မိသားစု စီမံပြုလုပ်ထားသည့် အိမ်နှင့် မြေကို ပိုင်ရှင် မကွယ်လွန်မီ ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
934 Views

မိသားစု စီမံပြုလုပ်ထားသည့် အိမ်နှင့် မြေကို ပိုင်ရှင် မကွယ်လွန်မီ ဝယ်မည်ဆိုလျှင်

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

“မိသားစု စီမံမှုပြုလုပ်ထားတဲ့ အိမ်မြေကိုဝယ်ရင် အဆင်ပြေပါ့မလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီး ဖြစ်သူက စာရေးသူထံ လာရောက် တိုင်ပင်ဆွေးနွေးပါသည်။

“မိသားစု စီမံပြုလုပ်ထားတယ်ဆိုတာက အမွေထိန်းစာ ရထားတာလား။ မိသားစု သဘောတူ အမွေခွဲဝေထား တဲ့ အိမ်မြေလား၊ ဘယ်လို အခြေနေမျိူးကိစ္စလဲ။

မိသားစုသဘောတူအမွေခွဲဝေထားတဲ့ သဘောတူစာချူပ် ဆရာ။ မိဘနဲ့ သားသမီးချူပ်တာ ဆရာ။ မိသားစု အားလုံးက ဗုဒ္ဓဘာသာဝင် တွေလို့ စာချူပ်ထဲမှာဖော်ပြထားပါတယ်။

“စာချူပ်မိတ္တူများ ယူထားမိသေးလား”

“အရောင်းအဝယ် မသေချာသေးတော့၊ စာချူပ်မိတ္တူတော့မပေးလိုက်ဘူး။ ဒါပေမယ့် ကျွန်မဖတ်ခဲ့လို့ သိရတာပါ”

“ရောင်းမယ်ဆိုတဲ့ အိမ်မြေက ဘယ်သူ့အမည်ပေါက်လဲ”

“မိခင်ကြီး အမည်ပေါက်ဆရာ”

“သက်ရှိထင်ရှား ရှိသေးလား”

“ရှိသေးတယ် ဆရာ။ သူကိုယ်တိုင် သဘောတူထားတာ ဆရာ”

“မိသားစုစီမံမှုဆိုတာက မိသားစုဝင်အားလုံးက ဗုဒ္ဓဘာသာဝင်ဖြစ်မှသာ ပြုလုပ်ခွင့်ရှိတယ်။ ပြီးတော့ ပစ္စည်းပိုင်ရှင်ကွယ်လွန်မှ အမွေခွဲဝေထားတဲ့ ဝေစုကို ခွဲဝေရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ပစ္စည်းပိုင်ရှင် သက်ရှိထင်ရှား ရှိစဉ်မှာတော့ အမွေခွဲဝေခွင့်မရှိဘူး”

“အခုကိစ္စက အဘွားကြီးက သူမသေမီ ရောင်းပြီးခွဲဝေပေးတဲ့ သဘောလို့ ပြောပါတယ်”

“မိခင်ကြီးက ကျန်းကျန်းမာမာလား၊ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိသလဲ”

“ကျန်းမာရေးတော့ အကောင်းကြီးမဟုတ်ဘူးပြောတယ် ဆရာ”

“သတိကောင်းစွာရှိတဲ့ အခြေအနေမျိုးရှိဖို့တော့လိုမယ်။ ဒါမှမဟုတ်ရင် စာချုပ်စာတမ်းရုံးမှာ လက်မှတ်ထိုးဖို့ ခက်သွားမယ်။ သတိကောင်းစွာမရှိတော့ရင် ကွယ်လွန်မှပဲ အမွေခွဲကြတာကောင်းမယ်ထင်တယ်။ သားသမီး တွေက အရင်းတွေလား”

“သေချာတော့မသိဘူး ဆရာ။ အိမ်ပွဲစားပြောတာတော့ မွေးစားသား သမီးတွေလို့ ပြောတယ်”

