အနာဂတ္အိမ္ရာဖြံ ့ၿဖိဳးေရးမူဝါဒကိုဆန္းစစ္ျခင္း - Property News in Myanmar from iMyanmarHouse.com
1135 Views

အနာဂတ္အိမ္ရာဖြံ ့ၿဖိဳးေရးမူဝါဒကိုဆန္းစစ္ျခင္း

### Zawgyi Version ###

ျမန္မာႏိုင္ငံတြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳး ေရးႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဟူသည္ ကံဇာတာမြဲေသာ ဖြံ႕ၿဖိဳးေရးနယ္ ပယ္ႏွစ္ရပ္ဟုဆိုႏိုင္၏။တိုင္းျပည္ လြတ္လပ္ေရးရရွိၿပီးေနာက္ အိမ္ရာဖြံ႕ၿဖိဳးေရးဥပေဒသာရွိၿပီး ၿမိဳ႕ ျပဖြံ႕ၿဖိဳးေရးဥပေဒမရွိ။ ထို႔ေၾကာင့္ ႏိုင္ငံတကာႏွင့္ ယွဥ္၍ၿမိဳ႕ျပႏွင့္ ေဒသစီမံကိန္းလုပ္ငန္းမ်ား စနစ္ တက်ေဆာင္႐ြက္ႏိုင္ရန္အတြက္ ၁၉၆၁ ခုႏွစ္တြင္ ဥပေဒတစ္ရပ္ ေရးဆြဲခဲ့ေလ၏။

ေရးဆြဲခဲ့ေသာ ဥပေဒၾကမ္းကို လႊတ္ေတာ္၏အတည္ျပဳခ်က္ရရွိခဲ့ၿပီးေနာက္ သမၼတႀကီး လက္မွတ္ေရးထိုး ထုတ္ျပန္အံ့နီးနီး၌ ႏိုင္ငံေတာ္သမၼတႀကီးႏွင့္ အစိုးရအဖြဲ႕ထိန္းသိမ္းခံခဲ့ရ၏။ အာဏာသိမ္းပြဲ ႀကီးေပၚေပါက္လာျခင္းျဖစ္၏။

ဥပေဒမူၾကမ္းလည္း စုံးစုံးျမဳပ္ သြားခဲ့ေလ၏။ မဆလေခတ္သို႔ ေရာက္ေသာ္တိုင္းျပည္စီးပြားေရး က ဗဟိုမွခ်ဳပ္ကိုင္ေသာစီးပြားေရး စနစ္ျဖစ္လာ၏။ မူလေရးဆြဲထားေသာၿမိဳ႕ျပႏွင့္ေဒသဖြံ႕ၿဖိဳးေရးစီမံ ကိန္းဥပေဒက ပါလီမန္ဒီမိုကေရ စီေခတ္ႏွင့္ လိုက္ေလ်ာညီေထြ ေရးဆြဲထားျခင္းျဖစ္ရာေခတ္ႏွင့္သဟဇာတမျဖစ္ေတာ့ေပ။ ဆိုရွယ္လစ္ေခတ္ႏွင့္ ေလ်ာ္ညီေအာင္အစမွအဆုံးအသစ္ျပန္ ေရးဆြဲမွျဖစ္မည့္ အေနအထားႏွင့္ႀကဳံရ၏။ ထို႔ေၾကာင့္ မူလဥပေဒမူၾကမ္းႀကီးမွာ ‘ စားရမွာလည္း သဲတရွပ္ရွပ္၊ ပစ္ရမွာလည္းအဆီဝင္းဝင္း’ ျဖစ္ၿပီး ဗီ႐ိုထဲမွာ သာကိန္းဝပ္ေနခဲ့ရေပ၏။ စာ ႐ြက္မ်ားတျဖည္းျဖည္းျခစားလာ ေလေတာ့၏။

