ထိုင္း K ဘဏ္က ျပည္တြင္းဘဏ္တစ္ခုမွ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းဝယ္ - Property News in Myanmar from iMyanmarHouse.com
905 Views

ထိုင္း K ဘဏ္က ျပည္တြင္းဘဏ္တစ္ခုမွ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းဝယ္

### Zawgyi Version ###

ထိုင္းႏိုင္ငံအေျခစိုက္ K ဘဏ္သည္ ျပည္တြင္းရွိ ဧရာဝတီေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရးဘဏ္ (A ဘဏ္) တြင္ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္း ဝယ္ယူ၍အက်ိဳးတူ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္သည္။

A ဘဏ္သည္ က်ပ္ ၃၁၄ ဘီလီယံတန္ဖိုးရွိၿပီး မတည္ရင္းႏွီးေငြသည္ က်ပ္ဘီလီယံ ၄၀ ရွိသည္ဟု ထိုင္း K ဘဏ္ကထုတ္ျပန္သည္။

ထိုပူးေပါင္းမူသည္ ကုမၸဏီဥပေဒအရ ျပည္တြင္းကုမၸဏီမ်ားတြင္ ႏိုင္ငံျခားကုမၸဏီမ်ား ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းအထိ ပါဝင္ခြင့္ရွိသည္ဟုေသာ ျပဌာန္းခ်က္အရျဖစ္သည္။ ႏိုင္ငံျခားဘဏ္တခုက ျပည္တြင္းဘဏ္တြင္ ရွယ္ယာဝယ္ယူျခင္း ပထမဦးဆုံးျဖစ္လာသည္။

ထိုင္း kasikorn Bank- K Bank သည္ စိုက္ပ်ိဳးေရးက႑၊ ကုန္သြယ္ေရး၊ လက္လီလုပ္ငန္း၊ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈလုပ္ငန္းမ်ားကို A ဘဏ္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မည္ျဖစ္သည္။

ထိုသို႔ အက်ိဳးတူရင္းႏွီးျမႇဳပ္ႏွံမႈ အဆိုျပဳလႊာကို ဗဟိုဘဏ္ထံ ဇန္နဝါရီ ၈ ရက္တြင္ တင္ျပၿပီးျဖစ္ သည္ဟုဆိုသည္။

ထိုသို႔ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ ႏွစ္ႏိုင္ငံၾကား ဘဏ္လုပ္ငန္းက႑တိုးတက္ေရးႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အေထာက္အကူျဖစ္ေစရန္ရည္႐ြယ္ေၾကာင္း A ဘဏ္က ဆိုသည္။

A ဘဏ္သည္ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးေရး ရည္႐ြယ္၍ ၂၀၁၄ တြင္ စတင္ဖြင့္လွစ္ျခင္းျဖစ္ၿပီး လက္ရွိတြင္ ျပည္တြင္းဘဏ္ခြဲ ၁၇ ခု ဖြင့္လွစ္ထားသည္။

ထိုင္း K ဘဏ္သည္ ထိုင္းႏိုင္ငံ၌ ၁၉၄၅ တြင္ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိတြင္ ဘဏ္ခြဲ ၉၀၀ ခန႔္ ဖြင့္လွစ္ထားသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ထိုင်းနိုင်ငံအခြေစိုက် K ဘဏ်သည် ပြည်တွင်းရှိ ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် (A ဘဏ်) တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ဝယ်ယူ၍အကျိုးတူ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

A ဘဏ်သည် ကျပ် ၃၁၄ ဘီလီယံတန်ဖိုးရှိပြီး မတည်ရင်းနှီးငွေသည် ကျပ်ဘီလီယံ ၄၀ ရှိသည်ဟု ထိုင်း K ဘဏ်ကထုတ်ပြန်သည်။

ထိုပူးပေါင်းမူသည် ကုမ္ပဏီဥပဒေအရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားကုမ္ပဏီများ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရှိသည်ဟုသော ပြဌာန်းချက်အရဖြစ်သည်။ နိုင်ငံခြားဘဏ်တခုက ပြည်တွင်းဘဏ်တွင် ရှယ်ယာဝယ်ယူခြင်း ပထမဦးဆုံးဖြစ်လာသည်။

ထိုင်း kasikorn Bank- K Bank သည် စိုက်ပျိုးရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ လက်လီလုပ်ငန်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုလုပ်ငန်းများကို A ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

ထိုသို့ အကျိုးတူရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာကို ဗဟိုဘဏ်ထံ ဇန်နဝါရီ ၈ ရက်တွင် တင်ပြပြီးဖြစ် သည်ဟုဆိုသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက် ခြင်းသည် နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍတိုးတက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း A ဘဏ်က ဆိုသည်။

A ဘဏ်သည် တောင်သူလယ်သမားဖွံ့ဖြိုးရေး ရည်ရွယ်၍ ၂၀၁၄ တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းဘဏ်ခွဲ ၁၇ ခု ဖွင့်လှစ်ထားသည်။

ထိုင်း K ဘဏ်သည် ထိုင်း နိုင်ငံ၌ ၁၉၄၅ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲ ၉၀၀ ခန့် ဖွင့်လှစ်ထားသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service