ေျမငွားဂရန္(ေျမငွားစာခ်ဳပ္) မူရင္း ေပ်ာက္ဆံုး၊ ပ်က္စီးသြားသည္ဆိုလွ်င္ မည္သို႔ဆက္လုပ္မလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
3269 Views

ေျမငွားဂရန္(ေျမငွားစာခ်ဳပ္) မူရင္း ေပ်ာက္ဆံုး၊ ပ်က္စီးသြားသည္ဆိုလွ်င္ မည္သို႔ဆက္လုပ္မလဲ?

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

ေျမငွားဂရန္စာအုပ္မူရင္းေပ်ာက္ဆံုးလွ်င္လည္းေကာင္း၊ ပ်က္စီးလွ်င္လည္းေကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနတြင္ အမႈတြဲဖြင့္လွစ္၍ ေျမငွားစာခ်ဳပ္မိတၱဴ ေလွ်ာက္ထားရမည္ျဖစ္ပါသည္။

ထိုအခါ ၿမိဳ႕ေျမစာရင္းတြင္ အမည္ေပါက္သူအမည္ျဖင့္ ဂရန္မိတၱဴမွန္ ထုတ္ေပးသည္။ ေျမငွားစာခ်ဳပ္ မိတၱဴေလွ်ာက္ထားရာတြင္ အမည္ေပါက္ကိုယ္တိုင္ (သို႔မဟုတ္) မွတ္ပံုတင္ စာခ်ဳပ္စာတမ္းအဆက္အစပ္ျဖင့္ ပိုင္ဆိုင္ခြင့္ရွိသူ (သို႔မဟုတ္) တရားရံုးဒီကရီတစ္ရပ္ရပ္အရ ပိုင္ဆိုင္ခြင့္ရွိသူ၊ တရားရံုးက ထုတ္ေပးသည့္ မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းေရာင္းေၾကာင္းလက္မွတ္စာရရွိသူတို႔မွ ေလွ်ာက္ထားႏိုင္ၿပီး ေျမငွားစာခ်ဳပ္မိတၱဴ ေလွ်ာက္ထားရာတြင္ ေအာက္ပါအေထာက္အထားမ်ား တင္ျပ ေလွ်ာက္ထားရမည္။

- ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ၊

- ေျမငွားစာခ်ဳပ္မူရင္း ေပ်ာက္ဆံုးေၾကာင္း ေျမကြက္တည္ရွိရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးေထာက္ခံခ်က္၊ ၿမိဳ႕နယ္ရဲစခန္းေထာက္ခံခ်က္၊

- ေျမငွားစာခ်ဳပ္မူရင္းေပ်ာက္ဆံုးေၾကာင္း က်မ္းက်ိန္လႊာ၊

- ကိုယ္တိုင္ေရးခံ၀န္ကတိျပဳစာ၊

- ပိုင္ဆိုင္မႈအေထာက္အထား မွတ္ပံုတင္စာခ်ဳပ္ (သို႔မဟုတ္) တရားရံုးစီရင္ခ်က္ အမိန္႔ႏွင့္ဒီကရီ (သို႔မဟုတ္) တရားရံုးကထုတ္ေပးသည့္ မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းေရာင္းေၾကာင္းလက္မွတ္၊

- ေျမငွားခေႂကြးက်န္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ စသည္တို႔လိုအပ္မွာျဖစ္ပါသည္။

ဌာနမွ အထက္ပါအေထာက္အထားမ်ားကို မူရင္းႏွင့္တိုက္ဆိုက္စစ္ေဆးၿပီး ကန္႔ကြက္ေၾကာ္ျငာစာကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴရံုးတို႔တြင္ ကပ္ရပါသည္။

ထို႔ေနာက္ ေျမရာဇ၀င္စစ္ေဆးျခင္း၊ ဌာနရွိ ဂရန္မူရင္းခြဲရွာေဖြျခင္းမ်ား ေဆာင္ရြက္ၿပီး ေျမေပၚကြင္းဆင္းတိုင္းတာစစ္ေဆးျခင္း၊ သီးျခား သတင္းစာေၾကာ္ျငာျခင္း ဆက္လက္ေဆာင္ရြက္သည္။

