မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မေတ္တာဖြင့်ပေးကမ်းသည့်အခါ မည်သို့တရားဝင်အောင်လုပ်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1428 Views

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မေတ္တာဖြင့်ပေးကမ်းသည့်အခါ မည်သို့တရားဝင်အောင်လုပ်မလဲ

Knowledge | Posted by Hnin Ei Khin

### Unicode Version ###

၁၉၉၂ ခုနှစ်၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပုဒ်မ-၁၂၂အရ ပေးကမ်းခြင်းအထမြောက်ရန်အလို့ဌာ-

(က) ပေးကမ်းသူနှင့် လက်ခံသူ သက်ရှိထင်ရှား ရှိရမည်။

(ခ) ပေးကမ်းသည့်ပစ္စည်းသည် ပေးကမ်းသူ၏ လက်ရှိပစ္စည်းဖြစ်ရမည်။

(ဂ) ပေးကမ်းသူသည် အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။

(ဃ) ပေးကမ်းသူသည် မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။

(င) ပေးကမ်းခြင်းကို မှတ်ပုံတင်စာချုပ်ဖြင့် ပြုလုပ်၍ အသိသက်သေနှစ်ဦး လက်မှတ်ရေးထိုးရပါမည်။

မှတ်ပုံတင်စာချုပ်စာတမ်းပြုလုပ်၍ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေနှင့်အညီ ပေးကမ်းသော်လည်း အမွေခံအမွေစားများ၏ အခွင့်အရေးဆုံးရှုံးလောက်အောင် ရှိသမျှပစ္စည်းအားလုံးကို ပေးကမ်းခွင့်မရှိပါ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းတစ်ခုခုကို မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်၊ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုခွင့်မရှိပါ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းပေးကမ်းခြင်းကို မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင် တင်ပြရမည့် စာရွက်စာတမ်းများမှာ-

- သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် သက်တမ်း(၁)နှစ်ရှိ မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ်ချုပ်ဆိုရန် သက်သေခံမြေပုံ/မြေရာဇဝင်မူရင်း။

- ပေးသည့်ပစ္စည်းအပေါ် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့၏ သတ်မှတ်တန်ဖိုးအပေါ် ထမ်းဆောင်သည့် အခွန်တံဆိပ်ခေါင်းမူရင်း။

- ပေးသည့်ပစ္စည်းအပေါ် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့၏ သတ်မှတ်တန်ဖိုးအပေါ် ဝင်ငွေခွန်၊ တံဆိပ် ခေါင်းခွန် ပေးသွင်းထားသည့် ချလန်မူရင်း။

- ပေးသူ၊ လက်ခံသူ၊ သက်သေနှစ်ဦးတို့၏ နိုင်ငံသားစိစစ်ရေးကဒ်မူရင်း။

- ပေးသူ၊ လက်ခံသူတို့၏ သန်းခေါင်စာရင်းမူရင်း။

- ပေးကမ်းသူတွင် အမွေဆက်ခံမည့်သူများရှိပါက ပေးကမ်းမှုကိုသိရှိသဘောတူပါကြောင်းနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို စွန့်လွတ်ကြောင်း ကျမ်းကျိန်လွှာမူရင်း။

- ပေးကမ်းသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း၏ ပိုင်ဆိုင်မှုအထောက်အထားမူရင်း။

(ဂရန်မူရင်း သို့မဟုတ် မြေပိုင်မြေဖြစ်က ပိုင်ဆိုင်မှုစာချုပ်မူရင်း)

စသည့်စာရွက်စာတမ်းများဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခပေးသွင်း၍ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

ထိုသို့ မေတ္တာဖြင့်ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက ပေးကမ်းသည့်ပစ္စည်း၏ ပိုင်ဆိုင်မှုစာရွက်စာတမ်းဖြစ်သည့် မြေငှားစာချုပ်ဂရန်တွင် လက်ခံသူအမည်သို့ အမည်ပြောင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ြုပစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထား ရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ေမတၱာျဖင့္ေပးကမ္းသည့္အခါ မည္သို႔တရား၀င္ေအာင္လုပ္မလဲ

၁၉၉၂ ခုႏွစ္၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒအရ မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းတစ္စံုတစ္ရာကို ေပးကမ္းလိုလွ်င္ ပုဒ္မ-၁၂၂အရ ေပးကမ္းျခင္းအထေျမာက္ရန္အလို႔ဌာ-

