ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ျဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ ရန္ကုန္တိုင္းအစိုးရထည့္ဝင္ထားေသာေငြေၾကးမွ ၁၂ ရာခိုင္ႏႈန္းေက်ာ္သုံးစြဲထားေၾကာင္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ျပထား - Property News in Myanmar from iMyanmarHouse.com
770 Views

ရန္ကုန္ၿမိဳ႕သစ္ဖြံ႕ျဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ ရန္ကုန္တိုင္းအစိုးရထည့္ဝင္ထားေသာေငြေၾကးမွ ၁၂ ရာခိုင္ႏႈန္းေက်ာ္သုံးစြဲထားေၾကာင္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ျပထား

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕သစ္ ဖြံ႔ၿဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ ရန္ကုန္တိုင္းအစိုးရက New Yangon Development Co.,Ltd တြင္ ေငြက်ပ္ ၁၀ ဘီလီယံထည့္ဝင္ထားခဲ့သည္။

အဆိုပါစီမံကိန္း စစ္ေဆးသည့္ကာလမ်ားတြင္ ဝင္ေငြမ်ားရရွိျခင္းမရွိေသးဘဲ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ၏ရင္းႏွီးျမႇုဳပ္ႏွံေငြ က်ပ္ ၁၀ ဘီလီယံကိုသာ ဘဏ္တြင္ ထည့္သြင္းထားသျဖင့္ ဘဏ္တိုး မ်ားသာရရွိေနေသးသည့္ အေျခအေနတြင္သာရွိေၾကာင္း ၊ ဝင္ေငြသည္ ၂၀၁၇ ဒီဇင္ဘာ ၁၂ ရက္မွ ၂၀၁၈ မတ္ ၃၁ ရက္အထိ က်ပ္ ၄၁ ဒသမ ၀၇ သန္းႏွင့္ ၂၀၁၈ ဧၿပီ ၁ ရက္မွ ၂၀၁၈ စက္တင္ဘာ ၃၀ ရက္အထိ ဝင္ေငြ က်ပ္ ၃၉၄ ဒသမ ၁၃၄ သန္းရရွိခဲ့ေၾကာင္းေဖာ္ျပထားသည္။

အသုံးစရိတ္အျဖစ္ ၂၀၁၇-၂၀၁၈ဘ႑ာ ေရးႏွစ္ ၂၀၁၇ ဒီဇင္ဘာ ၁၂ ရက္မွ ၂၀၁၈ မတ္ ၃၁ ရက္အထိ က်ပ္ ၉၆ ဒသမ ၀၈၁ သန္း၊ ၂၀၁၈ (Mini Budget) တြင္ က်ပ္ ၁၁၈၃ ဒသမ ၄၅၉ သန္းသုံးစြဲခဲ့သည္ကို ေတြ႕ရေၾကာင္း၊ အသားတင္အရႈံးသည္ ၂၀၁၇ ဒီဇင္ဘာ ၁၂ ရက္မွ ၂၀၁၈ မတ္ ၃၁ ရက္အထိ က်ပ္ ၅၅ ဒသမ ၀၁၁ သန္းႏွင့္ ၂၀၁၈ ဧၿပီ ၁ ရက္မွ ၂၀၁၈ စက္တင္ဘာ ၃၀ ရက္အထိ က်ပ္ ၇၈၉ ဒသမ ၃၂၅ သန္းျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

အသုံးစရိတ္မ်ားသုံး စြဲရာတြင္ ၂၀၁၇ ဒီဇင္ဘာ ၁၂ ရက္မွ ၂၀၁၈ မတ္ ၃၁ ရက္အထိ ထည့္ဝင္ေငြ ၀ ဒသမ ၅၀ ရာခိုင္ႏႈန္းႏွင့္ ၂၀၁၈ Mini Budget တြင္ ၁၁ ဒသမ ၈၈ ရာခိုင္ႏႈန္းသာသုံးစြဲထားသျဖင့္ ၂၀၁၈ စက္တင္ဘာ ၃၀ ရက္အထိ စုစုေပါင္း ၁၂ ဒသမ ၃၈ ရာခိုင္ႏႈန္း သုံးစြဲထားေၾကာင္း စာရင္းစစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ရန္ကုန္တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္ ေဒၚခင္သန္းလွက ဇန္နဝါရီ ၈ ရက္တြင္ စစ္ေဆး ေတြ႕ရွိခ်က္အစီရင္ခံစာကို ရန္ကုန္တိုင္းလႊတ္ေတာ္သို႔ တင္သြင္းခဲ့ျခင္းျဖစ္သည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 ### Unicode Version ###

ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ရန်ကုန်တိုင်းအစိုးရက New Yangon Development Co.,Ltd တွင် ငွေကျပ် ၁၀ ဘီလီယံထည့်ဝင်ထားခဲ့သည်။

အဆိုပါစီမံကိန်း စစ်ဆေးသည့်ကာလများတွင် ဝင်ငွေများရရှိခြင်းမရှိသေးဘဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ရင်းနှီးမြှုုပ်နှံငွေ ကျပ် ၁၀ ဘီလီယံကိုသာ ဘဏ်တွင် ထည့်သွင်းထားသဖြင့် ဘဏ်တိုး များသာရရှိနေသေးသည့် အခြေအနေတွင်သာရှိကြောင်း ၊ ဝင်ငွေသည် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၄၁ ဒသမ ၀၇ သန်းနှင့် ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၈ စက်တင်ဘာ ၃၀ ရက်အထိ ဝင်ငွေ ကျပ် ၃၉၄ ဒသမ ၁၃၄ သန်းရရှိခဲ့ကြောင်းဖော်ပြထားသည်။

အသုံးစရိတ်အဖြစ် ၂၀၁၇-၂၀၁၈ဘဏ္ဍာ ရေးနှစ် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၉၆ ဒသမ ၀၈၁ သန်း၊ ၂၀၁၈ (Mini Budget) တွင် ကျပ် ၁၁၈၃ ဒသမ ၄၅၉ သန်းသုံးစွဲခဲ့သည်ကို တွေ့ရကြောင်း၊ အသားတင်အရှုံးသည် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၁၈ မတ် ၃၁ ရက်အထိ ကျပ် ၅၅ ဒသမ ၀၁၁ သန်းနှင့် ၂၀၁၈ ဧပြီ ၁ ရက်မှ ၂၀၁၈ စက်တင်ဘာ ၃၀ ရက်အထိ ကျပ် ၇၈၉ ဒသမ ၃၂၅ သန်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အသုံးစရိတ်များသုံး စွဲရာတွင် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၁၈ မတ် ၃၁ ရက်အထိ ထည့်ဝင်ငွေ ၀ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ၂၀၁၈ Mini Budget တွင် ၁၁ ဒသမ ၈၈ ရာခိုင်နှုန်းသာသုံးစွဲထားသဖြင့် ၂၀၁၈ စက်တင်ဘာ ၃၀ ရက်အထိ စုစုပေါင်း ၁၂ ဒသမ ၃၈ ရာခိုင်နှုန်း သုံးစွဲ ထားကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ဇန်နဝါရီ ၈ ရက်တွင် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service