သန႔္ရွင္းေရးပုံမွန္မလုပ္ရင္ က်န္းမာေရးကို ထိခိုက္လာေစတဲ့ အိမ္သုံးပစၥည္းမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
8787 Views

သန႔္ရွင္းေရးပုံမွန္မလုပ္ရင္ က်န္းမာေရးကို ထိခိုက္လာေစတဲ့ အိမ္သုံးပစၥည္းမ်ား

Knowledge | Posted by Zarni Kyaw

### Zawgyi Version ###

လူေတြကို ေနမေကာင္းျဖစ္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ၊ ရာသီဥတုအေျပာင္းအလဲ၊ အစားအေသာက္နဲ႔ ေရာဂါပိုးမႊားေတြေၾကာင့္လို႔သိၾကေပမယ့္ အိမ္ထဲမွာလည္း ကိုယ္တိုင္သတိမထားမိတဲ့ အရာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။

ပုံမွန္သန႔္ရွင္းေရးမလုပ္မိတဲ့အခါ သင့္က်န္းမာေရးထိခိုက္ေစတဲ့ အိမ္သုံးပစၥည္းေတြအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

အိပ္ရာခင္း

တေနကုန္ပန္းႏြမ္းနယ္မႈေတြ ေျပေပ်ာက္ေအာင္ ညတိုင္းအိပ္စက္ၾကေပမယ့္ အိပ္ရာခင္းေတြကိုေတာ့ ပုံမွန္လဲ ေပးဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အိပ္ရာခင္းေတြေပၚမွာ ခႏၶာကိုယ္ေပၚက ဆဲလ္ေသအေရအတြက္ တပတ္ ကို တေအာင္စခြဲေလာက္ ရွိေနတတ္ပါတယ္။ ဆဲလ္အေသေတြက မ်က္စိနဲ႔မျမင္နိုင္တဲ့ ပိုးမႊားေတြရဲ့အစာျဖစ္ လာၿပီး ေပါက္ဖြားလာတာပါ။ ဒီပိုးမႊားေတြေၾကာင့္ အေရျပားဓာတ္မတည့္တာ၊ နီရဲယားယံတာေတြ ျဖစ္နိုင္ ပါတယ္။

ေလစုပ္စက္

ေလစုပ္စက္ဆိုတာ အိမ္ထဲက အမွိုက္ေတြကို သန႔္စင္ေပးတာဆိုေပမယ့္လည္း သူ႔ေၾကာင့္ နာမက်န္းျဖစ္ေစနိုင္ တဲ့အေၾကာင္းရင္းေတြရွိပါတယ္။ က်န္းမာေရးစာေစာင္ေတြမွာ ေဖာ္ျပခ်က္အရ ေလစုပ္စက္ေတြဟာ ေလထဲကို အမႈန္ေတြနဲ႔ ဘတ္တီးရီးယားပိုးမႊားေတြ ျပန္ထုတ္လႊတ္ပါတယ္။

ဒါေၾကာင့္လည္း ဓာတ္မတည့္တာမ်ိဳး၊ ႏွာေစး ေခ်ာင္းဆိုးတာမ်ိဳး ျဖစ္ေစတာပါ။ ေလစုပ္စက္အသစ္ေတြထက္ အေဟာင္းေတြမွာ ေလစစ္မေကာင္းေတာ့တဲ့ အခါ လူကိုဒုကၡေပးတဲ့ပိုးမႊားေတြ ပိုထြက္ေစသလို အိမ္အနီးအနားဝန္းက်င္မွာ စက္႐ုံ၊ အလုပ္႐ုံေတြရွိတာ၊ ေလ ထုညစ္ညမ္းတာမ်ိဳးရွိရင္ ပိုဆိုးပါတယ္။

တိရစၧာန္အေမႊး

မ်ားေသာအားျဖင့္ တိရိစၧာန္ခ်စ္သူေတြဟာ သူတို႔ရဲ့အေကာင္ေလးေတြကို အိမ္ေပၚမွာ သူတို႔နဲ႔တူတူလက္ပြန္းတ တီးထားတတ္ၾကပါတယ္။ တခ်ိဳ႕ဆို အိပ္ရာတူတူအိပ္တာမ်ိဳးေတြေတာင္ ရွိပါတယ္။ သူတို႔ေလးေတြကို သန႔္ရွင္း ေအာင္ထားေပမယ့္ အေမႊးေတြေၾကာင့္ ဓာတ္မတည့္သူေတြမွာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ ျဖစ္နိုင္ပါတယ္။ အေမရိကန္အဆုတ္အဖြဲ႕အစည္းႀကီးရဲ့ ထုတ္ျပန္ခ်က္အရ အိမ္ေမႊးတိရစၧာန္ေတြရဲ့ အေမႊးေတြ ကို ပရိေဘာဂ၊ အကၤ်ီေတြနဲ႔ ေကာေဇာေတြမွာ ပိုကပ္ၿငိတတ္ၾကတာမို႔ သန႔္ရွင္းေရးလုပ္တဲ့အခါ ဒီေနရာေတြကို အဓိကထားလုပ္ၾကဖို႔ တိုက္တြန္းထားပါတယ္။