(က) ေပးကမ္းသူႏွင့္ လက္ခံသူ သက္ရွိထင္ရွား ရွိရမည္။

(ခ) ေပးကမ္းသည့္ပစၥည္းသည္ ေပးကမ္းသူ၏ လက္ရွိပစၥည္းျဖစ္ရမည္။

(ဂ) ေပးကမ္းသူသည္ အလိုအေလ်ာက္ အဖိုးစားနားမရွိဘဲ ေပးကမ္းျခင္းျဖစ္ရမည္။

(ဃ) ေပးကမ္းသူသည္ မိမိပိုင္ပစၥည္းကို လႊဲေျပာင္းေပးရမည္။

(င) ေပးကမ္းျခင္းကို မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ျပဳလုပ္၍ အသိသက္ေသႏွစ္ဦး လက္မွတ္ေရးထိုးရပါမည္။

မွတ္ပံုတင္စာခ်ဳပ္စာတမ္းျပဳလုပ္၍ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒႏွင့္အညီ ေပးကမ္းေသာ္လည္း အေမြခံအေမြစားမ်ား၏ အခြင့္အေရးဆံုးရံႈးေလာက္ေအာင္ ရွိသမွ်ပစၥည္းအားလံုးကို ေပးကမ္းခြင့္မရွိပါ။

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းတစ္ခုခုကို မွတ္ပံုတင္စာခ်ဳပ္မျပဳလုပ္ဘဲ ေပးကမ္းလွ်င္ တရားမ၀င္၊ ပစၥည္းရသူသည္ မွတ္ပံုတင္စာခ်ဳပ္မရွိဘဲ ပစၥည္းကို ေတာင္းဆိုခြင့္မရွိပါ။

မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းေပးကမ္းျခင္းကို မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ တင္ျပရမည့္ စာရြက္စာတမ္းမ်ားမွာ-

- သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ေပးသည့္ သက္တမ္း(၁)ႏွစ္ရွိ ေမတၱာျဖင့္ ေပးကမ္းျခင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ သက္ေသခံေျမပံု/ေျမရာဇ၀င္မူရင္း။

- ေပးသည့္ပစၥည္းအေပၚ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔၏ သတ္မွတ္တန္ဖိုးအေပၚ ထမ္းေဆာင္သည့္ အခြန္တံဆိပ္ေခါင္းမူရင္း။

- ေပးသည့္ပစၥည္းအေပၚ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔၏ သတ္မွတ္တန္ဖိုးအေပၚ ၀င္ေငြခြန္၊ တံဆိပ္ ေခါင္းခြန္ ေပးသြင္းထားသည့္ ခ်လန္မူရင္း။

- ေပးသူ၊ လက္ခံသူ၊ သက္ေသႏွစ္ဦးတို႔၏ ႏိုင္ငံသားစိစစ္ေရးကဒ္မူရင္း။

- ေပးသူ၊ လက္ခံသူတို႔၏ သန္းေခါင္စာရင္းမူရင္း။

- ေပးကမ္းသူတြင္ အေမြဆက္ခံမည့္သူမ်ားရွိပါက ေပးကမး္မႈကိုသိရွိသေဘာတူပါေၾကာင္းႏွင့္ ၎တို႔၏ပိုင္ဆိုင္မႈမ်ားကို စြန္႔လြတ္ေၾကာင္း က်မ္းက်ိန္လႊာမူရင္း။

- ေပးကမ္းသည့္ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္း၏ ပိုင္ဆိုင္မႈအေထာက္အထားမူရင္း။

(ဂရန္မူရင္း သို႔မဟုတ္ ေျမပိုင္ေျမျဖစ္က ပိုင္ဆိုင္မႈစာခ်ဳပ္မူရင္း)

စသည့္စာရြက္စာတမ္းမ်ားျဖင့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးတြင္ မွတ္ပံုတင္ခေပးသြင္း၍ မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။

ထိုသို႔ ေမတၱာျဖင့္ေပးကမ္းျခင္းမွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးပါက ေပးကမ္းသည့္ပစၥည္း၏ ပိုင္ဆိုင္မႈစာရြက္စာတမ္းျဖစ္သည့္ ေျမငွားစာခ်ဳပ္ဂရန္တြင္ လက္ခံသူအမည္သို႔ အမည္ေျပာင္းရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျုပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတြင္ ေလွ်ာက္ထား ရမွာျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service