အ.ထ.က (၁) ပန္းဘဲတန္း (စိန္ေမရီ ဒိုင္အိုစီဇင္ မိန္းကေလး အထက္တန္းေက်ာင္း) ၌ ၃၅ ခုေျမာက္ အျပာေရာင္ကမၺည္းျပားတပ္ဆင္ - Property News in Myanmar from iMyanmarHouse.com
5817 Views

အ.ထ.က (၁) ပန္းဘဲတန္း (စိန္ေမရီ ဒိုင္အိုစီဇင္ မိန္းကေလး အထက္တန္းေက်ာင္း) ၌ ၃၅ ခုေျမာက္ အျပာေရာင္ကမၺည္းျပားတပ္ဆင္

### Zawgyi Version ###

အ.ထ.က (၁) ပန္းဘဲတန္း (စိန္ေမရီ ဒိုင္အိုစီဇင္ မိန္းကေလး အထက္တန္းေက်ာင္း)၌ ၃၅ ခုေျမာက္ အျပာေရာင္ကမၺည္းျပားကို ဇန္နဝါရီ ၁၁ ရက္က တပ္ဆင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းအစိုးရမွသိရသည္။

အျပာေရာင္ကမၺည္းျပားမ်ားသည္ ရန္ကုန္ၿမိဳ႕ရွိ အေမြအႏွစ္ဆိုင္ရာ အေဆာက္အအုံမ်ားႏွင့္ ေနရာမ်ားတြင္ အဆိုပါ အေဆာက္အအုံမ်ား၊ ေနရာမ်ားႏွင့္ ဆက္စပ္ေနသည့္ သမိုင္းဝင္လူပုဂၢိဳလ္မ်ား၊ သမိုင္းအျဖစ္အပ်က္မ်ား အေၾကာင္းကို ေဖာ္ျပၿပီး ၿမိဳ႕၏အမွတ္အသားတစ္ခုအျဖစ္ တပ္ဆင္ထားရွိမည့္ အထိမ္းအမွတ္ကမၺည္းျပားမ်ားျဖစ္သည္။

အျပာေရာင္ကမၺည္းျပားမ်ား၏ ရည္ရြယ္ခ်က္မွာ လူအမ်ားသိရွိၿပီးသား အေဆာက္အအုံမ်ား၊ ေနရာမ်ားကို ပိုမိုတန္ဖိုးထားရွိၿပီး စနစ္တက် ထိန္းသိမ္းေစာင့္ေရွာက္လာေစရန္၊ လူသိနည္းေသးသည့္ အေဆာက္အအုံမ်ား အေၾကာင္းကို လူအမ်ားပိုမိုသိရွိလာေစရန္ ရည္ရြယ္ေၾကာင္း ရန္ကုန္ၿမိဳ႕ၿပ အေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕က ဦးသူရိန္ေအာင္က အျပာေရာင္ကမၺည္းျပားတပ္ဆင္ျခင္း ရည္ရြယ္ခ်က္ကို ရွင္းလင္းေျပာၾကားသည္။

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေက်ာင္းမ်ားကို ဆက္လက္ထိန္းသိမ္းဖို႔ဆိုလၽွင္ ဘတ္ဂ်က္ေငြ အမ်ားႀကီး လိုအပ္ေၾကာင္း၊ အျပာေရာင္ ကမၺည္းျပားကပ္ထားေသာအေဆာက္အဦမ်ားသည္ ထိန္းသိမ္း ေစာင့္ေရွာက္ျပဳျပင္သည့္ ေနရာမွာလည္း ေရွးေဟာင္းပုံစံအတိုင္းျပန္လည္ျပဳျပင္ဖို႔လိုသလို တစ္ဘက္မွာလည္း ယင္းအေဆာက္အဦႀကီး၏ ျပဳျပင္ထိန္းသိမ္းရသည့္ စရိတ္မ်ား လည္း အလြန္အင္မတန္မ်ားျပားေၾကာင္း၊ ရန္ကုန္ၿမိဳ႕သည္ ႏွစ္ေပါင္းၾကာရွည္လာၿပီျဖစ္သည့္ အတြက္လမ္းမ်ားႏွင့္ အေဆာက္အဦမ်ားကလည္း သမိုင္းအေမြအႏွစ္ဆိုင္ရာမ်ား ျဖစ္လာေၾကာင္း၊ ဘာသာေရး အေဆာက္အအုံမ်ားကလည္း သမိုင္းအေမြအႏွစ္ဆိုင္ရာ အေဆာက္အအုံမ်ား ျဖစ္ေၾကာင္း ေျပာၾကားသည္။