ဒါဆိုရင် အမွေစား အမွေခံ ကိတ္တိမမွေးစားသားသမီး ဟုတ် မဟုတ်မေးဖို့ လိုလာမယ်။ မွေးစား ဖခင်က သက်ရှိထင်ရှားရှိသေးလား။

“ဖခင်ကြီးလည်း ရှိတယ်”

“ဖခင်ကြီးရှိမှတော့ ဘယ်လိုခွဲကြမလဲ။ ပစ္စည်းက ဇနီးသည်အမည်ပေါက်ဖြစ်ပေမယ့် လင်ယောကျ်ားနဲ့ ပူးတွဲပိုင်ရှင်ဖြစ်တယ်လေ”

“အိမ်ပွဲစား အမျိူးသမီးပြောစကားအရတော့ အိမ်ထောင်ကြီးချင်း လက်ထပ်ထားတာလို့ ပြောတယ်”

“ဒါဆိုရင် ပထမအိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သားသမီးတွေ ရှိဦးမယ်ထင်တယ်”

“ဟုတ်ကဲ့ ဆရာ။ ယောကျ်ားဘက်က သမီးနှစ်ယောက်၊ မိန်းမဘက်က သမီးတစ်ယောက်ရှိတယ်။ မိန်းမဘက် ကသမီးက နိုင်ငံခြားမှာ အပြီးသွားနေလို့ သူ့သမီးကို မွေးစားထားတယ်။ ယောကျ်ားဘက်က တူတော်သူ တစ်ဦးကိုလည်း မွေးစားထားတယ်”

“ဒါဆိုရင် မိန်းမဘက်က မြေးကို မွေးစားထားတာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“အခု မိသားစု စာချုပ်က ဘယ်လို ချူပ်ဆိုထားတာလဲ”

“ရောင်းလို့ရတဲ့ ရောင်းဖိုးငွေအပေါ် ဖခင်ကြီးက ၄၀ ရာခိုင်နှုန်း သားနဲ့သမီးက ၃၀ ရာခိုင်နှုန်းစီရယူူမယ်လို့ ရေးထားပါတယ်”

“ဥပဒေအရတော့ လင်မယားနှစ်ဦးလက်ထက်ပွားပစ်္စည်းဆိုတော့ ဖခင်ဖြစ်သူက ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရှိ တာ မဟုတ်လား။ ပြီးတော့ ဖခင်ရဲ့ ပထမအိမ်ထောင်က သမီးတွေကို ထည့်သွင်းခွဲဝေထားတာ မပါဘူး”

“ဟုတ်တယ် ဆရာ၊ အဲဒါကြောင့် ပထမအိမ်ထောင်က လင်ပါ သမီးတွေက ကန့်ကွက်နိုင်သလား ဆရာ”

“အခု မိသားစု စီမံမှုက အဘွားကြီး အရင်ကွယ်လွန်မယ့် သဘောမျိုး ချုပ်ဆိုထားတာဖြစ်တယ်။ အကယ်လို့ ဖခင်ကြီးက အရင်ကွယ်လွန်သွားရင် သူ့ရဲ့ ရပိုင်ခွင့် ၄၀ ရာခိုင်နှုန်းက မိခင်ကြီးဆီ ဇနီးသည်ဖြစ်လို့ ပြန် လည်ဆင်းသက်သွားမှာ ဖြစ်တယ်။ လင်ပါသမီးနှစ်ဦးကတော့ ဖခင်ကွယ်လွန်မှသာ အမွေတောင်းခွင့်ရှိမှာ ဖြစ် တယ်”

“ဒါဆိုရင် လင်ပါသမီးနှစ်ဦးကတော့ အခုအိမ်မြေရောင်းတဲ့ ကိစ္စမှာ ကန့်ကွက်လို့ မရဘူးပေါ့”