အိမ္သန႔္ရွင္းေရးပစၥည္း

အိမ္သန႔္ရွင္းေရးလုပ္တဲ့ေဆးရည္ေတာ္ေတာ္မ်ားမ်ားမွာ က်န္းမာေရးကို ထိခိုက္ေစတဲ့ ဓာတုပစၥည္းေတြပါဝင္လို႔ သတိျပဳသုံးစြဲသင့္ပါတယ္။ တခ်ိဳ႕အစြန္းခၽြတ္ေဆးေတြမွာဆိုရင္ ကင္ဆာျဖစ္ေစနိုင္တဲ့ Carcinogens ပါဝင္လို႔ ဒီလိုဓာတုပစၥည္းေတြအစား သဘာဝပစၥည္းေတြျဖစ္တဲ့ သံပုရာ၊ ဟင္းခ်က္ဆီ၊ ရွာလကာရည္နဲ႔ မုန႔္ဖုတ္ေဆာ္ဒါ ေတြကို အစားထိုးသုံးစြဲၾကည့္သင့္ပါတယ္။

မိႈ

အိမ္ထဲက အလင္းေရာင္အားနည္းၿပီး ေရေငြ႕ျပန္တတ္တဲ့ေနရာေတြမွာ မွိုေတြေပါက္ဖြားတတ္ပါတယ္။ အထူးသျဖင့္ တံခါးေဘာင္ေဘးၾကား၊ ေရခ်ိဳခန္းနဲ႔ စတိုခန္းေတြဟာ ေပါက္ဖြားလြယ္တဲ့ေနရာေတြပါ။ မျမင္ရတဲ့မွိုအဆိပ္ ေတြေၾကာင့္ မၾကာခဏ ႏွာေစးတာ၊ ေခါင္းကိုက္ျခင္းနဲ႔ တျခား အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ ျဖစ္ ပြားေစပါတယ္။ ဒါေၾကာင့္ မွိုေပါက္ဖြားလြယ္တဲ့ အတြင္းပိုင္းေနရာေတြကို ဆပ္ျပာမႈန႔္နဲ႔ေသခ်ာသန႔္စင္ေပးဖို႔လို ပါတယ္။

ေျခသုတ္ခုံ

ေနာက္ထပ္က်န္းမာေရးထိခိုက္ေစတဲ့ အိမ္သုံးပစၥည္းက ေျခသုတ္ခုံပါ။ ေျခသုတ္ခုံေတြကို တံခါးေပါက္ဝ၊ မီဖိုးေခ်ာင္နဲ႔ ေရခ်ိဳးခန္းေရွ႕ေတြမွာထားတတ္ၾကေပမယ့္ ပုံမွန္သန႔္စင္ေပးဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အထူးသျဖင့္ ေရခ်ိဳးခန႔္ေရွခမွာ ေရေတြ၊ ဖုန္မႈန႔္ေတြေၾကာင့္ မွိုေတြေပါက္ဖြားလာၿပီး လူကိုဒုကၡေပးနိုင္လို႔ မၾကာခဏ ေရေႏြးပူနဲ႔ တိုက္ခၽြတ္ေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။

 

Credit: burma.irrawaddy

 

 ### Unicode Version ###

လူတွေကို နေမကောင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုအပြောင်းအလဲ၊ အစားအသောက်နဲ့ ရောဂါပိုးမွှားတွေကြောင့်လို့သိကြပေမယ့် အိမ်ထဲမှာလည်း ကိုယ်တိုင်သတိမထားမိတဲ့ အရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ပုံမှန်သန့်ရှင်းရေးမလုပ်မိတဲ့အခါ သင့်ကျန်းမာရေးထိခိုက်စေတဲ့ အိမ်သုံးပစ္စည်းတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရာခင်း

တနေကုန်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်အောင် ညတိုင်းအိပ်စက်ကြပေမယ့် အိပ်ရာခင်းတွေကိုတော့ ပုံမှန်လဲ ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အိပ်ရာခင်းတွေပေါ်မှာ ခန္ဓာကိုယ်ပေါ်က ဆဲလ်သေအရေအတွက် တပတ် ကို တအောင်စခွဲလောက် ရှိနေတတ်ပါတယ်။ ဆဲလ်အသေတွေက မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေရဲ့အစာဖြစ် လာပြီး ပေါက်ဖွားလာတာပါ။ ဒီပိုးမွှားတွေကြောင့် အရေပြားဓာတ်မတည့်တာ၊ နီရဲယားယံတာတွေ ဖြစ်နိုင် ပါတယ်။

