သီလဝါမွာ လွ်ပ္စစ္ဓာတ္အားထုတ္စက္ရံု တည္ေဆာက္မည္ - Property News in Myanmar from iMyanmarHouse.com
1470 Views

သီလဝါမွာ လွ်ပ္စစ္ဓာတ္အားထုတ္စက္ရံု တည္ေဆာက္မည္

### Zawgyi Version ###

ဂ်ပန္ႏိုင္ငံကကန္ေဒၚလာ ႏွစ္ဘီလီယံခန႔္ ရင္းႏွီးျမႇဳပ္ႏွံၿပီး သဘာဝဓာတ္ေငြ႕ရည္သုံး လွ်ပ္စစ္ဓာတ္အားထုတ္စက္႐ုံကို သီလဝါတြင္တည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္း ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

ဂ်ပန္ႏိုင္ငံမွ မာ႐ူဘီနီ-ဆူမီ တိုမို ေကာ္ပိုေရးရွင္းႏွင့္ ျပည္တြင္းအမ်ားပိုင္ကုမၸဏီတစ္ခု ပူးေပါင္း ၍ လွ်ပ္စစ္ထုတ္လုပ္ေရးလုပ္ငန္းကိုအေကာင္အထည္ေဖာ္ရန္ စီစဥ္ေနၿပီးလာမည့္ႏွစ္ဆန္းပိုင္း တြင္ အစိုးရႏွင့္ လက္မွတ္ေရးထိုးရန္ စီစဥ္ထားသည္။

အဆိုပါ စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၂၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး သီလဝါရွိ အကြက္အမွတ္ (၂၇)၊ (၂၉)ႏွင့္ (၂၈)တို႔တြင္ အေကာင္အထည္ေဖာ္မည္ျဖစ္သည္။

လွ်ပ္စစ္ဓာတ္အားခ ေဈးျမင့္တက္ၿပီးေနာက္ ဂ်ပန္ကုမၸဏီအခ်ိဳ႕ လွ်ပ္စစ္ဓာတ္အားထုတ္ လုပ္ေရးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ျပင္ဆင္ေနေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။

ဂ်ပန္ႏိုင္ငံမွ မစ္ဆူဘီရွီ၊ မာ ႐ူဘီနီႏွင့္ မစ္ဆူအီကုမၸဏီတို႔က လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၀၀၀ထုတ္လုပ္မည့္ စက္႐ုံတည္ေဆာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ျပင္ဆင္ေနသည္ဟု ၎က ေျပာသည္။

ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး က႑တြင္ တ႐ုတ္၊ စင္ကာပူႏိုင္ငံအပါအဝင္ အျခားႏိုင္ငံအခ်ိဳ႕က ရင္းႏွီးျမႇဳပ္ႏွံ ေနေသာ္လည္း ဂ်ပန္ႏိုင္ငံမပါဝင္ေပ။ ယခုကဲ့သို႔ ရင္းႏွီးျမႇဳပ္ႏွံမည့္ အစီအစဥ္အေကာင္အထည္ေဖာ္ႏိုင္ပါက ဂ်ပန္ႏိုင္ငံ၏ ပထမဆုံးရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ႏိုင္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး တစ္ဦးက ေျပာသည္။

ေလာပိတ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးတြင္ ဂ်ပန္ႏိုင္ငံက အကူအညီေပးၿပီးေနာက္ စီးပြား ေရးအရ ရင္းႏွီးျမႇဳပ္ႏွံျခင္းမရွိေသးေၾကာင္း ၎က ေျပာသည္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 ### Unicode Version ###

ဂျပန်နိုင်ငံကကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို သီလဝါတွင်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဂျပန်နိုင်ငံမှ မာရူဘီနီ-ဆူမီ တိုမို ကော်ပိုရေးရှင်းနှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီတစ်ခု ပူးပေါင်း ၍ လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကိုအကောင်အထည်ဖော်ရန် စီစဉ်နေပြီး လာမည့်နှစ်ဆန်းပိုင်း တွင် အစိုးရနှင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

အဆိုပါ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၂၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး သီလဝါ ရှိ အကွက်အမှတ် (၂၇)၊ (၂၉)နှင့် (၂၈)တို့တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားခ ဈေး မြင့်တက်ပြီးနောက် ဂျပန်ကုမ္ပဏီ အချို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ မာ ရူဘီနီနှင့် မစ်ဆူအီကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၀၀ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတွင် တရုတ်၊ စင်ကာပူနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့က ရင်းနှီးမြှုပ်နှံ နေသော်လည်း ဂျပန်နိုင်ငံ မပါဝင်ပေ။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် အကောင်အထည်ဖော်နိုင်ပါက ဂျပန်နိုင်ငံ၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်ရေးတွင် ဂျပန်နိုင်ငံက အကူအညီပေးပြီးနောက် စီးပွား ရေးအရ ရင်းနှီးမြှုပ်နှံခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service