ရွစ္ေလးလုံးအလြန္ တပ္မေတာ္အစိုးရလက္ထက္တြင္ ဥပေဒကဲ့သို႔အာဏာတည္ေသာအမိန႔္မ်ားျပ႒ာန္း၍ အုပ္ခ်ဳပ္ေရး ကို အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း ေတြ႕ရွိႏိုင္၏။ ဤသို႔ျဖင့္ ၂၀၁၂ တြင္ဒီမိုကေရစီေခတ္သို႔ ေရာက္ရွိလာ၏။ ၿမိဳ႕ျပႏွင့္ ေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား တစ္ေခတ္ဆန္းရန္အခ်က္ေပးသံႏွင့္အတူ ျပည္ေထာင္စုအဆင့္မွ ဦးစားေပးတာဝန္ယူမႈတံခါးႀကီးပြင့္လာျပန္ ၏။ MICC 2 ၌ၿမိဳ႕ျပႏွင့္ အိမ္ရာ ဖြံ႕ၿဖိဳးမႈမူဝါဒႏွင့္ စီမံကိန္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲႀကီးကိုတခမ္းတနားက်င္းပခဲ့၏။

သမၼတႀကီး ဦးသိန္းစိန္ ကိုယ္တိုင္တက္ေရာက္ မိန႔္ခြန္းေျပာၾကားခဲ့၏။ ေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုအ စိုးရဝန္ႀကီးမ်ားႏွင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားမွ ဝန္ႀကီးမ်ားပါတက္ေရာက္ၿပီး ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးစည္ပင္၊ အ ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာ န၊ UN - HABITAT တို႔မွစာတမ္းမ်ား ဖတ္ၾကားေဆြးေႏြးၾကၿပီး ေနာက္ မူဝါဒအေျခခံႏွင့္ ေရွ႕လုပ္ငန္းစဥ္မ်ားကို စုစည္းခ်မွတ္ခဲ့ရာတြင္ ၿမိဳ႕ျပႏွင့္ေဒသဖြံ႕ၿဖိဳးေရး ဥပေဒျပန္လည္ေရးဆြဲေရးလုပ္ငန္းစဥ္လည္းပါဝင္လာ၏။

သို႔ ေသာ္ ၎ေဆြးေႏြးပြဲမွာ ပြဲၿပီးမီး ေသျဖစ္သြားခဲ့ၿပီး အစိုးရသက္တမ္းကုန္ဆုံးမႈႏွင့္အတူ အၿပီး တိုင္ကြယ္ေပ်ာက္သြားေလ၏။

NLD အစိုးရသစ္တက္လာေသာအခါ ‘ၿမိဳ႕ျပႏွင့္ ေဒသဖြံ႕ၿဖိဳးေရးစီမံကိန္းဥပေဒမူၾကမ္း’ ကို ေရးဆြဲၿပီးေရွ႕ေနခ်ဳပ္႐ုံး၊ ထိုမွတစ္ဆင့္ သမၼတ႐ုံး၊ ထိုမွတစ္ဆင့္အစိုးရအဖြဲ႕အဆင့္ဆင့္အတည္ျပဳ ခ်က္မ်ားရရွိခဲ့၏။ ေအာက္ေျခ ေဆြးေႏြးပြဲမ်ားလည္းျပဳလုပ္ခဲ့၏။

သတင္းစာမ်ားတြင္လည္း ေဖာ္ျပခဲ့၏။ သို႔ေသာ္လႊတ္ေတာ္သို႔ ေပးပို႔ေသာအခါ ဖြဲ႕စည္းပုံအေျခခံ ဥပေဒဇယား (၂) အရတိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရဥပေဒျပဳဇယားတြင္ ပါဝင္ေသာလုပ္ငန္း ဟုဆိုကာ ေနာင္အေျခခံဥပေဒ ျပင္ဆင္ေရးဆြဲၿပီးမွ ျပန္လည္တင္ျပရန္ႏွင့္ ဆိုင္းငံ့ထားရန္သာအ ေျဖရရွိခဲ့ေၾကာင္းသိရွိရေလ၏။

