ပိုင္ဆိုင္မႈမရွိေသးတဲ့ လယ္ယာေျမကို အခြန္လြတ္ေျမဂရန္ ေလွ်ာက္မည္ဆိုလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
2290 Views

ပိုင္ဆိုင္မႈမရွိေသးတဲ့ လယ္ယာေျမကို အခြန္လြတ္ေျမဂရန္ ေလွ်ာက္မည္ဆိုလွ်င္

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###

အခြန္လြတ္ေျမဂရန္ဆိုတာ

(က) ဝင္ေငြမရွိေသာ အမ်ားျပည္သူအက်ိဳးျပဳလူမႈေရးလုပ္ငန္းမ်ားအတြက္ အခြန္လြတ္ေျမဂရန္

(ခ) ဘာသာေရး၊ သာသနာေရးအတြက္ အခြန္လြတ္သာသနာေျမဂရန္

(ဂ) ဗႏၶသိမ္ေျမဂရန္(အခြန္လြတ္သာသနာ့ေျမဂရန္ သို႔မဟုတ္ အခြန္လြတ္သာသနာ့ ေျမမ်ား အတြက္) စသည္တို႔အတြက္ ေလွ်ာက္ထားခြင့္ျပဳႏိုင္သည္။

သက္ဆိုင္ရာ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီဌာနတြင္ ဂရန္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ လိုအပ္သည့္ အခ်က္အလက္ေတြကေတာ့-

(က) ေလွ်ာက္ထားေျမအား ရရွိခဲ့သည့္အေထာက္အထားမ်ား (ဥပမာ- ေျမဝယ္စာခ်ဳပ္၊ လွဴဒါန္း/ေပးကမ္း စာခ်ဳပ္၊ တရား႐ုံးဆုံးျဖတ္ခ်က္မိတၱဴ၊ ေျမေပးမိန္႔၊ ေျမခ်ပါမစ္ စသည့္) ပါရွိရမည္

(ခ) ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွဴး လက္မွတ္ေရးထိုးထားသည့္ ေျမစာရင္း ပံုစံ(၁၀၅/ ၁၀၆) ႏွင့္ ပံုစံ(သက္ေသခံေျမစာရင္းပံုစံ ၁၀၅ ၌ သတ္မွတ္အခြန္တံဆိပ္ေခါင္းကပ္ႏွိပ္ထားရမည္) ပါရွိရမည္

(ဂ) ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္/ သာသနာဝင္ကဒ္မိတၱဴပါရွိရမည္

(ဃ) ေလွ်ာက္ထားေျမအတြက္ ႏိုင္ငံေတာ္သို႔ေျမခြန္၏ အဆ(၂၀) ေပးသြင္းထားသည့္ ေငြသြင္းခ်လံမူရင္းပါရွိရမည္

(င) အေဆာက္အအုံရွိပါက အေဆာက္အအုံ၏ေရွ႕ျမင္/ ေဘးျမင္ဓာတ္ပံု(၁)ပံုစီပါရွိရမည္

(စ) သက္ဆိုရပ္ကြက္/ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္ပါရွိရမည္

(ဆ) သာသနာ့ေျမအတြက္ သက္ဆိုရာသံဃာ့နာယကအဖြဲ႕အဆင့္ဆင့္ေထာက္ခံခ်က္ႏွင့္ ၿမိဳ႕နယ္/ ခ႐ိုင္/ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္သာသနာေရးဦးစီးဌာန၏ ေထာက္ခံခ်က္မ်ားပါရွိရမည္ အထက္ပါအတိုင္းေလွ်ာက္ထားလာပါက ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ေလွ်ာက္လႊာအားစိစစ္ၿပီး အမႈတြဲျပည့္စံုပါက ေလွ်ာက္ထားခ်က္မ်ားမွန္ကန္ျခင္းရွိ/မရွိ ကြင္းဆင္းစစ္ေဆးတင္ျပရန္ သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ေပးပို႔ရမည္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနသည္ ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနသို႔ အမႈတြဲေပးပို႔ၿပီး ေအာက္ပါတို႔ကို စစ္ေဆးပါသည္။

လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ ႏိုင္ငံေတာ္အစိုးရက ခ်ထားေပးႏိုင္သည့္ေျမ ျဖစ္လွ်င္ ကန္႔ကြက္လိုသူရွိ/မရွိေၾကာ္ျငာကပ္ၿပီး ကန္႔ကြက္သူမရွိပါက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးသည္ ေျမတိုင္း စာေရးႏွင့္အတူ ကြင္းဆင္းစစ္ေဆးၿပီး ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ စိစစ္ျပန္ၾကားရပါမည္။

ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တိုင္းေဒသႀကီး/ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ လည္းေကာင္း၊ တိုင္းေဒသႀကီး/ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန (ရံုးခ်ဳပ္)သို႔ ဆက္လက္တင္ျပ၍ ၫႊန္ၾကားေရးမွဴးခ်ဳပ္မွ အမိန္႔ေၾကာ္ျငာစာျဖင့္ ခြင့္ျပဳေၾကာင္းထုတ္ျပန္ၿပီး ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ျပန္လည္ေပးပို႔ပါသည္။ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ေလွ်ာက္ထားသို႔ သတ္မွတ္ဂရန္ပံုစံျဖင့္ သာသနာ့ဂရန္ထုတ္ေပးပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အခွန်လွတ်မြေဂရန်ဆိုတာ

(က) ဝင်ငွေမရှိသော အများပြည်သူအကျိုးပြုလူမှုရေးလုပ်ငန်းများအတွက် အခွန်လွတ်မြေဂရန်

(ခ) ဘာသာရေး၊ သာသနာရေးအတွက် အခွန်လွတ်သာသနာမြေဂရန်

(ဂ) ဗန္ဓသိမ်မြေဂရန်(အခွန်လွတ်သာသနာ့မြေဂရန် သို့မဟုတ် အခွန်လွတ်သာသနာ့ မြေများ အတွက်) စသည်တို့အတွက် လျှောက်ထားခွင့်ပြုနိုင်သည်။

သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတွင် ဂရန်လျှောက်ထားရမှာဖြစ်ပါတယ်။ လိုအပ်သည့် အချက်အလက်တွေကတော့-

(က) လျှောက်ထားမြေအား ရရှိခဲ့သည့်အထောက်အထားများ (ဥပမာ- မြေဝယ်စာချုပ်၊ လှူဒါန်း/ပေးကမ်း စာချုပ်၊ တရားရုံးဆုံးဖြတ်ချက်မိတ္တူ၊ မြေပေးမိန့်၊ မြေချပါမစ် စသည့်) ပါရှိရမည်

(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး လက်မှတ်ရေးထိုးထားသည့် မြေစာရင်း ပုံစံ(၁၀၅/ ၁၀၆)နှင့် ပုံစံ(သက်သေခံမြေစာရင်းပုံစံ ၁၀၅၌ သတ်မှတ် အခွန်တံဆိပ်ခေါင်းကပ်နှိပ် ထားရမည်) ပါရှိရမည်

(ဂ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်/ သာသနာဝင်ကဒ်မိတ္တူပါရှိရမည်

(ဃ) လျှောက်ထားမြေအတွက် နိုင်ငံတော်သို့မြေခွန်၏ အဆ(၂၀) ပေးသွင်းထားသည့် ငွေသွင်းချလံမူရင်း ပါရှိရမည်

(င) အဆောက်အအုံရှိပါက အဆောက်အအုံ၏ရှေ့မြင်/ ဘေးမြင်ဓာတ်ပုံ(၁)ပုံစီပါရှိရမည်

(စ) သက်ဆိုရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်

(ဆ) သာသနာ့မြေအတွက် သက်ဆိုရာသံဃာ့နာယကအဖွဲ့အဆင့်ဆင့်ထောက်ခံချက်နှင့် မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်သာသနာရေးဦးစီးဌာန၏ ထောက်ခံချက်များပါရှိရမည်

အထက်ပါအတိုင်းလျှောက်ထားလာပါက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး လျှောက်လွှာအားစိစစ်ပြီး အမှုတွဲပြည့်စုံပါက လျှောက်ထားချက်များမှန်ကန်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး တင်ပြရန် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်။ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ပြီး အောက်ပါတို့ကို စစ်ဆေးပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရက ချထားပေးနိုင်သည့်မြေ ဖြစ်လျှင် ကန့်ကွက်လိုသူရှိ/မရှိကြော်ငြာကပ်ပြီး ကန့်ကွက်သူမရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြေတိုင်း စာရေးနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စိစစ်ပြန်ကြားရပါမည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)သို့ ဆက်လက်တင်ပြ၍ ညွှန်ကြားရေးမှူးချုပ်မှ အမိန့်ကြော်ငြာစာဖြင့် ခွင့်ပြုကြောင်းထုတ်ပြန်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်ပေးပို့ပါသည်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လျှောက်ထားသို့ သတ်မှတ်ဂရန်ပုံစံဖြင့် သာသနာ့ဂရန်ထုတ်ပေးပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service