အခ်ိန္ၾကာျမင့္စြာ ရပ္ဆိုင္းထားသည့္ ထားဝယ္စီမံကိန္းစတင္ႏိုင္ၿပီဟုဆို - Property News in Myanmar from iMyanmarHouse.com
1587 Views

အခ်ိန္ၾကာျမင့္စြာ ရပ္ဆိုင္းထားသည့္ ထားဝယ္စီမံကိန္းစတင္ႏိုင္ၿပီဟုဆို

### Zawgyi Version ###

ရပ္တန္႔ထားသည့္ ထားဝယ္အထူးစီးပြားေရးဇုန္ျပန္လည္စတင္ရန္ ထိုင္းကုမၸဏီႏွင့္ စာခ်ဳပ္မ်ားျပင္ဆင္ ေဆာင္႐ြက္ၿပီး၍ စီမံကိန္းမၾကာခင္စတင္ႏိုင္ၿပီဟု ထား၀ယ္အထူးစီးပြား​ေရးဇုန္စီမံခန္႔ခြဲမူ​ေကာ္မတီက ထုတ္ျပန္​ေၾကညာသည္။

စာခ်ဳပ္ျပင္ဆင္မႈတြင္ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစက္မႈဇုန္နယ္ေျမစီမံကိန္းအတြက္ ကနဦးအဆင့္စီမံကိန္းရွစ္ခုအေကာင္အထည္ေဖာ္ေရးအဓိကအေျခခံအခ်က္မ်ားျဖစ္သည္ဟု ဆိုသည္။

ထိုသို႔စာခ်ဳပ္ျပင္ဆင္သတ္မွတ္ရာတြင္ ျမန္မာအစိုးရအ တြက္ ပိုမိုစြန႔္စားရျခင္း၊ ေငြေၾကး အက်ိဳးအျမတ္ေလ်ာ့နည္းေစျခင္း တို႔မေပၚေပါက္ေစေၾကာင္း ေကာ္မတီကဆိုသည္။ ထိုစာခ်ဳပ္ျပင္ဆင္ခ်ဳပ္ဆိုရာတြင္ ေငြေၾကးအရင္းအႏွီးအခြင့္အလမ္းမ်ားပိုမိုရရွိၿပီး ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေစမည္ဟု ေကာ္မတီက ဆိုသည္။

ေကာ္မတီသည္ အီတာလ်ံ - ထိုင္းကုမၸဏီကို စီမံကိန္းစတင္ ေဆာင္႐ြက္ႏိုင္ေၾကာင္းအေၾကာင္း ၾကားေပးပို႔မည္ဟုဆိုသည္။လက္ရွိတြင္ကုမၸဏီထံမွ ေငြလုံးေငြရင္း အတြက္တိက်ေသာလိုအပ္ခ်က္မ်ား၊ အေထာက္အထားမ်ားရရွိ ၿပီးျဖစ္သည္ဟု ေကာ္မတီကထုတ္ ျပန္ထားသည္။

‘‘ထိုင္းကုမၸဏီက စာခ်ဳပ္ ေတြလက္ခံၿပီးတာနဲ႔ စီမံကိန္းစတင္လို႔ရပါၿပီ’’ ဟု ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီ ဒုတိယဥကၠ႒ေဒါက္တာျမင့္ဆန္းကေျပာသည္။

ယခုျပင္ဆင္ထားသည့္ စာခ်ဳပ္မ်ားတြင္ စက္မႈဇုန္ကနဦးစီမံကိန္းမ်ားပါဝင္ၿပီး မၾကာမီသဘာဝဓာတ္ေငြ႕ရည္ဆိပ္ကမ္းစီမံကိန္း၊ ကနဦးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ ဆိပ္ကမ္းငယ္စီမံကိန္းမ်ား ေဆာင္႐ြက္ခြင့္မ်ားကို ဆက္လက္ေပးပို႔မည္ဟု ေကာ္မတီကဆိုသည္။

အီတာလ်ံ - ထိုင္းကုမၸဏီက ကနဦးစီမံကိန္းကို အေကာင္အထည္ေဖာ္ေနသည့္ ကာလအ တြင္း ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း အျခားစီမံကိန္းမ်ားကို သီးျခားကုမၸဏီမ်ားႏွင့္ စတင္ ေဆာင္႐ြက္ေနသည္ဟု ေကာ္မတီကဆိုသည္။

ထိုညႇိႏႈိင္းမႈမ်ားတြင္ တ႐ုတ္၊ကိုရီးယားႏွင့္ ထိုင္းကုမၸဏီမ်ားပါဝင္သည္ဟု ေဒါက္တာျမင့္ဆန္း ကဆိုသည္။ ထားဝယ္အထူးစီး ပြားေရးဇုန္၌ကနဦးစီမံကိန္းႏွင့္ ပင္မစီမံကိန္းဟူ၍ ႏွစ္ပိုင္းရွိ သည္။

ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀၀၈ တြင္ စတင္ၿပီးေျမ ဧရိယာတစ္ခုလုံးကို အီတာလ်ံ - ထိုင္းကုမၸဏီက လုပ္ကိုင္ခြင့္ ရရွိေသာ္လည္း လုပ္ငန္းလုပ္ကိုင္ႏိုင္ျခင္းမရွိ၍ ကုမၸဏီႏွင့္ ျမန္မာအစိုးရၾကားညႇိႏႈိင္းကာ ၂၀၁၅ ၌ ဧက ၆,၆၀၀သာေပးရန္ ျမန္မာအစိုးရက ဆုံးျဖတ္ခဲ့သည္။ လက္ရွိတြင္ အထူးစီးပြားေရးဇုန္ စီမံကိန္း စတင္ႏိုင္ရန္ ထိုင္းနယ္စပ္မွ အထူးစီးပြားေရးဇုန္သို႔သြားသည့္ ႏွစ္လမ္းသြားလမ္းမကို အီတာလ်ံ - ထိုင္းကုမၸဏီအားေဖာ္ ေဆာင္ခြင့္ေပးထားသည္။