ဤကား ၁၉၆၁ ခုႏွစ္ကဲ့သို႔ပင္ ဒုတိယမၸိေနာက္ဆုံးအဆင့္ေရာက္ခါနီး ‘ဆင္ေျပာင္ႀကီးအၿမီးက်မွ တစ္’ ခဲ့ရျခင္းျဖစ္ေပသည္။ ထို႔ ေၾကာင့္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးဟူသည္ ျမန္မာျပည္တြင္ ကံမေကာင္း ေသာနယ္ပယ္တစ္ရပ္ဟုဆိုခဲ့ ျခင္းျဖစ္ပါသည္။

အလားတူပင္ အိမ္ရာဖြံ႕ၿဖိဳး ေရးနယ္ပယ္ကို သုံးသပ္ၾကည့္ေသာအခါတစ္ႏြယ္ငင္တစ္စင္ပါ ဆိုသကဲ့သို႔ သူလည္းကံမေကာင္းရွာပါလားဟု သုံးသပ္မိ၏။

သူက ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးနယ္ပယ္ထက္သာ လြန္သည္မွာ လြတ္လပ္ေရးရရွိၿပီး ေနာက္ ၁၉၅၁ ခုႏွစ္ႏိုင္ငံေတာ္ ျပည္သူ႔အိုးအိမ္ ျပန္လည္ထူေထာင္ေရးႏွင့္ ၿမိဳ႕႐ြာစည္ပင္ေရး အဖြဲ႕ဥပေဒတစ္ရပ္တည္ရွိခဲ့ျခင္း ျဖစ္ေပသည္။ ၎ဥပေဒအရေပၚ ေပါက္လာေသာ ႏိုင္ငံေတာ္ျပည္သူ႔အိုးအိမ္ ျပန္လည္ထူေထာင္ေရးႏွင့္ ၿမိဳ႕႐ြာစည္ပင္ေရးဦးစီးဌာနဟူသည္ ႏိုင္ငံေတာ္၏ အိမ္ရာျပႆနာကို ေျဖရွင္းရန္အတြက္ ‘ အမ်ိဳးသားအဆင့္’ အဖြဲ႕အစည္းျဖစ္ခဲ့ေၾကာင္းႏွင့္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုုယ္တိုင္ ဥကၠ႒အျဖစ္တာဝန္ယူခဲ့ေၾကာင္း ေတြ႕ရွိရ၏။

သီးျခားဝန္ႀကီးဌာနအဆင့္ရွိေသာ ဖြဲ႕စည္းပုံလည္းျဖစ္၏။ စစ္ၿပီးေခတ္ၿမိဳ႕ျပျပည္သူမ်ား အထူးသျဖင့္ တိုင္းရင္းသားမ်ားအိမ္ရာမဲ့ဘဝမွ လြတ္ေျမာက္ေစရန္ ‘အငွားအိမ္ရာ’ စနစ္ျဖင့္ ေအာင္ျမင္စြာျဖည့္ ဆည္းႏိုင္ခဲ့ေၾကာင္းေတြ႕ရွိရေပသည္။

ဆိုရွယ္လစ္ေခတ္သို႔ ေရာက္ေသာအခါ ဝန္ႀကီးဌာနအဆင့္မွ ျပဳတ္က်ခဲ့၏။ ဌာနအမည္ ကိုလည္း အိုးအိမ္ေကာ္ပိုေရးရွင္း ဟု ဖြဲ႕စည္းျပန္၏။ ထိုမွတစ္ဖန္ အိုးအိမ္အဖြဲ႕ဟုေျပာင္းျပန္၏။ ေနာက္ဆုံးအိုးအိမ္ဦးစီးဌာနဟူ၍ ျဖစ္လာေပ၏။

တပ္မေတာ္အစိုးရလက္ထက္သို႔ေရာက္ေသာအခါ ‘ လူေနၿမိဳ႕႐ြာႏွင့္ အိုးအိမ္ဖြံ႕ ၿဖိဳးေရးဦးစီးဌာန’ (Department of Human Settlement and Housing Development-DHSHD) ျဖစ္လာ၏။ ဒီမိုကေရစီေခတ္သို႔ ျပန္ေရာက္ေသာအခါ ‘ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီး ဌာန’ ျဖစ္လာျပန္၏။