“ဖခင် သက်ရှိထင်ရှားရှိနေတဲ့အတွက် အမွေရပိုင်ခွင့် မရှိသေးဘူး။ အဓိကအချက်က ဖခင်ဖြစ်သူက သဘော တူဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ရောင်းချမယ့် အိမ်မြေက မိခင်အမည်ပေါက်ဆိုပေမယ့် ဥပဒေအရ လင်မယားနှစ်ဦး လက်ထက်ပွား ပစ္စည်းဖြစ်လို့ ပူးတွဲပိုင်ရှင်တွေဖြစ်တယ်။ လင်မယားနှစ်ဦးလုံး သဘောတူမှ တရားဝင် ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“မိသားစု ကတိစာချုပ်အတိုင်း ဖခင်ဖြစ်သူက ရောင်းဖိုးငွေ ၄၀ ရာခိုင်နှုန်း ယူလိုက်ရင် အဆင်ပြေတယ်မဟုတ် လား ဆရာ။ သူ့ရဲ့ ပထမအိမ်ထောင်က သမီးတွေက ဖခင်သက်ရှိထင်ရှား ရှိနေတော့ ဆရာပြောသလို ကန့် ကွက်စရာတော့ မရှိဘူးပေါ့”

“မှန်ပါတယ်။ အခုရောင်းမယ်ဆိုတဲ့ အိမ်မြေမှာ ဘယ်သူနေသလဲ”

“မွေးစားသမီးနေတာ ဆရာ။ မိဘတွေက သီးခြားအိမ်မှာနေတယ်”

“ဒါဆိုရင် အဆင်ပြေပါတယ်။ အဓိက လူကတော့ ဖခင်ကြီးက သဘောတူဖို့ပဲလိုပါတယ်။ ဥပဒေအရ ပူးတွဲ ပိုင်ရှင်ဖြစ်နေတဲ့အတွက် သူသဘောမတူရင် ရောင်းပိုင်ခွင့်မရှိပါဘူး။ မြေပုံမြေရာဇဝင်ကူးယူတာကအစ ကန့် ကွက်ရင် အခက်အခဲရှိနိုင်တဲ့အတွက် ဖခင်ကြီးရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုပါတယ်”

“မွေးစားမိဘနှစ်ဦးလုံးနဲ့ တွေ့ပြီး ဆွေးနွေးဖို့တော့ လိုမှာပေါ့ ဆရာ။ အရောင်းအဝယ် စာချုပ်မှာလည်း လင်မ ယားနှစ်ဦးလုံး လက်မှတ်ထိုးဖို့ လိုတယ်မဟုတ်လား”

“ပူးတွဲပိုင်ရှင်များဖြစ်လို့ ဥပဒေအရ လင်ယောကျ်ားက သဘောတူကြောင်း အရောင်းစာချုပ်မှာ ထည့်သွင်းချုပ် ဆိုရမှာ ဖြစ်ပါတယ်။ အသိသက်သေအဖြစ် မွေးစားသားသမီးတွေက လက်မှတ်ရေးထိုးကြရင် ပြည့်စုံသွားမှာပါ။ တစ်ခုတော့ရှိတယ်။ မိသားစု စီမံမှုအရ ရောင်းဖို့ငွေခွဲေ၀ ယူတဲ့ကိစ်္စကိုတော့ သီးခြားစာချုပ်တစ်ခုချုပ်ဆိုရ ယူထားဖို့ လိုပါတယ်”

“ဟုတ်ကဲ့ ဆရာ။ ကျွန်မသိချင်တာက ရောင်းဖိုးငွေတွေကို မိသားစု စီမံမှုအတိုင်း ခွဲဝေရယူကြပြီးမှ ထပ်မံ တောင်းဆိုမှုတွေရှိလာမှာ စိုးတယ်။ ဆရာပြောသလို မိသားစု စီမံမှုဆိုတာ ပေးကမ်းသူ ပိုင်ရှင်ကွယ်လွန်မှ ပိုင် ဆိုင်ခွင့်ရတယ်ဆိုတော့ မိခင်ကွယ်လွန်သွားပြီးမှ တောင်းဆိုမှုတွေဖြစ်လာရင် ကျွန်မတို့လည်း ထပ်မပေး နိုင်တော့ဘူး””