ဘ႑ာေရး အခက္အခဲေၾကာင့္ စီမံကိန္းရပ္ဆိုင္းခဲ့သည့္ ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀၁၅ ဇူလိုင္တြင္ စီမံကိန္းျပန္လည္စတင္ရန္ ျမန္မာ - ထိုင္း - ဂ်ပန္သုံးႏိုင္ငံအစိုးရခ်င္းေဆြးေႏြးၿပီး ဂ်ပန္အစိုးရက စီးပြားေရးဇုန္အပါအဝင္ ထားဝယ္ေဒသ ဖြံ႕ၿဖိဳးေရးေဒၚလာ သန္း ၈၀၀ ေက်ာ္ထုတ္ေခ်းရန္ သေဘာတူခဲ့သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရပ်တန့်ထားသည့် ထားဝယ်အထူးစီးပွားရေးဇုန်ပြန်လည်စတင်ရန် ထိုင်းကုမ္ပဏီနှင့် စာချုပ်များပြင်ဆင် ဆောင်ရွက်ပြီး၍ စီမံကိန်းမကြာခင်စတင်နိုင်ပြီဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမူကော်မတီက ထုတ်ပြန်ကြေညာသည်။

စာချုပ်ပြင်ဆင်မှုတွင် ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်းအတွက် ကန ဦးအဆင့်စီမံကိန်းရှစ်ခုအကောင် အထည်ဖော်ရေးအဓိကအခြေခံအချက်များဖြစ်သည်ဟု ဆိုသည်။

ထိုသို့စာချုပ်ပြင်ဆင်သတ် မှတ်ရာတွင် မြန်မာအစိုးရအ တွက် ပိုမိုစွန့်စားရခြင်း၊ ငွေကြေး အကျိုးအမြတ်လျော့နည်းစေခြင်း တို့မပေါ်ပေါက်စေကြောင်း ကော်မတီကဆိုသည်။ ထိုစာချုပ်ပြင် ဆင်ချုပ်ဆိုရာတွင် ငွေကြေးအရင်းအနှီးအခွင့်အလမ်းများပိုမိုရရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည်ဟု ကော်မတီက ဆိုသည်။

ကော်မတီသည် အီတာလျံ - ထိုင်းကုမ္ပဏီကို စီမံကိန်းစတင် ဆောင်ရွက်နိုင်ကြောင်းအကြောင်း ကြားပေးပို့မည်ဟုဆိုသည်။လက် ရှိတွင်ကုမ္ပဏီထံမှ ငွေလုံးငွေရင်း အတွက်တိကျသောလိုအပ်ချက်များ၊ အထောက်အထားများရရှိ ပြီးဖြစ်သည်ဟု ကော်မတီကထုတ် ပြန်ထားသည်။

‘‘ထိုင်းကုမ္ပဏီက စာချုပ် တွေလက်ခံပြီးတာနဲ့ စီမံကိန်းစတင်လို့ရပါပြီ’’ ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌဒေါက်တာမြင့်ဆန်းကပြောသည်။

ယခုပြင်ဆင်ထားသည့် စာချုပ်များတွင် စက်မှုဇုန်ကနဦးစီမံကိန်းများပါဝင်ပြီး မကြာမီသဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းစီမံကိန်း၊ ကနဦးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ်စီမံကိန်းများ ဆောင်ရွက်ခွင့်များကို ဆက်လက်ပေးပို့မည်ဟု ကော်မတီကဆိုသည်။

အီတာလျံ - ထိုင်းကုမ္ပဏီက ကနဦးစီမံကိန်းကို အကောင်အထည်ဖော်နေသည့် ကာလအ တွင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း အခြားစီမံကိန်းများကို သီးခြားကုမ္ပဏီများနှင့် စတင် ဆောင်ရွက်နေသည်ဟု ကော်မတီကဆိုသည်။

ထိုညှိနှိုင်းမှုများတွင် တရုတ်၊ကိုရီးယားနှင့် ထိုင်းကုမ္ပဏီများပါဝင်သည်ဟု ဒေါက်တာမြင့်ဆန်း ကဆိုသည်။ ထားဝယ်အထူးစီး ပွားရေးဇုန်၌ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ နှစ်ပိုင်းရှိ သည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ တွင် စတင်ပြီးမြေ ဧရိယာတစ်ခုလုံးကို အီတာလျံ - ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိသော်လည်း လုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိ၍ ကုမ္ပဏီနှင့် မြန်မာအစိုးရကြားညှိနှိုင်းကာ ၂၀၁၅ ၌ ဧက၆,၆၀၀သာပေးရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နိုင်ရန် ထိုင်းနယ်စပ်မှ အထူးစီးပွားရေးဇုန်သို့သွား သည့် နှစ်လမ်းသွားလမ်းမကို အီတာလျံ - ထိုင်းကုမ္ပဏီအားဖော် ဆောင်ခွင့်ပေးထားသည်။

ဘဏ္ဍာရေး အခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ဇူလိုင်တွင် စီမံကိန်းပြန်လည်စတင်ရန် မြန်မာ - ထိုင်း - ဂျပန်သုံးနိုင်ငံအစိုးရချင်းဆွေးနွေးပြီး ဂျပန်အစိုးရက စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ချေးရန် သဘောတူခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service