ထို႔အျပင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးနည္းတူ အိမ္ရာဖြံ႕ၿဖိဳးေရးမွာလည္း မူဝါဒမရွိဘဲအတူတကြ ေလွာ္ခတ္ေနခဲ့ရေသာ ဘဝဟုဆိုႏိုင္၏။ လက္ရွိၿမိဳ႕ျပမူဝါဒမူၾကမ္း တြင္လည္း ‘အိမ္ရာမူဝါဒ’ ကို အျမန္ဆုံးေရးဆြဲရမည့္ ဦးစားေပးလုပ္ငန္း (Priority Action) တစ္ရပ္အျဖစ္ ထိပ္ဆုံးမွေဖာ္ျပထား ေၾကာင္းေတြ႕ရွိရေပသည္။

မည္သို႔ဆိုေစ ေရွးယခင္အစိုးရ အဆက္ဆက္မူဝါဒခ်မွတ္ေပးရန္လိုအပ္ခ်က္မ်ား ရွိခဲ့ပါေသာ္လည္း ျမန္မာႏိုင္ငံ၌အထက္ပါနယ္ပယ္ ႏွစ္ရပ္စလုံးတြင္ ရလဒ္ေကာင္းမ်ား ျဖစ္ထြန္းေအာင္ အတိုင္းအတာတစ္ခုအထိေဆာင္ၾကဥ္းေပးႏိုင္ခဲ့သည္မွာ ဂုဏ္ယူဖြယ္ရာျဖစ္ေပ၏။

အိမ္ရာဖြံ႕ၿဖိဳးေရးနယ္ပယ္ တြင္လည္း ၁၉၅၃ ကစ၍ ႏိုင္ငံတစ္ဝန္းရွိၿမိဳ႕ႀကီးအားလုံး၌ ျပည္ သူ႔အငွားအိမ္ရာႏွင့္ ဝန္ထမ္းအငွားအိမ္ရာမ်ားပါဝင္ေသာအိမ္ရာစခန္းမ်ား (Rental Housing Estates) မ်ားတည္ေဆာက္ေပးျခင္းျဖင့္ ေျခလွမ္းစတင္ခဲ့ရာမွ အိမ္ရာစီမံကိန္း နည္းဗ်ဴဟာမ်ိဳးစုံကိုၿမိဳ႕ျပျပည္သူမ်ားအတြက္ တိုးခ်ဲ႕အေကာင္အထည္ေဖာ္ေပးႏိုင္ခဲ့ေၾကာင္း ေတြ႕ရွိရေပသည္။

အိမ္ေစာင့္အစိုးရလက္ထက္တြင္ ၁၉၅၈ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပႏွင့္ သာေကတစေသာ ၿမိဳ႕သစ္မ်ားတည္ေဆာက္၍ က်ဴးေက်ာ္အိမ္ရာေပါင္းငါးေသာင္းခန႔္ကို ေနရာခ်ထားေပးခဲ့ျခင္း၊ မဆလေခတ္ ၁၉၆၅ တြင္ ‘ လုပ္အားေပးအိမ္ရာ’ စီမံကိန္းျဖင့္ လုပ္အားေပးသူ အိမ္ရာမဲ့ျပည္သူမ်ားအားသုဝဏၰၿမိဳ႕သစ္တည္ေဆာက္၍ ေနရာခ်ထားျခင္း၊ တပ္မေတာ္အစိုးရ လက္ထက္ ၁၉၈၈ ကစ၍ၿမိဳ႕သစ္ခုနစ္ၿမိဳ႕တည္ေဆာက္ၿပီး က်ဴးေက်ာ္အိမ္ရာ တစ္သိန္းခန႔္ကို ေနရာခ်ထားျခင္းစသည့္အဓိက စီမံကိန္းႀကီးမ်ား ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း၊ ၿမိဳ႕သစ္မ်ားတြင္ ေနထိုင္ေသာ ျပည္သူမ်ားအလုပ္အကိုင္ရရွိေရး အတြက္လည္း စက္မႈဇုန္မ်ားတည္ေဆာက္ေပးခဲ့ေၾကာင္းေတြ႕ ရွိရေပသည္။

