SME ေတြကို ေငြေခ်းဖို႔ JICA ေခ်းေငြ ဘီလီယံ ၆၀ ေက်ာ္ က်န္ေနေသး - Property News in Myanmar from iMyanmarHouse.com
976 Views

SME ေတြကို ေငြေခ်းဖို႔ JICA ေခ်းေငြ ဘီလီယံ ၆၀ ေက်ာ္ က်န္ေနေသး

### Zawgyi Version ###

အေသးစား၊ အလတ္စားနဲ႔ အငယ္စားစီးပြားေရးလုပ္ငန္း MSME ေတြအေနနဲ႔ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ JICA ရဲ႕ ေခ်းေငြ က်ပ္ဘီလီယံ ၆၀ ေက်ာ္ကို ေခ်းယူႏိုင္တယ္လို႔ ျမန္မာ့စီးပြားေရးဘဏ္က ေၾကညာလိုက္ပါတယ္။

MSME လုပ္ငန္းေတြအတြက္ JICA ကေန ဂ်ပန္ယန္းေငြ သန္းေပါင္း တစ္ေသာင္းေက်ာ္ ျမန္မာက်ပ္ေငြ ၁၄၀ ေက်ာ္ ဘီလီယံရယူထားတာပါ၊ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာအထိ ျပည္တြင္း MSME လုပ္ငန္းရွင္ ၄၈၀ ေက်ာ္ကို က်ပ္ ၈၃ ဘီလီယံအထိ ထုတ္ေခ်းေပးထားတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ က်န္ရွိေနေသးတဲ့ ေခ်းေငြေတြကို ျပည္တြင္းဘဏ္ ၁၁ ခုမွာ ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ဒီလိုထုတ္ေခ်းေပးရာမွာ အေသးစား၊ အလတ္စားနဲ႔ အငယ္စားလုပ္ငန္းတစ္ခုကို အမ်ားဆုံး က်ပ္သန္း ၅၀၀ ေခ်းႏိုင္ၿပီး အတိုးႏႈန္းကေတာ့ အေပါင္ပစၥည္းေပးႏိုင္တဲ့အေပၚမူတည္ၿပီး အနည္းဆုံး ၈ ဒႆမ ၅ ကေန အမ်ားဆုံး ၁၃ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔ ဆိုပါတယ္။

ရရွိတဲ့ ေခ်းေငြကိုလည္း ပုံေသရင္းႏွီးေငြအတြက္ ေခ်းေငြရဲ႕ ၈၀ ရာခိုင္ႏႈန္းအသုံးျပဳရမွာျဖစ္ၿပီး လုပ္ငန္းလွည့္ပတ္ရင္းႏွီးေငြအတြက္ေတာ့ ၂၀ ရာခိုင္ႏႈန္း သတ္မွတ္ထားတာပါ။

လက္ရွိမွာ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္း MSME ေတြအေနနဲ႔ ေခ်းေငြရရွိဖို႔ ခက္ခဲေနတာေတြရွိၿပီး အေပါင္ပစၥည္းျပရတာေတြကလည္း အခက္အခဲတစ္ခုျဖစ္တယ္လို႔ လုပ္ငန္းရွင္အခ်ိဳ႕ကေျပာဆိုတာေတြလည္းရွိေနတာပါ။

ဒါေပမယ့္ လက္ရွိမွာ MSME လုပ္ငန္းေတြအတြက္ အေပါင္ပစၥည္းမဲ့ ေငြထုတ္ေခ်းႏိုင္မယ့္ ဥပေဒကို ေရးဆြဲထားၿပီး လႊတ္ေတာ္မွာ တင္ျပႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ စက္မႈႀကီးၾကပ္ေရးနဲ႔ၫႊန္ၾကားေရးမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေအးေအးဝင္းက ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းကေျပာၾကားထားပါတယ္။