လေစုပ်စက်

လေစုပ်စက်ဆိုတာ အိမ်ထဲက အမှိုက်တွေကို သန့်စင်ပေးတာဆိုပေမယ့်လည်း သူ့ကြောင့် နာမကျန်းဖြစ်စေနိုင် တဲ့အကြောင်းရင်းတွေရှိပါတယ်။ ကျန်းမာရေးစာစောင်တွေမှာ ဖော်ပြချက်အရ လေစုပ်စက်တွေဟာ လေထဲကို အမှုန်တွေနဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ပြန်ထုတ်လွှတ်ပါတယ်။

ဒါကြောင့်လည်း ဓာတ်မတည့်တာမျိုး၊ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်စေတာပါ။ လေစုပ်စက်အသစ်တွေထက် အဟောင်းတွေမှာ လေစစ်မကောင်းတော့တဲ့ အခါ လူကိုဒုက္ခပေးတဲ့ပိုးမွှားတွေ ပိုထွက်စေသလို အိမ်အနီးအနားဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံတွေရှိတာ၊ လေ ထုညစ်ညမ်းတာမျိုးရှိရင် ပိုဆိုးပါတယ်။

တိရစ္ဆာန်အမွှေး

များသောအားဖြင့် တရိစ္ဆာန်ချစ်သူတွေဟာ သူတို့ရဲ့အကောင်လေးတွေကို အိမ်ပေါ်မှာ သူတို့နဲ့တူတူလက်ပွန်းတ တီးထားတတ်ကြပါတယ်။ တချို့ဆို အိပ်ရာတူတူအိပ်တာမျိုးတွေတောင် ရှိပါတယ်။ သူတို့လေးတွေကို သန့်ရှင်း အောင်ထားပေမယ့် အမွှေးတွေကြောင့် ဓာတ်မတည့်သူတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန်အဆုတ်အဖွဲ့အစည်းကြီးရဲ့ ထုတ်ပြန်ချက်အရ အိမ်မွှေးတိရစ္ဆာန်တွေရဲ့ အမွှေးတွေ ကို ပရိဘောဂ၊ အင်္ကျီတွေနဲ့ ကောဇောတွေမှာ ပိုကပ်ငြိတတ်ကြတာမို့ သန့်ရှင်းရေးလုပ်တဲ့အခါ ဒီနေရာတွေကို အဓိကထားလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

အိမ်သန့်ရှင်းရေးပစ္စည်း

အိမ်သန့်ရှင်းရေးလုပ်တဲ့ဆေးရည်တော်တော်များများမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ တချို့အစွန်းချွတ်ဆေးတွေမှာဆိုရင် ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogens ပါဝင်လို့ ဒီလိုဓာတုပစ္စည်းတွေအစား သဘာဝပစ္စည်းတွေဖြစ်တဲ့ သံပုရာ၊ ဟင်းချက်ဆီ၊ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကို အစားထိုးသုံးစွဲကြည့်သင့်ပါတယ်။

မှို

အိမ်ထဲက အလင်းရောင်အားနည်းပြီး ရေငွေ့ပြန်တတ်တဲ့နေရာတွေမှာ မှိုတွေပေါက်ဖွားတတ်ပါတယ်။ အထူးသဖြင့် တံခါးဘောင်ဘေးကြား၊ ရေချိုခန်းနဲ့ စတိုခန်းတွေဟာ ပေါက်ဖွားလွယ်တဲ့နေရာတွေပါ။ မမြင်ရတဲ့မှိုအဆိပ် တွေကြောင့် မကြာခဏ နှာစေးတာ၊ ခေါင်းကိုက်ခြင်းနဲ့ တခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ် ပွားစေပါတယ်။ ဒါကြောင့် မှိုပေါက်ဖွားလွယ်တဲ့ အတွင်းပိုင်းနေရာတွေကို ဆပ်ပြာမှုန့်နဲ့သေချာသန့်စင်ပေးဖို့လို ပါတယ်။

ခြေသုတ်ခုံ

နောက်ထပ်ကျန်းမာရေးထိခိုက်စေတဲ့ အိမ်သုံးပစ္စည်းက ခြေသုတ်ခုံပါ။ ခြေသုတ်ခုံတွေကို တံခါးပေါက်ဝ၊ မီဖိုးချောင်နဲ့ ရေချိုးခန်းရှေ့တွေမှာထားတတ်ကြပေမယ့် ပုံမှန်သန့်စင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အထူးသဖြင့် ရေချိုးခန့်ရှေ့ ခြေသုတ်ခုံမှာ ရေတွေ၊ ဖုန်မှုန့်တွေကြောင့် မှိုတွေပေါက်ဖွားလာပြီး လူကိုဒုက္ခပေးနိုင်လို့ မကြာခဏ ရေနွေးပူနဲ့ တိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

 

Credit: burma.irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service