“ဒါတော့ မစိုးရိမ်ပါနဲ့၊ ဥပဒေမှာလည်း အမွေပစ်္စည်းများကို မိသားစု စီမံမှုအရ ခွဲဝေရယူပြီးဖြစ်ပါက ယင်းစီမံမှုကို ဥပဒေနှင့်မညီဟု ကန့်ကွက် ပိုင်ခွင့်မရှိလို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအောင်ညွန့်နှင့် မောင်အုန်းမြင့် - ၁၉၈၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၂၁ မှာ ထုံးဖွဲ့ထားတာမို့ စိုးရိမ်စရာမရှိပါဘူး”

“ဟုတ်ကဲ့ပါ ဆရာ၊ အရောင်းအဝယ်ဖြစ်ရင် ဆရာနဲ့ ဆက်လက်ဆောင်ရွက်ပါမယ်”ဆိုပြီး ဆွေးနွေးခအဖြစ် ငွေကျပ်တစ်သိန်း ကန်တော့သွားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

### Zawgyi Version ###

မိသားစု စီမံျပဳလုပ္ထားသည့္ အိမ္ႏွင့္ ေျမကို ပုိင္ရွင္ မကြယ္လြန္မီ ၀ယ္မည္ဆုိလွ်င္

“မိသားစု စီမံမႈျပဳလုပ္ထားတဲ့ အိမ္ေျမကို၀ယ္ရင္ အဆင္ေျပပါ့မလား ဆရာ”ဟု မိတ္ေဆြတစ္ဦး၏ သမီး ျဖစ္သူက စာေရးသူထံ လာေရာက္ တိုင္ပင္ေဆြးေႏြးပါသည္။

“မိသားစု စီမံျပဳလုပ္ထားတယ္ဆိုတာက အေမြထိန္းစာ ရထားတာလား။ မိသားစု သေဘာတူ အေမြခြဲေ၀ထား တဲ့ အိမ္ေျမလား၊ ဘယ္လို အေျခေနမ်ိဴးကိစၥလဲ။

မိသားစုသေဘာတူအေမြခြဲေ၀ထားတဲ့ သေဘာတူစာခ်ဴပ္ ဆရာ။ မိဘနဲ႔ သားသမီးခ်ဴပ္တာ ဆရာ။ မိသားစု အားလံုးက ဗုဒၶဘာသာ၀င္ ေတြလို႔ စာခ်ဴပ္ထဲမွာေဖာ္ျပထားပါတယ္။

“စာခ်ဴပ္မိတၱဴမ်ား ယူထားမိေသးလား”

“အေရာင္းအ၀ယ္ မေသခ်ာေသးေတာ့၊ စာခ်ဴပ္မိတၱဴေတာ့မေပးလိုက္ဘူး။ ဒါေပမယ့္ ကၽြန္မဖတ္ခဲ့လို႔ သိရတာပါ”

“ေရာင္းမယ္ဆိုတဲ့ အိမ္ေျမက ဘယ္သူ႔အမည္ေပါက္လဲ”

“မိခင္ႀကီး အမည္ေပါက္ဆရာ”

“သက္ရွိထင္ရွား ရွိေသးလား”

“ရွိေသးတယ္ ဆရာ။ သူကိုယ္တိုင္ သေဘာတူထားတာ ဆရာ”

“မိသားစုစီမံမႈဆိုတာက မိသားစု၀င္အားလံုးက ဗုဒၶဘာသာ၀င္ျဖစ္မွသာ ျပဳလုပ္ခြင့္ရွိတယ္။ ၿပီးေတာ့ ပစၥည္းပိုင္ရွင္ကြယ္လြန္မွ အေမြခြဲေ၀ထားတဲ့ ေ၀စုကို ခြဲေ၀ရပိုင္ခြင့္ရွိမွာျဖစ္ပါတယ္။ ပစၥည္းပိုင္ရွင္ သက္ရွိထင္ရွား ရွိစဥ္မွာေတာ့ အေမြခြဲေ၀ခြင့္မရွိဘူး”

