ရခိုင္မွာလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မယ့္ လုပ္ငန္းတခ်ိဳ ့ကိုခြင့္ျပဳ - Property News in Myanmar from iMyanmarHouse.com
684 Views

ရခိုင္မွာလွ်ပ္စစ္ဓာတ္အားထုတ္လုပ္မယ့္ လုပ္ငန္းတခ်ိဳ ့ကိုခြင့္ျပဳ

### Zawgyi Version ###

ရခိုင္ျပည္နယ္ ၊ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မယ့္ လုပ္ငန္းေဆာင္ရြက္ႏိုင္ဖို႔ ခြင့္ျပဳေပးခဲ့တယ္လို႔ ရင္းႏွီးျမဳပ္ႏွံမႈနဲ႕ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ခ်ဳပ္ ဦးသန္႔စင္လြင္ကေျပာပါတယ္။

ဒီလုပ္ငန္းကို ေဟာင္ေကာင္အေျခစိုက္ CNTIC VPower KY3 Limited က ရာႏႈန္းျပည့္ရင္းႏွီးျမဳပ္ႏွံသြားမွာျဖစ္တယ္လို႕ ဆိုပါတယ္။

ခြင့္ျပဳေပးလိုက္တဲ့ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္တဲ့ လုပ္ငန္းကေန ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း ၆၅၈.၈ သန္းထုတ္လုပ္ႏိုင္မွာျဖစ္ၿပီး ရာႏႈန္းျပည့္ျပည္တြင္းမွာ အသံုးျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီထဲက ႏွစ္ဆယ္ရာခိုင္ႏႈန္းကိုေတာ့ ရခိုင္ျပည္နယ္အတြက္ ျဖန္႕ျဖဴးေပးသြားမွာျဖစ္ၿပီး က်န္ရွိတဲ့ ရွစ္ဆယ္ရာခိုင္ႏႈန္းကိုေတာ့ မဟာဓာတ္အားလိုင္းကိုျဖန္႕ျဖဴးေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ယခုရက္သတၱပတ္အတြင္းမွာလည္း ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း ၂၁ တစ္ခုကို ခြင့္ျပဳေပးခဲ့ၿပီး ဒါဟာ ရင္းႏွီးျမဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ သန္း ၃၁၀ ေက်ာ္ရွိတယ္လို႕ ဦးသန္႕စင္လြင္ကေျပာပါတယ္။

၂၀၁၉ ႏိုဝင္ဘာလကုန္အထိစာရင္းေတြအရေတာ့ စကၤာပူ၊ တ႐ုတ္၊ ထိုင္း၊ ေဟာင္ေကာင္နဲ႕ ၿဗိတိန္ႏိုင္ငံေတြကအမ်ားဆံုး ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈနဲ႕ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနရဲ႕ စာရင္းေတြအရ ၂၀၁၉ ႏိုဝင္ဘာလကုန္အထိ စကၤာပူကလုပ္ငန္း ၃၁၆ ခု ရင္းႏွီးျမဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ သန္းေပါင္း ၂၂၀၀၀ ေက်ာ္ရွိၿပီး ရင္းႏွီးျမဳပ္ႏွံမႈစုစုေပါင္းရဲ႕ ၂၆ ရာခိုင္ႏႈန္းေက်ာ္နဲ႕ အဆင့္တစ္ေနရာမွာ ရပ္တည္ေနတာပါ။

တ႐ုတ္ႏိုင္ငံကေတာ့ လုပ္ငန္းေပါင္း ၄၁၅ ခု ရင္းႏွီးျမဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ သန္းေပါင္း ႏွစ္ေသာင္းေက်ာ္နဲ႕ ဒုတိယအဆင့္မွာရပ္တည္ေနၿပီး ထိုင္းႏိုင္ငံက လုပ္ငန္းေပါင္း ၁၃၅ ခု ရင္းႏွီးျမဳႏွံမႈပမာဏ ကန္ေဒၚလာသန္းေပါင္း တစ္ေသာင္းေက်ာ္နဲ႕ တတိယေနရာမွာ ရပ္တည္လုပ္ကိုင္ေနတာျဖစ္ပါတယ္။

ဒီလိုလုပ္ကိုင္ရာမွာ ေရနံနဲ႕သဘာဝဓာတ္ေငြ႕က႑မွာ စုစုေပါင္းရင္းႏွီးျမဳပ္ႏွံမႈရဲ႕ ၁၇ ဒႆမ ၀၄ ရာခိုင္ႏႈန္း၊ လွ်ပ္စစ္က႑မွာ ၂၆ ဒႆမ ၁၅ ရာခိုင္ႏႈန္းနဲ႕ ကုန္ထုတ္လုပ္မႈက႑မွာ ၁၄ ဒႆမ ၀၁ ရာခိုင္ႏႈန္း ရင္းႏွီးျမဳပ္ႏွံလုပ္ကိုင္ေနၾကတယ္လို႔ သိရပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် လုပ်ငန်းဆောင်ရွက်နိုင်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။

ဒီလုပ်ငန်းကို ဟောင်ကောင်အခြေစိုက် CNTIC VPower KY3 Limited က ရာနှုန်းပြည့်ရင်းနှီးမြုပ်နှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခွင့်ပြုပေးလိုက်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းကနေ ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၆၅၈.၈ သန်းထုတ်လုပ်နိုင်မှာဖြစ်ပြီး ရာနှုန်းပြည့်ပြည်တွင်းမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီထဲက နှစ်ဆယ်ရာခိုင်နှုန်းကိုတော့ ရခိုင်ပြည်နယ်အတွက် ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကိုတော့ မဟာဓာတ်အားလိုင်းကိုဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုရက်သတ္တပတ်အတွင်းမှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၂၁ တစ်ခုကို ခွင့်ပြုပေးခဲ့ပြီး ဒါဟာ ရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၃၁၀ ကျော်ရှိတယ်လို့ ဦးသန့်စင်လွင်ကပြောပါတယ်။

၂၀၁၉ နိုဝင်ဘာလကုန်အထိစာရင်းတွေအရတော့ စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်နဲ့ ဗြိတိန်နိုင်ငံတွေကအများဆုံး မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉ နိုဝင်ဘာလကုန်အထိ စင်္ကာပူကလုပ်ငန်း ၃၁၆ ခု ရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း ၂၂၀၀၀ ကျော်ရှိပြီး ရင်းနှီးမြုပ်နှံမှုစုစုပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းကျော်နဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေတာပါ။

တရုတ်နိုင်ငံကတော့ လုပ်ငန်းပေါင်း ၄၁၅ ခု ရင်းနှီးမြုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်းပေါင်း နှစ်သောင်းကျော်နဲ့ ဒုတိယအဆင့်မှာရပ်တည်နေပြီး ထိုင်းနိုင်ငံက လုပ်ငန်းပေါင်း ၁၃၅ ခု ရင်းနှီးမြုနှံမှုပမာဏ ကန်ဒေါ်လာသန်းပေါင်း တစ်သောင်းကျော်နဲ့ တတိယနေရာမှာ ရပ်တည်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒီလိုလုပ်ကိုင်ရာမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြုပ်နှံမှုရဲ့ ၁၇ ဒဿမ ၀၄ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍမှာ ၂၆ ဒဿမ ၁၅ ရာခိုင်နှုန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၁၄ ဒဿမ ၀၁ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service