ထို႔ေနာက္ဌာနမွ ဂရန္မိတၱဴခြင့္ျပဳမိန္႔ေတာင္းခံၿပီး ဂရန္မူရင္းဖ်က္သိမ္းေၾကာင္းေၾကညာသည္။ ဌာနမွ သတ္မွတ္သည့္ ၀န္ေဆာင္ခေပးသြင္းေစျခင္း၊ သက္ဆိုင္ရာေျမတိုင္းမွ ေျမငွားစာခ်ဳပ္ေပၚတြင္ ေျမပံုေရးဆြဲျခင္း၊ ေျမငွားစာခ်ဳပ္မိတၱဴမွန္တြင္ ျဖည့္စြက္ေရးသားၿပီး သက္ဆိုင္ရာအရာရွိအဆင့္ဆင့္လက္မွတ္ေရးထိုးေစၿပီး ေလွ်ာက္ထားသူအား ေျမငွားစာခ်ဳပ္မိတၱဴမွန္ထုတ္ယူေစပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြေငှားဂရန်စာအုပ်မူရင်းပျောက်ဆုံးလျှင်လည်းကောင်း၊ ပျက်စီးလျှင်လည်းကောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် အမှုတွဲဖွင့်လှစ်၍ မြေငှားစာချုပ်မိတ္တူ လျှောက်ထားရမည်ဖြစ်ပါသည်။

ထိုအခါ မြို့မြေစာရင်းတွင် အမည်ပေါက်သူ အမည်ဖြင့် ဂရန်မိတ္တူမှန် ထုတ်ပေးသည်။ မြေငှားစာချုပ် မိတ္တူလျှောက်ထားရာတွင် အမည်ပေါက်ကိုယ်တိုင် (သို့မဟုတ်) မှတ်ပုံတင် စာချုပ်စာတမ်းအဆက်အစပ်ဖြင့် ပိုင်ဆိုင်ခွင့်ရှိသူ (သို့မဟုတ်) တရားရုံးဒီကရီတစ်ရပ်ရပ်အရ ပိုင်ဆိုင်ခွင့်ရှိသူ၊ တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်းလက်မှတ်စာရရှိသူတို့မှ လျှောက်ထားနိုင်ပြီး မြေငှားစာချုပ်မိတ္တူ လျှောက်ထားရာတွင် အောက်ပါအထောက်အထားများ တင်ပြ လျှောက်ထားရမည်။

- လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

- မြေငှားစာချုပ်မူရင်း ပျောက်ဆုံးကြောင်း မြေကွက်တည်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်၊ မြို့နယ်ရဲစခန်းထောက်ခံချက်၊

- မြေငှားစာချုပ်မူရင်းပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊

- ကိုယ်တိုင်ရေးခံဝန်ကတိပြုစာ၊

- ပိုင်ဆိုင်မှုအထောက်အထား မှတ်ပုံတင်စာချုပ် (သို့မဟုတ်) တရားရုံးစီရင်ချက် အမိန့်နှင့်ဒီကရီ (သို့မဟုတ်) တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်းလက်မှတ်၊

- မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် စသည်တို့လိုအပ်မှာဖြစ်ပါသည်။

ဌာနမှ အထက်ပါအထောက်အထားများကို မူရင်းနှင့်တိုက်ဆိုက်စစ်ဆေးပြီး ကန့်ကွက်ကြော်ငြာစာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူရုံးတို့တွင် ကပ်ရပါသည်။

ထို့နောက် မြေရာဇဝင်စစ်ဆေး ခြင်း၊ ဌာနရှိ ဂရန်မူရင်းခွဲရှာဖွေခြင်းများ ဆောင်ရွက်ပြီး မြေပေါ်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်း၊ သီးခြား သတင်းစာကြော်ငြာခြင်း ဆက်လက်ဆောင်ရွက်သည်။

ထို့နောက်ဌာနမှ ဂရန်မိတ္တူခွင့်ပြုမိန့်တောင်းခံပြီး ဂရန်မူရင်းဖျက်သိမ်းကြောင်းကြေညာသည်။ ဌာနမှ သတ်မှတ်သည့် ဝန်ဆောင်ခပေးသွင်းစေခြင်း၊ သက်ဆိုင်ရာမြေတိုင်းမှ မြေငှားစာချုပ်ပေါ်တွင် မြေပုံရေးဆွဲခြင်း၊ မြေငှားစာချုပ်မိတ္တူမှန်တွင် ဖြည့်စွက်ရေးသားပြီး သက်ဆိုင်ရာအရာရှိအဆင့်ဆင့်လက်မှတ်ရေးထိုးစေပြီး လျှောက်ထားသူအား မြေငှားစာချုပ်မိတ္တူမှန်ထုတ်ယူစေပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service