“အခုကိစၥက အဘြားႀကီးက သူမေသမီ ေရာင္းၿပီးခြဲေ၀ေပးတဲ့ သေဘာလို႔ ေျပာပါတယ္”

“မိခင္ႀကီးက က်န္းက်န္းမာမာလား၊ က်န္းမာေရးအေျခအေနက ဘယ္လိုရွိသလဲ”

“က်န္းမာေရးေတာ့ အေကာင္းႀကီးမဟုတ္ဘူးေျပာတယ္ ဆရာ”

“သတိေကာင္းစြာရွိတဲ့ အေျခအေနမ်ဳိးရွိဖို႕ေတာ့လိုမယ္။ ဒါမွမဟုတ္ရင္ စာခ်ဳပ္စာတမ္းရံုးမွာ လက္မွတ္ထိုးဖို႔ ခက္သြားမယ္။ သတိေကာင္းစြာမရွိေတာ့ရင္ ကြယ္လြန္မွပဲ အေမြခြဲၾကတာေကာင္းမယ္ထင္တယ္။ သားသမီး ေတြက အရင္းေတြလား”

“ေသခ်ာေတာ့မသိဘူး ဆရာ။ အိမ္ပြဲစားေျပာတာေတာ့ ေမြးစားသား သမီးေတြလို႔ ေျပာတယ္”

ဒါဆိုရင္ အေမြစား အေမြခံ ကိတိ္ၱမေမြးစားသားသမီး ဟုတ္ မဟုတ္ေမးဖို႔ လိုလာမယ္။ ေမြးစား ဖခင္က သက္ရွိထင္ရွားရွိေသးလား။

“ဖခင္ႀကီးလည္း ရွိတယ္”

“ဖခင္ႀကီးရွိမွေတာ့ ဘယ္လိုခြဲၾကမလဲ။ ပစၥည္းက ဇနီးသည္အမည္ေပါက္ျဖစ္ေပမယ့္ လင္ေယာက်္ားနဲ႔ ပူးတြဲပိုင္ရွင္ျဖစ္တယ္ေလ”

“အိမ္ပြဲစား အမ်ိဴးသမီးေျပာစကားအရေတာ့ အိမ္ေထာင္ႀကီးခ်င္း လက္ထပ္ထားတာလုိ႔ ေျပာတယ္”

“ဒါဆုိရင္ ပထမအိမ္ေထာင္နဲ႔ ရရွိခဲ့တဲ့ သားသမီးေတြ ရွိဦးမယ္ထင္တယ္”

“ဟုတ္ကဲ့ ဆရာ။ ေယာက်္ားဘက္က သမီးႏွစ္ေယာက္၊ မိန္းမဘက္က သမီးတစ္ေယာက္ရွိတယ္။ မိန္းမဘက္ ကသမီးက နိုင္ငံျခားမွာ အၿပီးသြားေနလို႔ သူ႔သမီးကို ေမြးစားထားတယ္။ ေယာက်္ားဘက္က တူေတာ္သူ တစ္ဦးကိုလည္း ေမြးစားထားတယ္”

“ဒါဆိုရင္ မိန္းမဘက္က ေျမးကို ေမြးစားထားတာေပါ့”

“ဟုတ္ပါတယ္ ဆရာ”

“အခု မိသားစု စာခ်ဳပ္က ဘယ္လို ခ်ဴပ္္ဆိုုထားတာလဲ”

“ေရာင္းလုိ႔ရတဲ့ ေရာင္းဖုိးေငြအေပၚ ဖခင္ႀကီးက ၄၀ ရာခုိင္ႏႈန္း သားနဲ႔သမီးက ၃၀ ရာခုိင္ႏႈန္းစီရယူူမယ္လုိ႔ ေရးထားပါတယ္”

