ေမ့ေမတၱာ အိမ္ရာစီမံကိန္းၿပီးစီးေတာ့မည္ျဖစ္ရာ စမတ္ကတ္ရရွိထားသူမ်ား ဧၿပီလအတြင္းေနထိုင္ခြင့္ရရန္လ်ာထား - Property News in Myanmar from iMyanmarHouse.com
9114 Views

ေမ့ေမတၱာ အိမ္ရာစီမံကိန္းၿပီးစီးေတာ့မည္ျဖစ္ရာ စမတ္ကတ္ရရွိထားသူမ်ား ဧၿပီလအတြင္းေနထိုင္ခြင့္ရရန္လ်ာထား

### Zawgyi Version ###

ေမ့ေမတၱာအိမ္ရာစီမံကိန္းၿပီးစီးေတာ့မည္ျဖစ္ရာ စမတ္ကတ္ရရွိထားေသာအိုးအိမ္မဲ့မ်ားအား ဧၿပီလအတြင္းေနထိုင္ခြင့္ရရန္လ်ာထားေၾကာင္း ပ်ိဳေမ့အိမ္မွသိရသည္။

အဆိုပါအိမ္ရာမွာ (ဒဂုံအေရွ႕ပိုင္း)ႏွင့္ ဒဂုံ(ေတာင္ပိုင္း) ၿမိဳ႕နယ္တို႔၌ စမတ္ကတ္ရရွိထားသည့္ အိမ္ရာမဲ့မ်ားအတြက္ ေဆာက္လုပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းအစိုးရႏွင့္ပ်ိဳေမ့အိမ္ လူမႈဖြံ႔ၿဖိဳးတိုးတက္ေရးအသင္း(အင္းစိန္) တို႔ပူးေပါင္းၿပီး အိမ္ရာမဲ့မ်ားအတြက္ ေနအိမ္မ်ားေဆာက္လုပ္ေနျခင္းျဖစ္ၿပီး ထိုထဲမွ ေမ့ေမတၱာအိမ္ရာစီမံကိန္းမွာ တစ္ခုျဖစ္ေၾကာင္းသိရသည္။

အဆိုပါ စီမံကိန္းအတြက္ ဒဂုံ(အေရွ႕ပိုင္း) ၿမိဳ႕နယ္၌ ေနအိမ္ ၂၉၈ လုံး၊ဒဂုံ(ေတာင္ပိုင္း) ၿမိဳ႕နယ္၌ ေနအိမ္ ၁၅၀ လုံး ေဆာက္လုပ္ခဲ့ေၾကာင္း သိရသည္။အဆိုပါအိမ္ရာမ်ားတြင္ ေနထိုင္ႏိုင္မည့္သူမ်ားကို လြန္ခဲ့သည့္ ေျခာက္လခန္႔က စစ္တမ္းေကာက္ယူမႈမ်ားလုပ္ခဲ့ေၾကာင္း သိရ သည္။

ေနထိုင္မည့္သူမ်ားအား ၂၂ ေပ× ၃၅ ေပေျမေပၚတြင္ ၁၈ ေပ ×၂၅ ေပ လုံးခ်င္းအိမ္မ်ားတည္ေဆာက္ေပးမည္ျဖစ္သည္။အရစ္က်စနစ္ ျဖင့္ ေငြေပးသြင္းရမည္ျဖစ္ရာ က်ပ္သိန္း ၃၀ တန္ဖိုးရွိ အိမ္ေဆာက္မည့္သူမ်ားအေနျဖင့္ တစ္လ ၇၅၉၀၀ က်ပ္ ႏွင့္ က်ပ္၂၅ သိန္းတန္ဖိုးရွိ အိမ္ ေဆာက္မည့္သူမ်ားမွာ တစ္လ ၆၄၈၅၀ က်ပ္ လစဥ္ ေျခာက္ႏွစ္ ေပးသြင္းရမည္ျဖစ္ေၾကာင္းသိရသည္။

ကိုယ္တိုင္ေနထိုင္ရမည္ျဖစ္ၿပီး အငွားခ်ထားျခင္း၊ေပါင္ႏွံေရာင္းခ်ျခင္းကို ခြင့္မျပဳေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မေ့မေတ္တာအိမ်ရာစီမံကိန်းပြီးစီးတော့မည်ဖြစ်ရာ စမတ်ကတ်ရရှိထားသောအိုးအိမ်မဲ့များအား ဧပြီလအတွင်းနေထိုင်ခွင့်ရရန်လျာထားကြောင်း ပျိုမေ့အိမ်မှသိရသည်။

အဆိုပါအိမ်ရာမှာ (ဒဂုံအရှေ့ပိုင်း)နှင့် ဒဂုံ(တောင်ပိုင်း) မြို့နယ်တို့၌ စမတ်ကတ်ရရှိထားသည့် အိမ်ရာမဲ့များအတွက် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရနှင့်ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(အင်းစိန်) တို့ပူးပေါင်းပြီး အိမ်ရာမဲ့များအတွက် နေအိမ်များဆောက်လုပ်နေခြင်းဖြစ်ပြီး ထိုထဲမှ မေ့မေတ္တာအိမ်ရာစီမံကိန်းမှာ တစ်ခုဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်းအတွက် ဒဂုံ(အရှေ့ပိုင်း) မြို့နယ်၌ နေအိမ် ၂၉၈ လုံး၊ဒဂုံ(တောင်ပိုင်း) မြို့နယ်၌ နေအိမ် ၁၅၀ လုံး ဆောက်လုပ်ခဲ့ကြောင်း သိရသည်။အဆိုပါအိမ်ရာများတွင် နေထိုင်နိုင်မည့်သူများကို လွန်ခဲ့သည့် ခြောက်လခန့်က စစ်တမ်းကောက်ယူမှုများလုပ်ခဲ့ကြောင်း သိရ သည်။

နေထိုင်မည့်သူများအား ၂၂ ပေ× ၃၅ ပေမြေပေါ်တွင် ၁၈ ပေ ×၂၅ ပေ လုံးချင်းအိမ်များတည်ဆောက်ပေးမည်ဖြစ်သည်။အရစ်ကျစနစ် ဖြင့် ငွေပေးသွင်းရမည်ဖြစ်ရာ ကျပ်သိန်း ၃၀ တန်ဖိုးရှိ အိမ်ဆောက်မည့်သူများအနေဖြင့် တစ်လ ၇၅၉၀၀ ကျပ် နှင့် ကျပ်၂၅ သိန်းတန်ဖိုးရှိ အိမ် ဆောက်မည့်သူများမှာ တစ်လ ၆၄၈၅၀ ကျပ် လစဉ် ခြောက်နှစ် ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်း၊ပေါင်နှံရောင်းချခြင်းကို ခွင့်မပြုကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service