Local Property News | Posted by Shwe Zin Win
### Zawgyi Version ###
ဗိုလ္ခ်ဳပ္ပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴသစ္႐ိုက္ထုတ္ရာတြင္ ေငြေၾကးေဖာင္းပြမူ မျဖစ္ရန္အေဟာင္းယူ၊ အသစ္ထုတ္ေပးသည့္ အစားထိုးစနစ္ျဖင့္ ထုတ္ေဝမည္ျဖစ္သည္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ဆိုသည္။
အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါသည္ တစ္ေထာင္တန္ ေငြစကၠဴမ်ားကို ၂၀၂၀ ဇန္နဝါရီလ ၄ရက္ လြတ္လပ္ေရး ေန႔တြင္ ထုတ္ေဝမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ဒီဇင္ဘာ ၂၀ရက္တြင္ သတင္းထုတ္ခဲ့သည္။
ထိုသို႔ထုတ္ေဝရာတြင္ အမ်ားျပည္သူၾကားသုံးဆြဲေနသည္ ေငြစကၠဴမ်ားအနက္ ေဟာင္းႏြမ္းေနေသာ ေငြစကၠဴမ်ားကို အစား အသစ္႐ိုက္ထုတ္မည္ဟု ဗဟိုဘဏ္ကဆိုသည္။ ေငြစကၠဴအေဟာင္းမ်ားကို ဘဏ္မ်ားမွ တဆင့္ျပန္လည္ သိမ္းယူသြားမည္ဟုလည္းဆိုသည္။
၂၀၁၈-၁၉ ဘ႑ာႏွစ္ ဒုတိယ ေျခာက္လပတ္တြင္ ေဟာင္းႏြမ္းေငြစကၠဴမ်ားအစား က်ပ္ ၃,၀၂၈ ဘီလီယံေက်ာ္ ျပန္လည္အသစ္႐ိုက္ထုတ္ခဲ့ရသည္ဟု ဗဟိုဘဏ္၏ ဘ႑ာႏွစ္အကူးအေျပာင္းကာလအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
တစ္က်ပ္တန္မွ က်ပ္တစ္ေသာင္းတန္အထိ ျခေသၤ့ပုံျဖင့္ ၂၅ ႏွစ္ၾကာ ေငြစကၠဴထုတ္ေဝခဲ့ရာမွ ဗိုလ္ခ်ဳပ္ပုံျဖင့္ က်ပ္တစ္ေထာင္တန္ကို စတင္ထုတ္ေဝမည္ဟု ဗဟိုဘဏ္က ေၾကျငာခဲ့ျခင္းျဖစ္သည္။
စိမ့္စည္သူ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဗိုလ်ချုပ်ပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူသစ်ရိုက်ထုတ်ရာတွင် ငွေကြေးဖောင်းပွမူ မဖြစ်ရန် အဟောင်းယူ၊ အသစ်ထုတ်ပေးသည့် အစားထိုးစနစ်ဖြင့် ထုတ်ဝေမည်ဖြစ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆိုသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါသည် တစ်ထောင်တန် ငွေစက္ကူများကို ၂၀၂၀ ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေး နေ့တွင် ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဒီဇင်ဘာ ၂၀ရက်တွင် သတင်းထုတ်ခဲ့သည်။
ထိုသို့ထုတ်ဝေရာတွင် အများပြည်သူကြားသုံးဆွဲနေသည် ငွေစက္ကူများအနက် ဟောင်းနွမ်းနေသော ငွေစက္ကူများကို အစား အသစ်ရိုက်ထုတ်မည်ဟု ဗဟိုဘဏ်ကဆိုသည်။ ငွေစက္ကူအဟောင်းများကို ဘဏ်များမှ တဆင့်ပြန်လည် သိမ်းယူသွားမည်ဟုလည်းဆိုသည်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်တွင် ဟောင်းနွမ်းငွေစက္ကူများအစား ကျပ် ၃,၀၂၈ ဘီလီယံကျော် ပြန်လည်အသစ်ရိုက်ထုတ်ခဲ့ရသည်ဟု ဗဟိုဘဏ်၏ ဘဏ္ဍာနှစ်အကူးအပြောင်းကာလအစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ကျပ်တန်မှ ကျပ်တစ်သောင်းတန်အထိ ခြင်္သေ့ပုံဖြင့် ၂၅ နှစ်ကြာ ငွေစက္ကူထုတ်ဝေခဲ့ရာမှ ဗိုလ်ချုပ်ပုံဖြင့် ကျပ်တစ်ထောင်တန်ကို စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က ကြေငြာခဲ့ခြင်းဖြစ်သည်။
စိမ့်စည်သူ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com