“ဥပေဒအရေတာ့ လင္မယားႏွစ္ဦးလက္ထက္ပြားပစ္ၥည္းဆုိေတာ့ ဖခင္ျဖစ္သူက ၅၀ ရာခုိင္ႏႈန္း ပုိင္ဆုိင္ခြင့္ရွိ တာ မဟုတ္လား။ ၿပီးေတာ့ ဖခင္ရဲ႕ ပထမအိမ္ေထာင္က သမီးေတြကုိ ထည့္သြင္းခြဲေ၀ထားတာ မပါဘူး”

“ဟုတ္တယ္ ဆရာ၊ အဲဒါေၾကာင့္ ပထမအိမ္ေထာင္က လင္ပါ သမီးေတြက ကန္႔ကြက္ႏုိင္သလား ဆရာ”

“အခု မိသားစု စီမံမႈက အဘြားႀကီး အရင္ကြယ္လြန္မယ့္ သေဘာမ်ဳိး ခ်ဳပ္ဆုိထားတာျဖစ္တယ္။ အကယ္လို႔ ဖခင္ႀကီးက အရင္ကြယ္လြန္သြားရင္ သူ႔ရဲ႕ ရပုိင္ခြင့္ ၄၀ ရာခိုင္ႏႈန္းက မိခင္ႀကီးဆီ ဇနီးသည္ျဖစ္လုိ႔ ျပန္ လည္ဆင္းသက္သြားမွာ ျဖစ္တယ္။ လင္ပါသမီးႏွစ္ဦးကေတာ့ ဖခင္ကြယ္လြန္မွသာ အေမြေတာင္းခြင့္ရွိမွာ ျဖစ္ တယ္”

“ဒါဆုိရင္ လင္ပါသမီးႏွစ္ဦးကေတာ့ အခုအိမ္ေျမေရာင္းတဲ့ ကိစၥမွာ ကန္႔ကြက္လုိ႔ မရဘူးေပါ့”

“ဖခင္ သက္ရွိထင္ရွားရွိေနတဲ့အတြက္ အေမြရပုိင္ခြင့္ မရွိေသးဘူး။ အဓိကအခ်က္က ဖခင္ျဖစ္သူက သေဘာ တူဖုိ႔ လုိတယ္။ ဘာလုိ႔လဲဆုိေတာ့ ေရာင္းခ်မယ့္ အိမ္ေျမက မိခင္အမည္ေပါက္ဆုိေပမယ့္ ဥပေဒအရ လင္မယားႏွစ္ဦး လက္ထက္ပြား ပစၥည္းျဖစ္လုိ႔ ပူးတြဲပုိင္ရွင္ေတြျဖစ္တယ္။ လင္မယားႏွစ္ဦးလုံး သေဘာတူမွ တရား၀င္ ေရာင္းခ်ခြင့္ရွိမွာ ျဖစ္တယ္”

“မိသားစု ကတိစာခ်ဳပ္အတုိင္း ဖခင္ျဖစ္သူက ေရာင္းဖုိးေငြ ၄၀ ရာခုိင္ႏႈန္း ယူလုိက္ရင္ အဆင္ေျပတယ္မဟုတ္ လား ဆရာ။ သူ႔ရဲ႕ ပထမအိမ္ေထာင္က သမီးေတြက ဖခင္သက္ရွိထင္ရွား ရွိေနေတာ့ ဆရာေျပာသလုိ ကန္႔ ကြက္စရာေတာ့ မရွိဘူးေပါ့”

“မွန္ပါတယ္။ အခုေရာင္းမယ္ဆုိတဲ့ အိမ္ေျမမွာ ဘယ္သူေနသလဲ”

“ေမြးစားသမီးေနတာ ဆရာ။ မိဘေတြက သီးျခားအိမ္မွာေနတယ္”

