ရန္ကုန္မိုးပ်ံ အျမန္ကားလမ္းကို ယခုႏွစ္ ဇူလိုင္လတြင္ စတင္ေဆာက္လုပ္မည္ - Property News in Myanmar from iMyanmarHouse.com
4479 Views

ရန္ကုန္မိုးပ်ံ အျမန္ကားလမ္းကို ယခုႏွစ္ ဇူလိုင္လတြင္ စတင္ေဆာက္လုပ္မည္

### Zawgyi Version ###

အထက္ပုဇြန္ေတာင္လမ္းမွ စတင္မည့္ ရန္ကုန္မိုးပ်ံအျမန္ကားလမ္းကို ယခုႏွစ္ဇူလိုင္တြင္စတင္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ရန္ကုန္တိုင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အသိေပးခဲ့သည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးၾကည္ေဇာ္ျမင့္က အရည္အခ်င္းစစ္ ေအာင္ျမင္ထားသည့္ လုပ္ငန္းစု ၁၀ ခုထဲမွ လုပ္ကိုင္ခြင့္ရ လုပ္ငန္းစုတစ္ခုကိုလာမည့္ ဧၿပီလတြင္ ထုတ္ၿပီးေနာက္ ထိုကုမၸဏီသည္ ဇူလႈိင္လတြင္ ေျမျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရမည္ဟု ဆိုသည္။

ထိုလုပ္ငန္းစဥ္အတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက လမ္းအပိုင္းျဖတ္သန္းသြားမည္ ၿမိဳ႕နယ္ ၈ ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ရွင္းျပခဲ့ျခင္းျဖစ္သည္။

အဆိုပါမိုးပ်ံ အျမန္လမ္းအပိုင္း(၁)သည္ အထက္ပုဇြန္ေတာင္လမ္းမွ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္း၊ ခေရပင္လမ္းတို႔ကို ျဖတ္သန္း၍ ေအာက္မဂၤလာဒုံလမ္းဆုံအထိျဖစ္သည္။

ရန္ကုန္မိုးပ်ံအျမန္ကားလမ္းတြင္ အပိုင္းႏွစ္ပိုင္းပါဝင္ၿပီး အပိုင္း(၁)ကို ဦးစြာအေကာင္ အထည္ေဖာ္မည္ျဖစ္သည္။ စီမံကိန္းတစ္ခုလုံးသည္ ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင္ေက်ာ္) ရွိၿပီး အေရွ႕ဘက္ျခမ္း အပိုင္း(၁)သည္ ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင္ေက်ာ္) ႏွင့္ အေနာက္ျခမ္းအပိုင္း (၂) သည္ ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင္ေက်ာ္) ရွိသည္။

ထိုစီမံကိန္းအပိုင္း(၁)အဆို ျပဳလႊာကို ႏိုင္ငံတကာမွ နာမည္ေက်ာ္ေဆာက္လုပ္ေရးကုမၸဏီမ်ားပါဝင္ေသာ လုပ္ငန္းစု ၁၂ ခု က တင္သြင္းခဲ့သည္။ ၎တို႔သည္ ျပင္သစ္ VINCI Highways ကုမၸဏီ၊ ကိုရီးယားကုမၸဏီခုနစ္ခု စုေပါင္းထားသည့္ ကိုရီးယားလုပ္ငန္းစု၊ တ႐ုတ္ CCCC ကုမၸဏီ၊ ဂ်ပန္ JFEE ႏွင့္ Marubeni တို႔ ပူးေပါင္းထားသည့္ လုပ္ငန္းစု၊ ထိုင္း Bangkok Expressway ၊ ဂ်ပန္ Sumitomo, IHI ႏွင့္ ျမန္မာေ႐ႊေတာင္ကုမၸဏီတို႔ ပူးေပါင္း သည့္လုပ္ငန္းစု၊ တ႐ုတ္ CRIGCDL လုပ္ငန္းစု၊ တ႐ုတ္ Shang -hai Pengxin ႏွင့္ ျပည္တြင္းမွ လိုင္စင္ရကန္ထ႐ိုက္တာအသင္း ေပါင္းထားသည့္ လုပ္ငန္းစု၊ ဖိလစ္ပိုင္ Metro Pacific Tollways ေကာ္ပိုေရးရွင္း၊ တ႐ုတ္ CGGC ႏွင့္ GGG လုပ္ငန္းစု၊ အီတာလ်ံ- ထိုင္းကုမၸဏီႏွင့္ တ႐ုတ္ကုမၸဏီ ေပါင္းထားသည့္ လုပ္ငန္းစု၊ တ႐ုတ္-ျမန္မာေပါင္းထားသည့္ Denso-CSCEC လုပ္ငန္းစု၊ တ႐ုတ္ Power Construction ေကာ္ပိုေရးရွင္းတို႔ျဖစ္သည္။

လက္ရွိတြင္ ထိုလုပ္ငန္း ၁၂ ခုအနက္ ႏွစ္ခုသည္ ဝန္ႀကီးဌာနသို႔ မဆက္သြယ္ေတာ့၍ စုစုေပါင္းလုပ္ငန္းစု ၁၀ ခုက်န္ရွိေနသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အထက်ပုဇွန်တောင်လမ်းမှ စတင်မည့် ရန်ကုန်မိုးပျံအမြန်ကားလမ်းကို ယခုနှစ်ဇူလိုင်တွင်စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က အရည်အချင်းစစ် အောင်မြင်ထားသည့် လုပ်ငန်းစု ၁၀ ခုထဲမှ လုပ်ကိုင်ခွင့်ရ လုပ်ငန်းစုတစ်ခုကိုလာမည့် ဧပြီလတွင် ထုတ်ပြီးနောက် ထိုကုမ္ပဏီသည် ဇူလှိုင်လတွင် မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရမည်ဟု ဆိုသည်။

ထိုလုပ်ငန်းစဉ်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းအပိုင်းဖြတ်သန်းသွားမည် မြို့နယ် ၈ ခုမှ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းပြခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုးပျံ အမြန်လမ်းအပိုင်း(၁)သည် အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကို ဖြတ်သန်း၍ အောက်မင်္ဂလာဒုံလမ်းဆုံအထိဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်ကားလမ်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း(၁)ကို ဦးစွာအကောင် အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ဘက်ခြမ်း အပိုင်း(၁)သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိသည်။

ထိုစီမံကိန်းအပိုင်း(၁)အဆို ပြုလွှာကို နိုင်ငံတကာမှ နာမည်ကျော်ဆောက်လုပ်ရေးကုမ္ပဏီများပါဝင်သော လုပ်ငန်းစု ၁၂ ခု က တင်သွင်းခဲ့သည်။ ၎င်းတို့သည် ပြင်သစ် VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီခုနစ်ခု စုပေါင်းထားသည့် ကိုရီးယားလုပ်ငန်းစု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူးပေါင်းထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway ၊ ဂျပန် Sumitomo, IHI နှင့် မြန်မာရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်း သည့်လုပ်ငန်းစု၊ တရုတ် CRIGCDL လုပ်ငန်းစု၊ တရုတ် Shang -hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာအသင်း ပေါင်းထားသည့် လုပ်ငန်းစု၊ ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်းစု၊ အီတာလျံ- ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တရုတ်-မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစု၊ တရုတ် Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။

လက်ရှိတွင် ထိုလုပ်ငန်း ၁၂ ခုအနက် နှစ်ခုသည် ဝန်ကြီးဌာနသို့ မဆက်သွယ်တော့၍ စုစုပေါင်းလုပ်ငန်းစု ၁၀ ခုကျန်ရှိနေသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service