ျမန္မာ့စီးပြားေရး ႀကံ႕ၾကံ႕ခံရပ္တည္ႏိုင္စြမ္းရွိၿပီး ယခုဘ႑ာႏွစ္တြင္ စီးပြားေရးဆက္လက္တိုးတက္မည္ဟု ကမာၻဘဏ္ဆို - Property News in Myanmar from iMyanmarHouse.com
2822 Views

ျမန္မာ့စီးပြားေရး ႀကံ႕ၾကံ႕ခံရပ္တည္ႏိုင္စြမ္းရွိၿပီး ယခုဘ႑ာႏွစ္တြင္ စီးပြားေရးဆက္လက္တိုးတက္မည္ဟု ကမာၻဘဏ္ဆို

### Zawgyi Version ###

ျမန္မာႏိုင္ငံစီးပြားေရးသည္ ႀကံ႕ႀကံ့ခံရပ္တည္ႏိုင္စြမ္းကို ဆက္လက္ျပသေနၿပီး ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းသည္ ၂၀၁၉-၂ဝ တြင္ ယခင္ ႏွစ္မ်ားထက္ တိုးတက္ကာ ၆ ဒသမ ၄ ရာခိုင္ႏႈန္း ရွိလာမည္ဟု ကမာၻဘဏ္ကထုတ္ျပန္သည္။

တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ထုတ္ေဝသည့္ ယခုအစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏လတ္တေလာ စီးပြားေရး ျဖစ္ေပၚတိုးတက္မႈ အေျခအနမ်ား၊ အလားအလာမ်ားႏွင့္ မူ၀ါဒေရးရာ အႀကံျပဳခ်က္မ်ားကို ေဖာ္ျပထားသည္္။

ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းသည္ ၂၀၁၈-၁၉ ႏွင့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္မ်ားတြင္ ၆ ဒသမ ၃ ႏွင့္ ၆ ဒသမ ၂ ရွိခဲ့ၿပီးယခုဘ႑ာႏွစ္တြင္ ယခင္ဘ႑ာႏွစ္ထက္ ၀ ဒသမ၁ ရာခိုင္ႏႈန္းပိုမို တိုးတက္လာမည္ဟုဆိုသည္။

ကမာၻလုံးဆိုင္ရာ စီးပြားေရး အေျခအေနမ်ားမွာ အားရစရာမေကာင္းေသာ္လည္း ျမန္မာ့စီး ပြားေရးအားေကာင္းလာရန္ရွိၿပီး ျမန္မာႏိုင္ငံစီးပြားေရးသည္ ႀကံ႕ၾကံ႕ခံရပ္တည္ႏိုင္စြမ္းကို ဆက္ လက္ျပသေနသည္ဟု ကမာၻဘဏ္ကဆိုသည္။

ယင္းသို႔ ခန႔္မွန္းရျခင္းသည္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈျမင့္တက္လာျခင္းႏွင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီ အေကာင္အထည္ေဖာ္ဖြယ္ရွိသည့္ အစိုးရ၏ အေျခခံအေဆာက္အအုံစီမံကိန္းမ်ားေၾကာင့္ျဖစ္သည္ဟု ကမာၻဘဏ္က ေဖာ္ျပထားသည္။

ျမန္မာ့စီးပြားေရးအလားအလာ တည္ၿငိမ္ေနမည္ျဖစ္ၿပီး ၂၀၁၈-၁၉ ဘ႑ာႏွစ္ထက္ သုည ဒသမ ၁ ရာခိုင္ႏႈန္းပိုမိုတိုးတက္မည္ဟု ေမွ်ာ္မွန္းသည္။ ဆက္လက္၍ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) လုပ္ငန္းမ်ားဝင္ေရာက္မည္ဟု ကတိျပဳမႈတိုးျမႇင့္လာေၾကာင္း ေဆာက္လုပ္ေရး လုပ္ငန္းမ်ား တိုးတက္ဖြယ္ရွိသည္ဟု ခန႔္မွန္းသည္။

ယင္းအခ်က္မ်ားႏွင့္အတူ စက္မႈက႑သည္ ႏိုင္ငံျခားကုမၸဏီမ်ား ဝင္ေရာက္လာမႈ ေၾကာင့္ ပိုမိုလ်င္ျမန္သည့္ႏႈန္းျဖင့္ တိုးတက္လာမည့္အျပင္ လွ်ပ္စစ္ဓာတ္အားတိုးျမႇင့္လာျခင္းႏွင့္ ႏိုင္ငံျခားဘဏ္မ်ား ဝင္ေရာက္လာျခင္းတို႔ေၾကာင့္ ေဆာက္လုပ္ေရး၊ ကုန္ထုတ္လုပ္မႈ၊ ကုန္သြယ္မႈႏွင့္ ေခ်းေငြရရွိႏိုင္မည့္အခြင့္အလမ္းမ်ား တိုးပြားလာျခင္းတို႔ ေၾကာင့္ လ်င္ျမန္စြာအားေကာင္းလာႏိုင္သည္ဟု ကမာၻ႔ဘဏ္က ေဖာ္ျပထားသည္။

ယခုအစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏ ပုဂၢလိကစီးပြားေရးက႑သည္ ထုတ္လုပ္မႈစြမ္းအားမ်ားအားနည္းေနျခင္းက စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဟန႔္အတားသဖြယ္ျဖစ္ေနၿပီး စီး ပြားေရးလုပ္ငန္းမ်ားအေနျဖင့္ အေထာက္အပံ့ရရွိႏိုင္မႈ၊ လုပ္ငန္းရွင္မ်ားအခ်င္းခ်င္း ပိုမိုအား ေကာင္းသည့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္မႈမ်ားအျပင္ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ ပုဂၢလိကက႑ျဖစ္ေစရန္ ပံ့ပိုးေပးႏိုင္မည့္အခင္းအက်င္းမ်ားလိုအပ္ေနသည္ဟု ေထာက္ျပထားသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံ၏ ဧရိယာသုံးပုံတစ္ပုံတြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားတည္ရွိေနျခင္းက စီးပြားေရးက႑အတြက္ ထပ္ေလာင္းစိန္ေခၚမႈတစ္ခုျဖစ္ ေစသည္ဟု ကမာၻ႔ဘဏ္က ေထာက္ျပသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံ၏ မက္ခ႐ိုစီးပြားေရးအေျပာင္းအလဲျမန္ဆန္မႈသည္ ၂၀၁၉ ဇြန္လက စတင္ျမင့္တက္လာၿပီး ဇူလိုင္အတြင္း၌ ေငြေၾကးေဖာင္းပြမႈႏႈန္းသည္ ဂဏန္းႏွစ္လုံးအထိျမင့္တက္ခဲ့သည္ဟု ယင္းအစီရင္ခံစာတြင္ပါရွိသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံစီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉-၂ဝ တွင် ယခင် နှစ်များထက် တိုးတက်ကာ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိလာမည်ဟု ကမ္ဘာဘဏ်ကထုတ်ပြန်သည်။

တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ဝေသည့် ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏လတ်တလော စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနများ၊ အလားအလာများနှင့် မူဝါဒရေးရာ အကြံပြုချက်များကို ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးတိုးတက်နှုန်းသည် ၂၀၁၈-၁၉ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်များတွင် ၆ ဒသမ ၃ နှင့် ၆ ဒသမ ၂ ရှိခဲ့ပြီးယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ၀ ဒသမ၁ ရာခိုင်နှုန်းပိုမို တိုးတက်လာမည်ဟုဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေများမှာ အားရစရာမကောင်းသော်လည်း မြန်မာ့စီး ပွားရေးအားကောင်းလာရန်ရှိပြီး မြန်မာနိုင်ငံစီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက် လက်ပြသနေသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ယင်းသို့ ခန့်မှန်းရခြင်းသည် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်ဖွယ်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံစီမံကိန်းများကြောင့်ဖြစ်သည်ဟု ကမ္ဘာဘဏ်က ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးအလားအလာ တည်ငြိမ်နေမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထက် သုည ဒသမ ၁ ရာခိုင်နှုန်းပိုမိုတိုးတက်မည်ဟု မျှော်မှန်းသည်။ ဆက်လက်၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းများဝင်ရောက်မည်ဟု ကတိပြုမှုတိုးမြှင့်လာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများ တိုးတက်ဖွယ်ရှိသည်ဟု ခန့်မှန်းသည်။

ယင်းအချက်များနှင့်အတူ စက်မှုကဏ္ဍသည် နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာမှု ကြောင့် ပိုမိုလျင်မြန်သည့်နှုန်းဖြင့် တိုးတက်လာမည့်အပြင် လျှပ်စစ်ဓာတ်အားတိုးမြှင့်လာခြင်းနှင့် နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းတို့ကြောင့် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ချေးငွေရရှိနိုင်မည့်အခွင့်အလမ်းများ တိုးပွားလာခြင်းတို့ ကြောင့် လျင်မြန်စွာအားကောင်းလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍသည် ထုတ်လုပ်မှုစွမ်းအားများအားနည်းနေခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားသဖွယ်ဖြစ်နေပြီး စီး ပွားရေးလုပ်ငန်းများအနေဖြင့် အထောက်အပံ့ရရှိနိုင်မှု၊ လုပ်ငန်းရှင်များအချင်းချင်း ပိုမိုအား ကောင်းသည့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုများအပြင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပုဂ္ဂလိကကဏ္ဍဖြစ်စေရန် ပံ့ပိုးပေးနိုင်မည့်အခင်းအကျင်းများလိုအပ်နေသည်ဟု ထောက်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဧရိယာသုံးပုံတစ်ပုံတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်ပဋိပက္ခများတည်ရှိနေခြင်းက စီးပွားရေးကဏ္ဍအတွက် ထပ်လောင်းစိန်ခေါ်မှုတစ်ခုဖြစ် စေသည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ မက်ခရိုစီးပွားရေးအပြောင်းအလဲမြန်ဆန်မှုသည် ၂၀၁၉ ဇွန်လက စတင်မြင့်တက်လာပြီး ဇူလိုင်အတွင်း၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ဂဏန်းနှစ်လုံးအထိမြင့်တက်ခဲ့သည်ဟု ယင်းအစီရင်ခံစာတွင်ပါရှိသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service