တ႐ုတ္သမၼတခရီးစဥ္အတြင္း ျမန္မာအစိုးရသေဘာတူထားသည့္ BRI စီမံကိန္းကို အၿပီးသတ္ေအာင္ေဆာင္႐ြက္မည္ဟု တ႐ုတ္သံအမတ္ေျပာ - Property News in Myanmar from iMyanmarHouse.com
864 Views

တ႐ုတ္သမၼတခရီးစဥ္အတြင္း ျမန္မာအစိုးရသေဘာတူထားသည့္ BRI စီမံကိန္းကို အၿပီးသတ္ေအာင္ေဆာင္႐ြက္မည္ဟု တ႐ုတ္သံအမတ္ေျပာ

### Zawgyi Version ###

ျမန္မာအစိုးရက သေဘာတူထားသည့္ BRI စီမံကိန္းကို တ႐ုတ္သမၼတခရီးစဥ္တြင္ အၿပီးသတ္ေဆာင္႐ြက္မည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္မစၥတာခ်န္ဟိုင္က ေျပာသည္။

သံအမတ္ေျပာၾကားမႈတြင္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားသည္ Belt and Road Initiate-BRI (ေခတ္သစ္ပိုးလမ္းမ) မူေဘာင္ ႏွင့္ တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍ (China-Myanmar Economics Corridor-CMEC) ေအာက္၌ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရန္ သေဘာထူထားသည္ဟု ဆိုသည္။ တ႐ုတ္သမၼတ ခရီးစဥ္တြင္ ႏွစ္ႏိုင္ငံမူေဘာင္ဆက္သြယ္ခ်က္မ်ားႏွင့္ စီးပြားေရးဆိုင္ရာ စီမံကိန္းအေျမာက္အျမားကို လက္မွတ္ေရးထိုးမည္ဟု ၎ကဆိုသည္။

‘‘ေနာက္တစ္ဆင့္အေနနဲ႔ တ႐ုတ္ဘက္က ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ သေဘာတူထားတာ ကို အၿပီးသတ္ေအာင္ေဆာင္႐ြက္မယ္။ BRI နဲ႔ CMEC တို႔ကိုဖြံ႕ၿဖိဳးဖို႔ ျမႇင့္တင္သြားမယ္’’ ဟု ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္က ေျပာသည္။

လက္မွတ္ေရးထိုးဖြယ္ရွိသည့္ စီမံကိန္းမ်ားမွာ ေက်ာက္ျဖဴးအထူးစီးပြားေရးဇုန္၊ မႏၲေလးမူးဆယ္ရထားလမ္း၊ နယ္စပ္စီးပြားေရးဇုန္မ်ားႏွင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတို႔ျဖစ္သည္။

BRI စီမံကိန္းေအာက္တြင္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ မႏၲေလး-မူဆယ္ရထားလမ္းႏွင့္ နယ္စပ္စီးပြားေရးဇုန္ သုံးခုကို စမ္းသပ္ေလ့လာခြင့္ ျပဳထားသည္။

ယခုခရီးစဥ္တြင္ ကုန္သြယ္ေရး၊ နယ္စပ္စီးပြားႏွင့္ ေက်ာက္ျဖဴအထူးစီးပြားဇုန္ဖြံ႕ၿဖိဳးမႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာမ်ားေရးထိုးမည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီး ဦးေအာင္ထူးက ေျပာထားသည္။

တ႐ုတ္ႏိုင္ငံ၏ ၁၅၂ ႏိုင္ငံ သို႔ ခ်ိတ္ဆက္မည့္ BRI စီမံကိန္းသည္ တ႐ုတ္ႏိုင္ငံကို ဗဟိုျပဳ၍ ႏိုင္ငံမ်ားကို ကုန္းေၾကာင္း ႏွင့္ ေရေၾကာင္းခရီးမ်ားျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။

BRI ႏွင့္ဆက္စပ္၍ တ႐ုတ္ဘက္မွ တင္ျပလာသည့္ စီမံကိန္း ၃၈ ခုရွိၿပီး ျမန္မာအစိုးရက ကိုးခု သာခြင့္ျပဳထားသည္ဟု ယခုႏွစ္အတြင္း ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဧရာဝတီတိုင္း ေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစခင္ေဇာ္လင္း က ေျပာထားသည္။