၁၈၆၆ မွစ၍ စတင္တည္ေထာင္ခဲ့သည့္ စိန္ေမရီေက်ာင္းသည္ ထိပ္တန္းမိန္းကေလးေက်ာင္း အျဖစ္ရပ္တည္ခဲ့ၿပီး၊ ၁၉၆၅ တြင္ အျခား ေသာသာသနာျပဳေက်ာင္းမ်ားနည္းတူ ယင္းေက်ာင္းကို ျပည္သူပိုင္ျပဳကာ အ.ထ.က (၁) ပန္းဘဲတန္းအျဖစ္ ျပင္ဆင္ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

အ.ထ.က (၁) ပန်းဘဲတန်း (စိန်မေရီ ဒိုင်အိုစီဇင် မိန်းကလေး အထက်တန်းကျောင်း)၌ ၃၅ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ဇန်နဝါရီ ၁၁ ရက်က တပ်ဆင်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။

အပြာရောင်ကမ္ဗည်းပြားများသည် ရန်ကုန်မြို့ရှိ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများနှင့် နေရာများတွင် အဆိုပါ အဆောက်အအုံများ၊ နေရာများနှင့် ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်များ၊ သမိုင်းအဖြစ်အပျက်များ အကြောင်းကို ဖော်ပြပြီး မြို့၏အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားရှိမည့် အထိမ်းအမှတ်ကမ္ဗည်းပြားများဖြစ်သည်။

အပြာရောင်ကမ္ဗည်းပြားများ၏ ရည်ရွယ်ချက်မှာ လူအများသိရှိပြီးသား အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထားရှိပြီး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လာစေရန်၊ လူသိနည်းသေးသည့် အဆောက်အအုံများ အကြောင်းကို လူအများပိုမိုသိရှိလာစေရန် ရည်ရွယ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဦးသူရိန်အောင်က အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျောင်းများကို ဆက်လက်ထိန်းသိမ်းဖို့ဆိုလျှင် ဘတ်ဂျက်ငွေ အများကြီး လိုအပ်ကြောင်း၊ အပြာရောင် ကမ္ဗည်းပြားကပ်ထားသောအဆောက်အဦများသည် ထိန်းသိမ်း စောင့်ရှောက်ပြုပြင်သည့် နေရာမှာလည်း ရှေးဟောင်းပုံစံအတိုင်းပြန်လည်ပြုပြင်ဖို့လိုသလို တစ်ဘက်မှာလည်း ယင်းအဆောက်အဦကြီး၏ ပြုပြင်ထိန်းသိမ်းရသည့် စရိတ်များ လည်း အလွန်အင်မတန်များပြားကြောင်း၊ ရန်ကုန်မြို့သည် နှစ်ပေါင်းကြာရှည်လာပြီဖြစ်သည့် အတွက်လမ်းများနှင့် အဆောက်အဦများကလည်း သမိုင်းအမွေအနှစ်ဆိုင်ရာများ ဖြစ်လာကြောင်း၊ ဘာသာရေး အဆောက်အအုံများကလည်း သမိုင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံများ ဖြစ်ကြောင်း ပြောကြားသည်။

၁၈၆၆ မှစ၍ စတင်တည်ထောင်ခဲ့သည့် စိန်မေရီကျောင်းသည် ထိပ်တန်းမိန်းကလေးကျောင်း အဖြစ်ရပ်တည်ခဲ့ပြီး၊ ၁၉၆၅ တွင် အခြား သောသာသနာပြုကျောင်းများနည်းတူ ယင်းကျောင်းကို ပြည်သူပိုင်ပြုကာ အ.ထ.က (၁) ပန်းဘဲတန်းအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service