မိသားစုဝင်ငွေသတ်မှတ်ချက်မပြည့်မီသူများ၊ အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို (၁၄ပေx ၂၅ပေ) အရွယ်အစားဖြင့် Community - Led Housing နည်းစနစ်အရဆောက်လုပ်နေရာချထားပေးသွားရန် အစီအမံများချမှတ်ထား - Property News in Myanmar from iMyanmarHouse.com
1015 Views


### Zawgyi Version ###






 

### Unicode Version ###

မိသားစုဝင်ငွေသတ်မှတ်ချက်မပြည့်မီသူများ၊အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို (၁၄ပေx ၂၅ ပေ) အရွယ်အစားဖြင့် Community - Led Housing နည်းစနစ်အရဆောက်လုပ်နေရာ ချထားပေးသွားရန် အစီအမံများချမှတ်ထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဒဂုံ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ အမေးမြန်းထားမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ရာများအား ပြန်လည် နေရာချထားနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ နောက်ဆုံးမည်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ဆောက်လုပ်ရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာကျပ် (၆၆) သိန်းမှ ကျပ်(၁၄၅) သိန်းအတွင်း တန်ဖိုးရှိသောတိုက်ခန်းများဝယ်ယူရန် မိသားစုဝင်ငွေသတ်မှတ်ချက်မပြည့်မီသူများ၊ အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို (၁၄ပေ x ၂၅ပေ) အရွယ်အစားဖြင့် Community - Led Housing နည်းစနစ်အရဆောက်လုပ်နေရာ ချထားပေးသွားရန် အစီအမံများချမှတ်ထားပါ ကြောင်း၊ပထမဦးစွာရွှေပြည်သာမြို့နယ်၊သံဒင်း (၄၈) ရပ်ကွက်တွင် Community - Led Housing ပထမအသုတ်(၂၆၄)လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)နှင့်ရွှေပေါက် ကံ တို့တွင် အိမ်ရာယူနစ်(၁၀၀၀၀)စီ၊ စုစုပေါင်းအိမ်ရာယူနစ်(၆၀၀၀၀)အထိဆောင်ရွက်သွားနိုင်ရန် စီမံကိန်းရေးဆွဲထားခြင်းဖြစ်ပါ ကြောင်း၊ အဆိုပါ ကျပ်သိန်း(၃၀)တန်အိမ်များကို Microfinance ချေးငွေဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အစိုးရကမြေနေရာပေးပြီး အစိုးရမြေအဖြစ်သာဆက်လက် သတ်မှတ်ထားပြီး နေထိုင်မည့်သူများက Microfinance အစီအစဉ်ဖြင့် ချေးငွေရယူပြီး ဆောက်လုပ်၍ နေထိုင်ခြင်းဖြစ်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service