အဆိုပါစီမံကိန္းကိုးခုသည္ လုပ္ငန္းလုပ္ကိုင္လို၍ စဥ္းစားထားသည့္ အဆင့္သာရွိၿပီးတရားဝင္ခြင့္ျပဳထားသည့္ အဆင့္မဟုတ္ေသးေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးထြန္းထြန္းႏိုင္က ေျပာသည္။ ယင္းတို႔အနက္ စီမံကိန္းသုံးခုကို စမ္းသပ္ေလ့လာခြင့္ ျပဳထားသည္ဟု ၎ကဆက္လက္ ေျပာသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာအစိုးရက သဘောတူထားသည့် BRI စီမံကိန်းကို တရုတ်သမ္မတခရီးစဉ်တွင် အပြီးသတ်ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်မစ္စတာချန်ဟိုင်က ပြောသည်။

သံအမတ်ပြောကြားမှုတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် Belt and Road Initiate-BRI (ခေတ်သစ်ပိုးလမ်းမ) မူဘောင် နှင့် တရုတ်-မြန်မာစီးပွားရေး စြင်္ကံ (China-Myanmar Economics Corridor-CMEC) အောက်၌ စီမံကိန်းများ အကောင်အထည်ဖော်ရန် သဘောထူထားသည်ဟု ဆိုသည်။ တရုတ်သမ္မတ ခရီးစဉ်တွင် နှစ်နိုင်ငံမူဘောင်ဆက်သွယ်ချက်များနှင့် စီးပွားရေးဆိုင်ရာ စီမံကိန်းအမြောက်အမြားကို လက်မှတ်ရေးထိုးမည် ဟု ၎င်းကဆိုသည်။

‘‘နောက်တစ်ဆင့်အနေနဲ့ တရုတ်ဘက်က နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတာ ကို အပြီးသတ်အောင်ဆောင်ရွက်မယ်။ BRI နဲ့ CMEC တို့ကိုဖွံ့ဖြိုး ဖို့ မြှင့်တင်သွားမယ်’’ ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောသည်။

လက်မှတ်ရေးထိုးဖွယ်ရှိသည့် စီမံကိန်းများမှာ ကျောက်ဖြူးအထူးစီးပွားရေးဇုန်၊ မန္တလေးမူးဆယ်ရထားလမ်း၊ နယ်စပ်စီးပွားရေးဇုန်များနှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့ဖြစ်သည်။

BRI စီမံကိန်းအောက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မန္တလေး-မူဆယ်ရထားလမ်းနှင့် နယ်စပ်စီးပွားရေးဇုန် သုံးခုကို စမ်းသပ်လေ့လာခွင့် ပြုထားသည်။

ယခုခရီးစဉ်တွင် ကုန်သွယ်ရေး၊ နယ်စပ်စီးပွားနှင့် ကျောက်ဖြူအထူးစီးပွားဇုန်ဖွံ့ဖြိုးမှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးအောင်ထူးက ပြောထားသည်။

တရုတ်နိုင်ငံ၏ ၁၅၂ နိုင်ငံ သို့ ချိတ်ဆက်မည့် BRI စီမံကိန်းသည် တရုတ်နိုင်ငံကို ဗဟိုပြု၍ နိုင်ငံများကို ကုန်းကြောင်း နှင့် ရေကြောင်းခရီးများဖြင့် ချိတ်ဆက်ရန်ဖြစ်သည်။

BRI နှင့်ဆက်စပ်၍ တရုတ်ဘက်မှ တင်ပြလာသည့် စီမံကိန်း ၃၈ ခုရှိပြီး မြန်မာအစိုးရက ကိုးခု သာခွင့်ပြုထားသည်ဟု ယခုနှစ်အတွင်း ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ဧရာဝတီတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစခင်ဇော်လင်း က ပြောထားသည်။

အဆိုပါစီမံကိန်းကိုးခုသည် လုပ်ငန်းလုပ်ကိုင်လို၍ စဉ်းစားထားသည့် အဆင့်သာရှိပြီးတရားဝင်ခွင့်ပြုထားသည့် အဆင့်မဟုတ်သေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းတို့အနက် စီမံကိန်းသုံးခုကို စမ်းသပ်လေ့လာခွင့် ပြုထားသည်ဟု ၎င်းကဆက်လက် ပြောသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service