မ်က္ေမွာက္ေခတ္တြင္ ဧရာဝတီႏွင့္ ရတနာႏွင္းဆီစေသာအထပ္ျမင့္ အိမ္ရာစီမံကိန္းမ်ား တည္ေဆာက္ျခင္း၊ ဝင္ေငြနည္း ျပည္သူႏွင့္ ဝင္ေငြအလယ္အလတ္ျပည္သူတို႔အတြက္ တန္ဖိုးနည္းႏွင့္တန္ဖိုးလတ္စီမံကိန္းမ်ား (Affordable Home Ownership) အေကာင္အထည္ေဖာ္ျခင္း၊ အိမ္ရာဘ႑ာေငြေၾကးစနစ္ထူေထာင္ရန္ CHIDB ဘဏ္ဖြင့္လွစ္ျခင္း၊ ကိုရီးယားႏိုင္ငံႏွင့္ စက္မႈဇုန္တည္ေဆာက္ျခင္း၊ ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံတို႔မွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ စက္မႈဇုန္ႏွင့္ အိမ္ရာစီမံကိန္းမ်ားေဆာင္႐ြက္ျခင္း၊ က်ဴးေက်ာ္ဟုေခၚဆိုေသာ ပ်ံက်အိမ္ရာမ်ားအတြက္ ရပ္႐ြာလူမႈအ ဖြဲ႕အစည္းအေျချပဳစီမံကိန္းေရွ႕ ေျပးစတင္ေဆာင္႐ြက္ျခင္း၊ ႏိုင္ငံတစ္ဝန္း ဝန္ထမ္းအိမ္ရာမ်ား တည္ေဆာက္ျခင္းစသည့္ အစီအစဥ္မ်ားကိုလည္း အေကာင္အထည္ေဖာ္လ်က္ရွိေပသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုး ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဟူသည် ကံဇာတာမွဲသော ဖွံ့ဖြိုးရေးနယ် ပယ်နှစ်ရပ်ဟုဆိုနိုင်၏။တိုင်းပြည် လွတ်လပ်ရေးရရှိပြီးနောက် အိမ်ရာဖွံ့ဖြိုးရေးဥပဒေသာရှိပြီး မြို့ ပြဖွံ့ဖြိုးရေးဥပဒေမရှိ။ ထို့ကြောင့် နိုင်ငံတကာနှင့် ယှဉ်၍မြို့ပြနှင့် ဒေသစီမံကိန်းလုပ်ငန်းများ စနစ် တကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၆၁ ခုနှစ်တွင် ဥပဒေတစ်ရပ် ရေးဆွဲခဲ့လေ၏။ ရေးဆွဲခဲ့သော ဥပဒေကြမ်းကို လွှတ်တော်၏အတည်ပြုချက်ရရှိခဲ့ပြီးနောက် သမ္မတကြီး လက်မှတ်ရေးထိုး ထုတ်ပြန်အံ့နီးနီး၌ နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ထိန်းသိမ်းခံခဲ့ရ၏။ အာဏာသိမ်းပွဲ ကြီးပေါ်ပေါက်လာခြင်းဖြစ်၏။

