သင့္အိမ္မွာ ျခင္ေဆးေခြနွင့္ပရုတ္လံုးေတြ အသံုးျပဳေနပါကမျဖစ္မေန သိထားသင့္ပါတယ္ - Property Knowledge in Myanmar from iMyanmarHouse.com
214060 Views

သင့္အိမ္မွာ ျခင္ေဆးေခြနွင့္ပရုတ္လံုးေတြ အသံုးျပဳေနပါကမျဖစ္မေန သိထားသင့္ပါတယ္

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###

ကမၻာ႔လူသုံးကုန္ပစၥည္းမ်ားအဖြဲ႕ရဲ႕ ေၾကညာခ်က္အရ ႏွစ္စဥ္ အေမရိကန္လူမ်ိဴး ၃၃.၁ မီလီယန္ေလာက္ဟာ အိမ္သုံးပစၥည္းမ်ားေၾကာင့္ က်န္းမာေရးထိခိုက္ျခင္းကို ခံစားေနရတယ္လို႔ ဆိုပါတယ္။ထိုသို႔ျဖစ္ရျခင္းဟာ အိမ္သုံးပစၥည္းမ်ားတြင္ပါဝင္ေသာ ဓာတုပစည္းမ်ားေၾကာင့္လို႔ သိပံပညာရွင္မ်ားက ယုံၾကည္ၾကပါတယ္။

(၁)ျခင္ေဆးေခြ

ျမန္မာႏိုင္ငံလို ျခင္ေပါတဲ့ႏိုင္ငံအေနႏွင့္ေတာ့ ျခင္ေဆးေခြဟာ မရွိမျဖစ္အေရးပါပါတယ္။အထူးသျဖင့္ နယ္ဘက္လိုေနရာမ်ိဴးေတြမွာဆိုရင္ ျခင္ေဆးေခြကို အိမ္တိုင္းနီးပါးအသုံးျပဳၾကပါတယ္။ျခင္ေျပးေစတာမို႔ျခင္ႏွင့္ပတ္သက္ေသာက်န္းမာေရးျပႆနာမ်ားကို တားဆီးႏိုင္ေသာ္ျငားလည္း အျခားေသာ ေၾကာက္စရာေရာဂါေတြကိုေတာ့ လက္ယပ္ေခၚေနသလို ျဖစ္ေစေၾကာင္းေတြ႕ရွိထားပါတယ္။ သိပံပညာရွင္ေတြရဲ႕ စမ္းသပ္ခ်က္မ်ားအရ ျခင္ေဆးတစ္ေခြကေနလာေသာမီးခိုးေငြ႕ေတြဟာဆိုရင္ ေဆးလိပ္ေပါင္း ၇၅ လိပ္ကေန ၁၃၇ လိပ္ကေနထြက္လာေသာမီးခိုးေငြ႕ေတြနဲ႔ညီမွ်တယ္ဆိုတာသိရပါတယ္။ အဆုတ္နဲ႔ပတ္သက္ေသာေရာဂါဆိုးႀကီးေတြ ျဖစ္ေပၚေစဖို႔ ေကာင္းေကာင္းလုံေလာက္ေသာပမာဏပဲ ျဖစ္ပါတယ္။

(၂)ေလသန႔္ေဆးမ်ား (air fresheners)

ေလသန႔္ေဆးဗူးေတြမွာဆိုရင္ terpenes ႏွင့္ ethylene ကိုအေျခခံထားေသာ glycol ether ျဒပ္ေပါင္းေတြ ပါဝင္ပါတယ္။ပထမျဒပ္ေပါင္းဟာ ေလႏွင့္ထိေတြ႕တာႏွင့္တၿပိဳင္တည္း အဆိပ္ေငြ႕မ်ားအျဖစ္ေျပာင္းလဲသြားၿပီး ဒုတိယျဒပ္ေပါင္းကေတာ့ သူ႔ပင္ကိုသဘာဝကိုကပင္ အဆိပ္အေတာက္မ်ား ပါရွိပါတယ္။ဒါေၾကာင့္ ေလသန႔္ေဆးဗူးေတြကိုမျဖစ္မေနအသုံးျပဳမယ္ဆိုပါက ေလဝင္ေလထြက္ေကာင္းေသာေနရာမ်ိဴးႏွင့္ အခန္းက်ယ္မ်ားတြင္သာ အသုံးျပဳသင့္တယ္ေနာ္။

(၃)ပ႐ုတ္လုံး

ပ႐ုတ္လုံးတြင္ပါေသာ paradichlorobenzene ဆိုတဲ့ျဒပ္ေပါင္းဟာ တိရစာၦန္မ်ားကို ကင္ဆာျဖစ္ေစႏိုင္ပါတယ္။လူေတြကိုေတာ့ ထိုသို႔ကင္ဆာျဖစ္ႏိုင္စြမ္းရွိမရွိ သက္ေသမျပႏိုင္ေသးေသာ္လည္းသတိထားသင့္ေသာအရာ ျဖစ္ပါတယ္။