ဒီဥပေဒကို လႊတ္ေတာ္ထဲမွာ အေရးႀကီးဥပေဒအျဖစ္ သတ္မွတ္ၿပီး ေဆြးေႏြးမယ္ဆိုရင္ေတာ့ လာမယ့္ႏွစ္ ႏွစ္ကုန္ပိုင္းမွာ အတည္ျပဳႏိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဘဏ္ေတြအေနနဲ႔ MSME ေတြကို ေခ်းေငြေခ်းေပးရာမွာ အေပါင္ပစၥည္းျပခိုင္းတာေတြဟာ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြမျပည့္စုံတာေၾကာင့္ျဖစ္တယ္လို႔ MSME လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ဇာနည္ေမာင္ေမာင္ကေျပာပါတယ္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အသေးစား၊ အလတ်စားနဲ့ အငယ်စားစီးပွားရေးလုပ်ငန်း MSME တွေအနေနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ရဲ့ ချေးငွေ ကျပ်ဘီလီယံ ၆၀ ကျော်ကို ချေးယူနိုင်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ကြေညာလိုက်ပါတယ်။

MSME လုပ်ငန်းတွေအတွက် JICA ကနေ ဂျပန်ယန်းငွေ သန်းပေါင်း တစ်သောင်းကျော် မြန်မာကျပ်ငွေ ၁၄၀ ကျော် ဘီလီယံရယူထားတာပါ၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအထိ ပြည်တွင်း MSME လုပ်ငန်းရှင် ၄၈၀ ကျော်ကို ကျပ် ၈၃ ဘီလီယံအထိ ထုတ်ချေးပေးထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကျန်ရှိနေသေးတဲ့ ချေးငွေတွေကို ပြည်တွင်းဘဏ် ၁၁ ခုမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒီလိုထုတ်ချေးပေးရာမှာ အသေးစား၊ အလတ်စားနဲ့ အငယ်စားလုပ်ငန်း တစ်ခုကို အများဆုံး ကျပ်သန်း ၅၀၀ ချေးနိုင်ပြီး အတိုးနှုန်းကတော့ အပေါင်ပစ္စည်းပေးနိုင်တဲ့အပေါ်မူတည်ပြီး အနည်းဆုံး ၈ ဒဿမ ၅ ကနေ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

ရရှိတဲ့ ချေးငွေကိုလည်း ပုံသေရင်းနှီးငွေအတွက် ချေးငွေရဲ့ ၈၀ ရာခိုင်နှုန်းအသုံးပြုရမှာဖြစ်ပြီး လုပ်ငန်းလှည့်ပတ်ရင်းနှီးငွေအတွက်တော့ ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားတာပါ။

လက်ရှိမှာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း MSME တွေအနေနဲ့ ချေးငွေရရှိဖို့ ခက်ခဲနေတာတွေရှိပြီး အပေါင်ပစ္စည်းပြရတာတွေကလည်း အခက်အခဲတစ်ခုဖြစ်တယ်လို့ လုပ်ငန်းရှင်အချို့ကပြောဆိုတာတွေလည်းရှိနေတာပါ။

ဒါပေမယ့် လက်ရှိမှာ MSME လုပ်ငန်းတွေအတွက် အပေါင်ပစ္စည်းမဲ့ ငွေထုတ်ချေးနိုင်မယ့် ဥပဒေကို ရေးဆွဲထားပြီး လွှတ်တော်မှာ တင်ပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စက်မှုကြီးကြပ်ရေးနဲ့ညွှန်ကြားရေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပြောကြားထားပါတယ်။

ဒီဥပဒေကို လွှတ်တော်ထဲမှာ အရေးကြီးဥပဒေအဖြစ် သတ်မှတ်ပြီး ဆွေးနွေးမယ်ဆိုရင်တော့ လာမယ့်နှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ်တွေအနေနဲ့ MSME တွေကို ချေးငွေချေးပေးရာမှာ အပေါင်ပစ္စည်းပြခိုင်းတာတွေဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေမပြည့်စုံတာကြောင့်ဖြစ်တယ်လို့ MSME လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇာနည်မောင်မောင်ကပြောပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service