သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဆင့်မြင့်တင်ရန် ကိုရီးယားထံမှာ ဒေါ်လာ ၁၁၃ သန်း ချေးငွေရယူ - Property News in Myanmar from iMyanmarHouse.com
1659 Views

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဆင့်မြင့်တင်ရန် ကိုရီးယားထံမှာ ဒေါ်လာ ၁၁၃ သန်း ချေးငွေရယူ

### Unicode Version ###

လျှစ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနက သဘာဝဓာတ် ငွေ့ပိုက်လိုင်းအစား ထိုးလဲလှယ်ရန် ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုလိုက်သည်။

ထိုချေးငွေကို ကိုရီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူး ပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အဖွဲ့မှ ချေးယူခြင်းဖြစ်သည်၊၊ ချေးငွေရယူရာတွင် ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်ပြီး အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်သည်။

အဆိုပါချေးငွေဖြင့် ပြည်-ဆားခါး သဘာဝဓာတ်ငွေခ့ ပိုက်လိုင်း၏ မကွေး-ရွှေိတောင် အပိုင်းကို အစားထိုးဆက်သွယ် ခြင်းစီမံကိန်း ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်းကို ၂၀၁၇ ဇူလိုင်မှ ၂၀၁၈ သြဂုတ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းကာလကို ချေးငွေစာချုပ် အသက်ဝင်သည့်နေ့ကစ၍ လေးနှစ်သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်၍ လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မမျှော်လင့် နိုင်သောအရေးပေါ်အခြေအနေတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန် အသိပညာပေးဟော ပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရရှိပြီးချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့နှင့် ချေးငွေစာချုပ် ချုပ်ဆိုရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပြီး စာချုပ်အသက်ဝင်ရန် ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

‘‘စီမံကိန်းအကောင်အထည်ဖော်မှုအပိုင်းကို စောင့်ကြည့်ကြပ် မတ်သွားမှာဖြစ်ပါတယ်’’ဟု ဦး မောင်မောင်ဝင်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service