ဥပဒေမူကြမ်းလည်း စုံးစုံးမြုပ် သွားခဲ့လေ၏။ မဆလခေတ်သို့ ရောက်သော်တိုင်းပြည်စီးပွားရေး က ဗဟိုမှချုပ်ကိုင်သောစီးပွားရေး စနစ်ဖြစ်လာ၏။ မူလရေးဆွဲထားသောမြို့ပြနှင့်ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းဥပဒေက ပါလီမန်ဒီမိုကရေ စီခေတ်နှင့် လိုက်လျောညီထွေ ရေးဆွဲထားခြင်းဖြစ်ရာခေတ်နှင့်သဟဇာတမဖြစ်တော့ပေ။ ဆိုရှယ်လစ်ခေတ်နှင့် လျော်ညီအောင်အစမှအဆုံးအသစ်ပြန် ရေးဆွဲမှဖြစ်မည့် အနေအထားနှင့်ကြုံရ၏။ ထို့ကြောင့် မူလဥပဒေမူကြမ်းကြီးမှာ ‘ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်းအဆီဝင်းဝင်း’ ဖြစ်ပြီး ဗီရိုထဲမှာ သာကိန်းဝပ်နေခဲ့ရပေ၏။ စာ ရွက်များတဖြည်းဖြည်းခြစားလာ လေတော့၏။

ရှစ်လေးလုံးအလွန် တပ်မတော်အစိုးရလက်ထက်တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များပြဋ္ဌာန်း၍ အုပ်ချုပ်ရေး ကို အကောင်အထည်ဖော်ခဲ့ကြောင်း တွေ့ရှိနိုင်၏။ ဤသို့ဖြင့် ၂၀၁၂ တွင်ဒီမိုကရေစီခေတ်သို့ ရောက်ရှိလာ၏။ မြို့ပြနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ တစ်ခေတ်ဆန်းရန်အချက်ပေးသံနှင့်အတူ ပြည်ထောင်စုအဆင့်မှ ဦးစားပေးတာဝန်ယူမှုတံခါးကြီးပွင့်လာပြန် ၏။ MICC 2 ၌မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုမူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကြီးကိုတခမ်းတနားကျင်းပခဲ့၏။

သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့၏။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုအ စိုးရဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးများပါတက်ရောက်ပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ န၊ UN - HABITAT တို့မှစာတမ်းများ ဖတ်ကြားဆွေးနွေးကြပြီး နောက် မူဝါဒအခြေခံနှင့် ရှေ့လုပ်ငန်းစဉ်များကို စုစည်းချမှတ်ခဲ့ရာတွင် မြို့ပြနှင့်ဒေသဖွံ့ဖြိုးရေး ဥပဒေပြန်လည်ရေးဆွဲရေးလုပ်ငန်းစဉ်လည်းပါဝင်လာ၏။

သို့ သော် ၎င်းဆွေးနွေးပွဲမှာ ပွဲပြီးမီး သေဖြစ်သွားခဲ့ပြီး အစိုးရသက်တမ်းကုန်ဆုံးမှုနှင့်အတူ အပြီး တိုင်ကွယ်ပျောက်သွားလေ၏။

NLD အစိုးရသစ်တက်လာသောအခါ ‘မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေမူကြမ်း’ ကို ရေးဆွဲပြီးရှေ့နေချုပ်ရုံး၊ ထိုမှတစ်ဆင့် သမ္မတရုံး၊ ထိုမှတစ်ဆင့်အစိုးရအဖွဲ့အဆင့်ဆင့်အတည်ပြု ချက်များရရှိခဲ့၏။ အောက်ခြေ ဆွေးနွေးပွဲများလည်းပြုလုပ်ခဲ့၏။

သတင်းစာများတွင်လည်း ဖော်ပြခဲ့၏။ သို့သော်လွှတ်တော်သို့ ပေးပို့သောအခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား (၂) အရတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဥပဒေပြုဇယားတွင် ပါဝင်သောလုပ်ငန်း ဟုဆိုကာ နောင်အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပြီးမှ ပြန်လည်တင်ပြရန်နှင့် ဆိုင်းငံ့ထားရန်သာအ ဖြေရရှိခဲ့ကြောင်းသိရှိရလေ၏။