“ဒါဆုိရင္ အဆင္ေျပပါတယ္။ အဓိက လူကေတာ့ ဖခင္ႀကီးက သေဘာတူဖုိ႔ပဲလုိပါတယ္။ ဥပေဒအရ ပူးတြဲ ပုိင္ရွင္ျဖစ္ေနတဲ့အတြက္ သူသေဘာမတူရင္ ေရာင္းပုိင္ခြင့္မရွိပါဘူး။ ေျမပုံေျမရာဇ၀င္ကူးယူတာကအစ ကန္႔ ကြက္ရင္ အခက္အခဲရွိႏုိင္တဲ့အတြက္ ဖခင္ႀကီးရဲ႕ သေဘာတူညီခ်က္ကို ရယူဖုိ႔ လုိပါတယ္”

“ေမြးစားမိဘႏွစ္ဦးလုံးနဲ႔ ေတြ႕ၿပီး ေဆြးေႏြးဖုိ႔ေတာ့ လုိမွာေပါ့ ဆရာ။ အေရာင္းအ၀ယ္ စာခ်ဳပ္မွာလည္း လင္မ ယားႏွစ္ဦးလုံး လက္မွတ္ထုိးဖုိ႔ လုိတယ္မဟုတ္လား”

“ပူးတြဲပုိင္ရွင္မ်ားျဖစ္လုိ႔ ဥပေဒအရ လင္ေယာက်္ားက သေဘာတူေၾကာင္း အေရာင္းစာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ ဆုိရမွာ ျဖစ္ပါတယ္။ အသိသက္ေသအျဖစ္ ေမြးစားသားသမီးေတြက လက္မွတ္ေရးထုိးၾကရင္ ျပည့္စုံသြားမွာပါ။ တစ္ခုေတာ့ရွိတယ္။ မိသားစု စီမံမႈအရ ေရာင္းဖုိ႔ေငြခြဲေ၀ ယူတဲ့ကိစ္ၥကိုေတာ့ သီးျခားစာခ်ဳပ္တစ္ခုခ်ဳပ္ဆုိရ ယူထားဖုိ႔ လုိပါတယ္”

“ဟုတ္ကဲ့ ဆရာ။ ကၽြန္မသိခ်င္တာက ေရာင္းဖုိးေငြေတြကို မိသားစု စီမံမႈအတုိင္း ခဲြေ၀ရယူၾကၿပီးမွ ထပ္မံ ေတာင္းဆုိမႈေတြရွိလာမွာ စုိးတယ္။ ဆရာေျပာသလုိ မိသားစု စီမံမႈဆုိတာ ေပးကမ္းသူ ပုိင္ရွင္ကြယ္လြန္မွ ပုိင္ ဆုိင္ခြင့္ရတယ္ဆုိေတာ့ မိခင္ကြယ္လြန္သြားၿပီးမွ ေတာင္းဆုိမႈေတြျဖစ္လာရင္ ကၽြန္မတုိ႔လည္း ထပ္မေပး ႏုိင္ေတာ့ဘူး””

“ဒါေတာ့ မစုိးရိမ္ပါနဲ႔၊ ဥပေဒမွာလည္း အေမြပစ္ၥည္းမ်ားကို မိသားစု စီမံမႈအရ ခဲြေ၀ရယူၿပီးျဖစ္ပါက ယင္းစီမံမႈကို ဥပေဒႏွင့္မညီဟု ကန္႔ကြက္ ပုိင္ခြင့္မရွိလုိ႔ တရား႐ံုးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးေအာင္ၫြန္႔ႏွင့္ ေမာင္အုန္းျမင့္ - ၁၉၈၁ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၂၁ မွာ ထုံးဖြဲ႕ထားတာမုိ႔ စုိးရိမ္စရာမရွိပါဘူး”

“ဟုတ္ကဲ့ပါ ဆရာ၊ အေရာင္းအ၀ယ္ျဖစ္ရင္ ဆရာနဲ႔ ဆက္လက္ေဆာင္ရြက္ပါမယ္”ဆုိၿပီး ေဆြးေႏြးခအျဖစ္ ေငြက်ပ္တစ္သိန္း ကန္ေတာ့သြားပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

 

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Upcoming Property Events

thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service