“စံကားအင်းရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း” ညောင်ရွှေမြို့နယ်တွင် ဖေဖေါ်ဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
1436 Views

“စံကားအင်းရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း” ညောင်ရွှေမြို့နယ်တွင် ဖေဖေါ်ဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့

### Unicode Version ###

“စံကားအင်းရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း” ကို ညောင်ရွှေမြို့နယ်တွင် ဖေဖေါ်ဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

“စံကားအင်းရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း” (Samkar CBT) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုး ရ အဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီး) ရုံးခွဲ၏ ကြီးကြပ်မှု၊ Institute Cooperazione Economic International အဖွဲ့အစည်း၏ ပံပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖွင့်ပွဲသို့ ညောင်ရွှေမြို့နယ် စံကားကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Her Excellency Alessandra Schiavo ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီး) ရုံးခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြောင်းသိရသည်။

အဆိုပါ ခရီးသွားလုပ်ငန်းကို အီတလီနိုင်ငံ အထောက်အပံ့ ဖြစ်သည့် EPIC - Economic Promotion of Inle Communities through enhancement of cultural and natural heritage စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အီတလီအခြေစိုက် Institute Cooperazione Economic International (ICEI ) အဖွဲ့အစည်းတို့ကြား MoU ရေးထိုး အကောင်အထည် ဖော်ဆောင်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း (၈) ခုမြောက် တိုးတက်ဖော်ဆောင်သော လူထုအခြေပြုခရီးသွားလုပ်ငန်း ဖြစ်ပြီး စံကားအင်းဒေသရှိ စံကားရွာ၊ ကုန်းသာရွာ၊ သာယာကုန်းရွာတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 








 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service