ဤကား ၁၉၆၁ ခုနှစ်ကဲ့သို့ပင် ဒုတိယမ္ပိနောက်ဆုံးအဆင့်ရောက်ခါနီး ‘ဆင်ပြောင်ကြီးအမြီးကျမှ တစ်’ ခဲ့ရခြင်းဖြစ်ပေသည်။ ထို့ ကြောင့် မြို့ပြဖွံ့ဖြိုးရေးဟူသည် မြန်မာပြည်တွင် ကံမကောင်း သောနယ်ပယ်တစ်ရပ်ဟုဆိုခဲ့ ခြင်းဖြစ်ပါသည်။

အလားတူပင် အိမ်ရာဖွံ့ဖြိုး ရေးနယ်ပယ်ကို သုံးသပ်ကြည့်သောအခါတစ်နွယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ သူလည်းကံမကောင်းရှာပါလားဟု သုံးသပ်မိ၏။

သူက မြို့ပြဖွံ့ဖြိုးရေးနယ်ပယ်ထက်သာ လွန်သည်မှာ လွတ်လပ်ရေးရရှိပြီး နောက် ၁၉၅၁ ခုနှစ်နိုင်ငံတော် ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေး အဖွဲ့ဥပဒေတစ်ရပ်တည်ရှိခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းဥပဒေအရပေါ် ပေါက်လာသော နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးဦးစီးဌာနဟူသည် နိုင်ငံတော်၏ အိမ်ရာပြဿနာကို ဖြေရှင်းရန်အတွက် ‘အမျိုးသားအဆင့်’ အဖွဲ့အစည်းဖြစ်ခဲ့ကြောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ကြောင်း တွေ့ရှိရ၏။

သီးခြားဝန်ကြီးဌာနအဆင့်ရှိသော ဖွဲ့စည်းပုံလည်းဖြစ်၏။ စစ်ပြီးခေတ်မြို့ပြပြည်သူများ အထူးသဖြင့် တိုင်းရင်းသားများအိမ်ရာမဲ့ဘဝမှ လွတ်မြောက်စေရန် ‘အငှားအိမ်ရာ’ စနစ်ဖြင့် အောင်မြင်စွာဖြည့် ဆည်းနိုင်ခဲ့ကြောင်းတွေ့ရှိရပေသည်။

ဆိုရှယ်လစ်ခေတ်သို့ ရောက်သောအခါ ဝန်ကြီးဌာနအဆင့်မှ ပြုတ်ကျခဲ့၏။ ဌာနအမည် ကိုလည်း အိုးအိမ်ကော်ပိုရေးရှင်း ဟု ဖွဲ့စည်းပြန်၏။ ထိုမှတစ်ဖန် အိုးအိမ်အဖွဲ့ဟုပြောင်းပြန်၏။ နောက်ဆုံးအိုးအိမ်ဦးစီးဌာနဟူ၍ ဖြစ်လာပေ၏။

တပ်မတော်အစိုးရလက်ထက်သို့ရောက်သောအ ခါ ‘ လူနေမြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန’ (Department of Human Settlement and Housing Development-DHSHD) ဖြစ်လာ၏။ ဒီမိုကရေစီခေတ်သို့ ပြန်ရောက်သောအခါ ‘မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန’ ဖြစ်လာပြန်၏။

ထို့အပြင် မြို့ပြဖွံ့ဖြိုးရေးနည်းတူ အိမ်ရာဖွံ့ဖြိုးရေးမှာလည်း မူဝါဒမရှိဘဲအတူတကွ လှော်ခတ်နေခဲ့ရသော ဘဝဟု ဆိုနိုင်၏။ လက်ရှိမြို့ပြမူဝါဒမူကြမ်း တွင်လည်း ‘အိမ်ရာမူဝါဒ’ ကို အမြန်ဆုံးရေးဆွဲရမည့် ဦးစားပေးလုပ်ငန်း (Priority Action) တစ်ရပ်အဖြစ် ထိပ်ဆုံးမှဖော်ပြထား ကြောင်းတွေ့ရှိရပေသည်။

