မလှည့်ကောင်းသည့်အရပ်မျက်နှာ - Property Knowledge in Myanmar from iMyanmarHouse.com
15492 Views

မလှည့်ကောင်းသည့်အရပ်မျက်နှာ

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###
















တနင်္လာသားသမီးများ


အင်္ဂါသားသမီးများ


ဗုဒ္ဓဟူးသားသမီးများ


ကြာသပတေးသားသမီးများ


သောကြာသားသမီးများ


စနေသားသမီးများ


ရာဟုသားသမီးများ




 

### Unicode Version ###

မိမိတို့နေသည့် တဲ၊ အိမ်၊ တိုက်၊ အခန်း စသည်တို့သည် မည်သည့် အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသနည်းဟု သတိပြုကြည့်ပါလေ။

အောက်ဖော်ပြသည့်အတိုင်း (အိမ်ထောင်ဦး စီး၏နေ့သားအလိုက်) ဘုမ္မိဆိုသော အရပ်မျက်နှာဘက်သို့ မျက်နှာစာပြုထားသော အိမ်များအတွက် မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာသမျှ စီးပွား မွဲသွားတတ်ပါသည်။ အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။

ရှောင်ကြဉ်သင့်သော ဘုမ္မိအရပ်မျက်နှာများ

တနင်္ဂနွေသားသမီး – တောင်စူးစူး

တနင်္လာသားသမီး – အနောက်တောင်စူးစူး

အင်္ဂါသားသမီး – အနောက်စူးစူး

ဗုဒ္ဓဟူးသားသမီး – အနောက်မြောက်စူးစူး

ကြာသပတေးသားသမီး – အရှေ့မြောက်စူးစူး

သောကြာသားသမီး – အရှေ့တောင်စူးစူး

စနေသားသမီး – မြောက်စူးစူး

ရာဟုသားသမီး – အရှေ့စူးစူး

စသဖြင့် ဖြစ်ပေသည်။

မျက်နှာစာဆိုသည်မှာ အိမ်၊ တိုက်၊ ကွန်ဒိုတိုက်ခန်း …စသည်တို့၏ မျက်နှာစာ ပြုထားသော အရပ်မျက်နှာကိုဆိုလိုပါသည်။ အိမ်၏ ဝင်ပေါက် ထွက်ပေါက်ကို မဆိုလိုပါ။ အချို့တိုက်များတွင် ဘေးဘက်မှဝင်သည်များ ရှိကြပါသည်။ ကိုယ်ပိုင်အိမ်များတွင်လည်း ဘေးဘက်မှ အဝင်အထွက်လုပ်သည်များ ရှိပါသည်။ ယခု မျက်နှာစာအရပ်ဆိုသည်မှာ မျက်နှာပြုထား သောအရပ်ကိုသာ ဆိုလိုပါသည်။

အကယ်၍ မိမိသောနေသောအိမ်သည် မိမိ တို့အိမ်ထောင်ဦးစီး၏ နေ့နံအရ ဘုမ္မိအရပ်မျက်နှာ ဘက်သို့ တည့်တည့်ကြီး ကျရောက်နေသည်ဆိုပါလျှင် အောက်ပါအတိုင်း ကုစားကြရန်ဖြစ်ပါတော့၏။

တနင်္ဂနွေသားသမီးများ

အိမ်ရှေ့တွင် သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ဝါးပင်စိုက်ပါ။

တနင်္လာသားသမီးများ

အိမ်ရှေ့တွင် အုန်းပင်စိုက်ပါ။ အိမ်နောက် တွင် ခံတက်ပင်စိုက်ပါ။

အင်္ဂါသားသမီးများ

အိမ်ရှေ့တွင် သပြေပင်စိုက်ပါ။ အိမ်နောက် တွင် ပျဉ်းမပင်စိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများ

အိမ်ရှေ့တွင် ဆီးပင်စိုက်ပါ။ အိမ်နောက်တွင် ရဲယိုပင်စိုက်ပါ။

ကြာသပတေးသားသမီးများ

အိမ်ရှေ့တွင် ပိတောက်ပင်စိုက်ပါ။ အိမ် နောက်တွင် အုန်းပင်စိုက်ပါ။

သောကြာသားသမီးများ

အိမ်ရှေ့တွင် ရဲယိုပင်စိုက်ပါ။ အိမ်နောက်တွင် ဆီးပင်စိုက်ပါ။

စနေသားသမီးများ

အိမ်ရှေ့တွင် ဝါးပင်စိုက်ပါ။ အိမ်နောက်တွင် သီဟိုဠ်ပင်စိုက်ပါ။

ရာဟုသားသမီးများ

အိမ်ရှေ့တွင် ပိန်းပင်စိုက်ပါ။ အိမ်နောက် တွင် ကံ့ကော်ပင်စိုက်ပါ။

အကယ်၍ မိမိတို့၏နေအိမ်များသည် ခေတ် ကာလအခြေအနေအရ ထိုသို့ အပင်စိုက်စရာ မြေကြီးနေရာ မရှိပါမူ မိမိတို့အိမ်၏ ရှေ့ဘက်၊ နောက်ဘက်များတွင် သက်ဆိုင်ရာအပင်များ၏ ဓာတ်ပုံ၊ ပန်းချီကား စသည်တို့အား ချိတ်ဆွဲထားနိုင်ကြောင်း ပါခင်ဗျား …......

Credit: Manawmayajournal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service