မိဘနှစ်ပါး ကွယ်လွန်ချိန်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
15036 Views
မိဘနှစ်ပါး ကွယ်လွန်ချိန်တွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုခြင်း
Knowledge | Posted by Zarni Kyaw
### Unicode Version ###
မိဘနှစ်ပါး ကွယ်လွန်လျှင် ၎င်းတို့ပိုင်ဆိုင်သော မရွှေ့မပြောင်း နိုင်သည့်ပစ္စည်းကို အမွေဆက်ခံပိုင်ခွင့်ရှိ သူများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုပြီး အမွေဆက်ခံပိုင်ဆိုင်ရမှာဖြစ်ပါသည်။ မိဘနှစ်ပါး ကွယ်လွန်က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (အိမ်ခြံမြေ) ကျန်ရစ်ပါက ကျန်ရစ်သူသားသမီး နှင့် ကိတ္တိမမွေးစားသားသမီးများမှ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါသည်။ အမွေဆက်ခံရာတွင် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ လိုအပ်သည့် စာရွက်စာတမ်းများမှာ-
- မိခင်၊ ဖခင်တို့၏ သေစာရင်းမူရင်း။ (သေစာရင်းမရှိလျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသည့် သေဆုံးကြောင်း ထောက်ခံချက်။)
- မိဘနှစ်ပါး (သို့မ ဂရန် (သို့မဟုတ်) မြပိုင်မြေဖြစ်က ပိုင်ဆိုင်စာချုပ် မူရင်း။
- သက်ဆိုင်ရာစည်ပင်မှ ထုတ်ပေးသည့် တစ်နှစ်သက်တမ်းရှိ ပိုင်ဆိုင်စာချုပ်ချုပ်ရန် မြေပုံရာဇဝင် မူရင်း။
- ပိုင်ဆိုင်ချုပ်ဆိုသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း။
- ပိုင်ဆိုင်ချုပ်ဆိုသူ၏ သန်းခေါင်စာရင်းမူရင်း။
- အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကျမ်းကျိန်မူရင်း စသည့်စာရွက်စာတမ်းများ လိုအပ်မည် ဖြစ်ပါသည်။
အထက်ပါ စာရွက်စာတမ်းမူရင်းများဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ချုပ်ဆိုရမှာဖြစ်ပါသည်။
မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက ပိုင်ဆိုင်ချုပ်ဆိုသူအမည်သို့ ဂရန်အမည်ပြောင်းလျှောက်ထားခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားရမှာ ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
Upcoming Property Events
From 24 May To 25 May
The Rich Villa
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service