Local Property News | Posted by Shwe Zin Win
### Unicode Version ###
အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့၏ အကြီးဆုံးလူကူးခုံးကျော်တံတား ဖြစ်သည့် နာနတ်တော - ဘုရင့်နောင်လေးလမ်းဆုံ လူကူးခုံးကျော်တံတားဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပခဲ့သည်။ ရန်ကုန်မြို့၏ အကြီးဆုံးနာနတ်တော - ဘုရင့်နောင် လေးလမ်းဆုံလူကူးခုံးကျော်တံတားကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီလတွင် တံတားတည်ဆောက်မှု ပြီးစီးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ ယင်းတံတားအရှည်မှာ (၅၂၆) ပေရှိကာ ကင်းလွှတ်အမြင့် ပေ ၁၈ ပေ၊ လူသွားလမ်းအကျယ် ၉ ပေ ၄ လက်မ ၊တံတားကြမ်းခင်းအကျယ် ၁၁ ပေတို့ဖြင့် တည်ဆောက်ထားပြီး လှေကား ၄ စင်း၊စက်လှေကား ၃ စင်းတို့ ပါဝင်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ရန်ကုန်မြို့၏ အကြီးဆုံး လေးလမ်းဆုံ လူကူးခုံးကျော်တံတားဖွင့်လှစ်