မည်သို့ဆိုစေ ရှေးယခင်အစိုးရ အဆက်ဆက်မူဝါဒချမှတ် ပေးရန်လိုအပ်ချက်များ ရှိခဲ့ပါသော်လည်း မြန်မာနိုင်ငံ၌အထက်ပါနယ်ပယ် နှစ်ရပ်စလုံးတွင် ရလဒ်ကောင်းများ ဖြစ်ထွန်းအောင် အတိုင်းအတာတစ်ခုအထိဆောင်ကြဉ်းပေးနိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပေ၏။

အိမ်ရာဖွံ့ဖြိုးရေးနယ်ပယ် တွင်လည်း ၁၉၅၃ ကစ၍ နိုင်ငံ တစ်ဝန်းရှိမြို့ကြီးအားလုံး၌ ပြည် သူ့အငှားအိမ်ရာနှင့် ဝန်ထမ်းအငှားအိမ်ရာများပါဝင်သောအိမ် ရာစခန်းများ (Rental Housing Estates) များတည်ဆောက်ပေး ခြင်းဖြင့် ခြေလှမ်းစတင်ခဲ့ရာမှ အိမ်ရာစီမံကိန်း နည်းဗျူဟာမျိုးစုံ ကိုမြို့ပြပြည်သူများအတွက် တိုး ချဲ့အကောင်အထည်ဖော်ပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပေသည်။

အိမ်စောင့်အစိုးရလက်ထက်တွင် ၁၉၅၈တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သာကေတစသော မြို့သစ်များတည်ဆောက်၍ ကျူးကျော်အိမ်ရာပေါင်းငါးသောင်းခန့်ကို နေရာချထားပေးခဲ့ခြင်း၊ မဆလခေတ် ၁၉၆၅ တွင် ‘လုပ်အားပေးအိမ်ရာ’ စီမံကိန်းဖြင့် လုပ်အားပေးသူ အိမ်ရာမဲ့ပြည်သူများအားသုဝဏ္ဏမြို့သစ်တည် ဆောက်၍ နေရာချထားခြင်း၊ တပ်မတော်အစိုးရ လက်ထက် ၁၉၈၈ ကစ၍မြို့သစ် ခုနစ်မြို့တည်ဆောက်ပြီး ကျူးကျော်အိမ်ရာ တစ်သိန်းခန့်ကို နေရာချထား ခြင်းစသည့်အဓိက စီမံကိန်းကြီးများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ မြို့သစ်များတွင် နေထိုင်သော ပြည်သူများအလုပ်အကိုင်ရရှိရေး အတွက်လည်း စက်မှုဇုန်များတည်ဆောက်ပေးခဲ့ကြောင်းတွေ့ ရှိရပေသည်။

မျက်မှောက်ခေတ်တွင် ဧရာဝတီနှင့် ရတနာနှင်းဆီစသောအထပ်မြင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ခြင်း၊ ဝင်ငွေနည်း ပြည်သူနှင့် ဝင်ငွေအလယ်အလတ်ပြည်သူတို့အတွက် တန်ဖိုးနည်းနှင့်တန်ဖိုးလတ်စီမံကိန်းများ (Affordable Home Ownership) အကောင်အထည်ဖော်ခြင်း၊ အိမ်ရာဘဏ္ဍာငွေကြေးစနစ် ထူထောင်ရန် CHIDB ဘဏ်ဖွင့်လှစ် ခြင်း၊ ကိုရီးယားနိုင်ငံနှင့် စက်မှု ဇုန်တည်ဆောက်ခြင်း၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများဖြင့် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းများဆောင်ရွက်ခြင်း၊ ကျူးကျော်ဟုခေါ်ဆိုသော ပျံကျအိမ်ရာများအတွက် ရပ်ရွာလူမှုအ ဖွဲ့အစည်းအခြေပြုစီမံကိန်းရှေ့ ပြေးစတင်ဆောင်ရွက်ခြင်း၊ နိုင်ငံတစ်ဝန်း ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းစသည့် အစီအစဉ်များကိုလည်း အကောင်အထည်ဖော်လျက်ရှိပေသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service