အပြင် လိုအပ်ပါက General Office of Ministry of Culture and Tourism of the People’s Republic of China ၏ Emergency Notice on Prevention and Control of Coronavirus Infections and Suspending the Business Activities of Tourism Enterprises [2020] No.29 နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားချက်တို့ကို ကိုးကားပြီး ဆိုင်းငံ့ဝန်ဆောင်မှုသာပေးရန် ဆောင်ရွက်နိုင်ကြောင်း ခရီးသွားကုမ္ပဏီများ၊ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုညွှန်ကြားထားသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ျမန္မာနိုင္ငံသို႔ လာေရာက္လိုသည့္ တ႐ုတ္ခရီးသြားဧည့္သည္မ်ားအတြက္ ခရီးစဥ္မ်ား စီစဥ္ေဆာင္ရြက္ျခင္းကို ေခတၱရပ္ဆိုင္းထားရန္ ညႊန္ၾကား

ျမန္မာနိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ့ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ားေဘးကင္းလုံျခဳံအဆင္ေျပစြာ အပန္းေျဖအနားယူနိုင္ရန္ရည္ရြယ္ၿပီး ျမန္မာနိုင္ငံသို႔ လာေရာက္လိုသည့္ တ႐ုတ္ခရီးသြားဧည့္သည္မ်ားအတြက္ ခရီးစဥ္မ်ားစီစဥ္ေဆာင္ရြက္ျခင္းကို ေခတၱရပ္ဆိုင္းထားရန္ ညႊန္ၾကားထားေၾကာင္း ေဖေဖာ္ဝါရီလ (၁၉) ရက္က ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွသိရသည္။

လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္၍ ျဖစ္ပြားခဲ့ေသာ (COVID-19) Acute Respiratory Disease ကာကြယ္နိုင္ေရးအတြက္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံမွ ျမန္မာနိုင္ငံသို႔ လာေရာက္မည့္ ခရီးသြားဧည့္သည္မ်ားအား ဆိုက္ေရာက္ ဗီဇာ (Visa on Arrival) ထုတ္ေပးျခင္းကို ယာယီရပ္ဆိုင္းထားၿပီး ျမန္မာနိုင္ငံသို႔ လာေရာက္လိုသည့္ တ႐ုတ္ခရီးသြားဧည့္သည္မ်ားႏွင့္ တ႐ုတ္နိုင္ငံသို႔ သြားေရာက္မည့္ ျမန္မာခရီးသြားမ်ားအတြက္ ခရီးစဥ္မ်ား စီစဥ္ေဆာင္ရြက္ျခင္းကို ေခတၱရပ္ဆိုင္းထားေၾကာင္း ထုတ္ျပန္ ထားသည္။

တ႐ုတ္နိုင္ငံသားမ်ား အင္တာနက္အြန္လိုင္းမွတစ္ဆင့္ e-Visa (Tourist) ေလၽွာက္ထားမႈႏွင့္စပ္လ်ဥ္း၍ က်န္းမာေရးေကာင္းမြန္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနသတ္မွတ္ Medical Certificate Form အား ျပည့္စုံစြာ ျဖည့္စြက္၍ ေလၽွာက္ထားရန္လိုအပ္ေၾကာင္း သိရွိရသည္။

e-Visa ေလၽွာက္ထားၿပီး ျမန္မာနိုင္ငံသို႔ ျပည္ဝင္ခြင့္ရရွိသူမ်ား ေရာက္ရွိလာၿပီး (COVID-19) Acute Respiratory Disease ျဖစ္ပြားမႈ မတိုင္မီ ႀကိဳတင္ဝယ္ယူထားေသာ ခရီးစဥ္မ်ား ေဆာင္ရြက္ေပးရန္ေတာင္းခံလာလွ်င္ အမ်ားျပည္သူ၏ ေဘးကင္းလုံျခဳံမႈကို ပထမဦးစား ေပးထည့္သြင္းစဥ္းစားၿပီးမွသာ ေဆာင္ရြက္ရန္ညႊန္ၾကားထားသည္။

ထို႔အျပင္ လိုအပ္ပါက General Office of Ministry of Culture and Tourism of the People’s Republic of China ၏ Emergency Notice on Prevention and Control of Coronavirus Infections and Suspending the Business Activities of Tourism Enterprises [2020] No.29 ႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ ျမန္မာနိုင္ငံသို႔ လာေရာက္လိုသည့္ တ႐ုတ္ခရီးသြား ဧည့္သည္မ်ားအတြက္ ခရီးစဥ္မ်ား စီစဥ္ေဆာင္ရြက္ျခင္းကို ေခတၱရပ္ဆိုင္းထားရန္ ညႊန္ၾကားခ်က္တို႔ကို ကိုးကားၿပီး ဆိုင္းငံ့ဝန္ေဆာင္မႈသာေပးရန္ ေဆာင္ရြက္နိုင္ေၾကာင္း ခရီးသြားကုမၸဏီမ်ား၊ဧည့္လမ္းညႊန္မ်ားႏွင့္ ခရီးသြားလုပ္ငန္းေဆာင္ရြက္ေနသူမ်ား ပူးေပါင္းပါဝင္ လိုက္နာေဆာင္ရြက္ၾကပါရန္ အႀကံျပဳညႊန္ၾကားထားသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service