အခ်ိဴ႕ပ႐ုတ္လုံးမ်ားတြင္ပါဝင္ေသာ naphthalene ဟာ လူေတြရဲ႕ ေသြးနီဥေတြကို ပ်က္စီးေစတာမို႔ ေမြးရာပါ G6PD ခ်ိဴ႕တဲ့ေသာ ကေလးငယ္ေတြအေနနဲ႔ အထူးေရွာင္ရွားရပါတယ္။

(၄)အေမြးတိုင္

ျခင္ေဆးေခြမ်ားမွာလိုပဲ အေမြးတိုင္က ထြက္လာတဲ့အေငြ႕ေတြ႕မွာ က်န္းမာေရးကို ဆိုးက်ိဴးျဖစ္ေပၚေစေသာ ဓာတ္ေတြ အေျမာက္အမ်ားပါဝင္တာကို ေတြ႕ရပါတယ္။ ပန္းနာရင္က်ပ္ႏွင့္အဆုတ္ေရာဂါကေန ကင္ဆာျဖစ္ႏိုင္သည္အထိ ဆိုးက်ိဳးျဖစ္ေပၚႏိုင္ပါတယ္။

(၅)ႀကိတ္သား

ယခုအခါ ႀကိတ္သားျဖင့္ျပဳလုပ္ေသာ ပရိေဘာဂမ်ားကို အိမ္တိုင္းနီးပါးမွာ အသုံးျပဳလာၾကတာေတြ႕ရပါတယ္။အျမင္အားျဖင့္ လွပသလို ေဈးႏႈန္းကလည္း ခ်ိဴသာတာမို႔ လူအသုံးမ်ားလွပါတယ္။ ဒါေပမယ့္လည္း က်န္းမာေရးရႈေထာင့္ကၾကည့္ပါက အႏၲရာယ္ရွိတာကို ေတြ႕ရွိရပါတယ္။ ႀကိတ္သားျဖစ္လာဖို႔အတြက္အသုံးျပဳရေသာ ေကာ္အမ်ိဴးအစားမွာ ureaformaldehyde ပါဝင္ၿပီး ထိုကေနတဆင့္ သင့္အခန္းအတြင္းသို႔ အႏၲရယ္ရွိေသာ formaldehyde မ်ားကို ထုတ္လြတ္ေပးမွာ ျဖစ္ပါတယ္။သင့္အခန္းဟာ ပူေႏြးစိုစြတ္ေလေလ ေဖာ္မယ္ဒီဟိုက္မ်ားကို ပိုမိုထုတ္ေလေလျဖစ္ေစမွာပါ။ၾကာရွည္ထိေတြ႕ရတာနဲ႔တၿပိဳင္နက္ ပန္းနာရင္က်ပ္၊အဆုတ္ကင္ဆာစေသာ အဆုတ္ျပႆနာမ်ားကို ျဖစ္ေပၚေစမွာမို႔ သတိထားသင့္တယ္ေနာ္။

Credit: Dr Poe Thar Khin ( Daily Hot News )

 

### Unicode Version ###

ကမ္ဘာ့လူသုံးကုန်ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိူး ၃၃.၁မီလီယန်လောက်ဟာ အိမ်သုံးပစည်း များကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစည်း များကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။

(၁)ခြင်ဆေးခွေ

မြန်မာနိုင်ငံလို ခြင်ပေါတဲ့နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ်အရေးပါပါတယ်။အထူးသဖြင့် နယ်ဘက်လိုနေရာမျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါးအသုံးပြုကြပါတယ်။ခြင်ပြေးစေတာမို့

ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။ သိပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော

မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ၁၃၇လိပ်ကနေထွက်လာသောမီးခိုးငွေ့တွေနဲ့ညီမျှတယ်ဆိုတာသိရပါတယ်။ အဆုတ်နဲ့ပတ်သက်သောရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်းလုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)

-လေသန့်ဆေးဗူးတွေမှာဆိုရင်terpenesနှင့် ethylene ကိုအခြေခံထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ပထမဒြပ်ပေါင်းဟာ လေနှင့်ထိတွေ့တာနှင့်တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီး ဒုတိယဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။ဒါကြောင့် လေသန့်ဆေးဗူးတွေကို

မဖြစ်မနေအသုံးပြုမယ်ဆိုပါက လေဝင်လေထွက်ကောင်းသောနေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။

(၃)ပရုတ်လုံး

ပရုတ်လုံးတွင်ပါသော paradichlorobenzene ဆိုတဲ့ဒြပ်ပေါင်းဟာ တိရစ္ဆာန်များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။လူတွေကိုတော့ ထိုသို့ကင်ဆာဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်းသတိထားသင့်သောအရာ ဖြစ်ပါတယ်။

အချိူ့ပရုတ်လုံးများတွင်ပါဝင်သော naphthalene ဟာ လူတွေရဲ့ သွေးနီဥတွေကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။

(၄)အမွေးတိုင်

ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

(၅)ကြိတ်သား

ယခုအခါ ကြိတ်သားဖြင့်ပြုလုပ်သော ပရိဘောဂများကို အိမ်တိုင်းနီးပါးမှာ အသုံးပြုလာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ်ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ urea

formaldehyde ပါဝင်ပြီး ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကို ပိုမိုထုတ်လေလေဖြစ်စေမှာပါ။ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။

Credit: Dr Poe Thar Khin ( Daily Hot News )

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service