ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ သီလဝါအထူးစီးပြားေရးဇုန္ အမ်ားပိုင္ကုမၸဏီ (MTSH) က ရွယ္ယာအမ်ားဆုံးေရာင္းရသည့္ ကုမၸဏီအျဖစ္ ၃ ႏွစ္ဆက္တိုက္ရပ္တည္ - Property News in Myanmar from iMyanmarHouse.com
846 Views

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ သီလဝါအထူးစီးပြားေရးဇုန္ အမ်ားပိုင္ကုမၸဏီ (MTSH) က ရွယ္ယာအမ်ားဆုံးေရာင္းရသည့္ ကုမၸဏီအျဖစ္ ၃ ႏွစ္ဆက္တိုက္ရပ္တည္

### Zawgyi Version ###

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ သီလဝါအထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီသည္ သုံးႏွစ္ဆက္တိုက္ရွယ္ယာအမ်ားဆုံး အေရာင္းအဝယ္ျဖစ္သည့္ ကုမၸဏီျဖစ္သည္ဟု ရန္ကုန္စေတာ့အိတ္ကထုတ္ျပန္ေသာစာရင္းမ်ားတြင္ေဖာ္ျပထားသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း ၌ အမ်ားပိုင္ကုမၸဏီအားလုံး၏ ရွယ္ယာစုစုေပါင္းသည္ ၂၀၁၉ တြင္ ရွယ္ယာက်ပ္ ၁၄ ဘီလီယံ ခြဲ၊ ၂၀၁၈ တြင္ ၁၄ ဘီလီယံ၊ ၂၀၁၇ တြင္ က်ပ္ ၂၉ ဘီလီယံႏွင့္ ၂၀၁၆ တြင္ က်ပ္ ၇၂ ဘီလီယံအေရာင္းအဝယ္ျဖစ္ခဲ့သည္ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းက ထုတ္ ျပန္ထားသည္။

MTSH သည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ သုံးႏွစ္ဆက္တိုက္ ရွယ္ယာအေရာင္းအဝယ္အမ်ားဆုံးကုမၸဏီျဖစ္ၿပီး ၂၀၁၇ တြင္ ရွယ္ယာေပါင္း ႏွစ္သန္းခြဲ၊ ၂၀၁၈ တြင္ ၂ ဒသမ ၃သန္းႏွင့္ ၂၀၁၉ တြင္ ၂ ဒသမ ၃ သန္းအေရာင္းအဝယ္ျဖစ္ခဲ့သည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း တြင္ သုံးႏွစ္ဆက္တိုက္ဒုတိယရွယ္ယာအမ်ားဆုံးေရာင္းဝယ္ခဲ့သည့္ကုမၸဏီသည္ FMI ျဖစ္ သည္။ ၂၀၁၆ တြင္ FMI ကုမၸဏီက ရွယ္ယာအမ်ားဆုံးအေရာင္းအဝယ္ျဖစ္ခဲ့သည္။

၂၀၁၉ တစ္ႏွစ္လုံးတြင္ အမ်ားပိုင္ ကုမၸဏီငါးခုသည္ စုစုေပါင္း ရွယ္ယာေလးသန္းခန႔္ အေရာင္းအဝယ္ ျဖစ္ခဲ့သည့္အနက္ သီလဝါအထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီ (MTSH) သည္ ရွယ္ယာ ၂ ဒသမ ၃ သန္းေက်ာ္ အေရာင္းအဝယ္ျဖစ္ခဲ့သည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းကို ၂၀၁၅ ဒီဇင္ဘာတြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၆ မတ္လတြင္ FMI ကုမၸဏီက ပထမဦးဆုံးစာရင္းဝင္ အမ်ားပိုင္ကုမၸဏီျဖစ္လာသည္။ ထို႔ေနာက္ MTSH ႏွင့္ ျမန္မာႏိုင္ငံ သားမ်ားဘဏ္ (MCB)တို႔ ဆက္လက္၍ အမ်ားပိုင္ကုမၸဏီအျဖစ္ စာရင္းဝင္ခဲ့သည္။ လက္ရွိတြင္ အမ်ားပိုင္ကုမၸဏီ ငါးခုစာရင္းဝင္ထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်စတော့အိတ်ချိန်းတွင် သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီသည် သုံးနှစ်ဆက်တိုက်ရှယ်ယာအများဆုံး အရောင်းအဝယ်ဖြစ်သည့် ကုမ္ပဏီဖြစ်သည်ဟု ရန်ကုန်စတော့အိတ်ကထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်း ၌ အများပိုင်ကုမ္ပဏီအားလုံး၏ ရှယ်ယာစုစုပေါင်းသည် ၂၀၁၉ တွင် ရှယ်ယာကျပ် ၁၄ ဘီလီယံ ခွဲ၊ ၂၀၁၈ တွင် ၁၄ ဘီလီယံ၊ ၂၀၁၇ တွင် ကျပ် ၂၉ ဘီလီယံနှင့် ၂၀၁၆ တွင် ကျပ် ၇၂ ဘီလီယံအရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ် ပြန်ထားသည်။

MTSH သည် ရန်ကုန်စတော့အိတ်ချိန်းတွင် သုံးနှစ်ဆက်တိုက် ရှယ်ယာအရောင်းအဝယ်အများ ဆုံးကုမ္ပဏီဖြစ်ပြီး ၂၀၁၇ တွင် ရှယ်ယာပေါင်း နှစ်သန်းခွဲ၊ ၂၀၁၈ တွင် ၂ ဒသမ ၃သန်းနှင့် ၂၀၁၉ တွင် ၂ ဒသမ ၃ သန်းအရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် သုံးနှစ်ဆက်တိုက်ဒုတိယရှယ်ယာအများဆုံးရောင်းဝယ်ခဲ့သည့်ကုမ္ပဏီသည် FMI ဖြစ် သည်။ ၂၀၁၆ တွင် FMI ကုမ္ပဏီက ရှယ်ယာအများဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်။

၂၀၁၉ တစ်နှစ်လုံးတွင် အများပိုင် ကုမ္ပဏီငါးခုသည် စုစုပေါင်း ရှယ်ယာလေးသန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့သည့်အနက် သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) သည် ရှယ်ယာ ၂ ဒသမ ၃ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ မတ်လတွင် FMI ကုမ္ပဏီက ပထမဦးဆုံးစာရင်းဝင် အများပိုင်ကုမ္ပဏီဖြစ်လာသည်။ ထို့နောက် MTSH နှင့် မြန်မာနိုင်ငံ သားများဘဏ် (MCB)တို့ ဆက်လက်၍ အများပိုင်ကုမ္ပဏီအဖြစ် စာရင်းဝင်ခဲ့သည်။ လက်ရှိတွင် အများပိုင်ကုမ္ပဏီ ငါးခုစာရင်းဝင်ထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service