ပဲခူးတြင္ တစ္လ က်ပ္ ၉၅၀၀၀ ​ေပးသြင္းပါက အိမ္ခန္းပိုင္ဆိုင္မည့္ အိမ္ယာစီမံကိန္း​ေဆာက္ရန္ ကုမၸဏီတစ္ခုတင္ျပ - Property News in Myanmar from iMyanmarHouse.com
3893 Views

ပဲခူးတြင္ တစ္လ က်ပ္ ၉၅၀၀၀ ​ေပးသြင္းပါက အိမ္ခန္းပိုင္ဆိုင္မည့္ အိမ္ယာစီမံကိန္း​ေဆာက္ရန္ ကုမၸဏီတစ္ခုတင္ျပ

### Zawgyi Version ###

ပဲခူးတြင္ တစ္လကို က်ပ္ ၉၅၀၀၀ ​ေပးသြင္းလၽွင္ ၁၅ ႏွစ္ၾကာလၽွင္ အခန္းပိုင္ဆိုင္ရမည့္ အိမ္ယာစီမံကိန္းတည္​ေဆာက္လို​​ေၾကာင္း ျပည္တြင္းကုမၸဏီတစ္ခုကတင္ျပလာ​သည္ဟု ပဲခူးတိုင္း အစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။

ထိုစီမံကိန္းကို ပဲခူးၿမိဳ႕နယ္ အတြင္း အ​ေကာင္အထည္​ေဖာ္မည္ျဖစ္ၿပီး တန္ဖိုးနည္း၊ တန္ဖိုးသင့္၊ တန္ဖိုးမၽွတ အိမ္ရာစီမံကိန္းမ်ားဟု​ေခၚ​ေၾကာင္းႏွင့္ ေဆာက္လုပ္နိုင္ရန္ Pride Myanmar Development (PMD) ကုမၸဏီကတင္ျပလာျခင္းျဖစ္သည္ဟု တိုင္းအစိုးရကဆိုသည္။

ထိုစီမံကိန္းႏွင့္ပတ္သတ္၍ ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ပဲခူးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕ျပအိမ္ရာမ်ားႏွင့္ပတ္သက္၍ႀကီးၾကပ္ရန္တိုင္းေဒသႀကီးၿမိဳ႕ျပဖြံ့ၿဖိဳးတိုးတက္ေရးေကာ္မတီကို ဖြဲ႕စည္းထားသည္ဟုဆိုသည္။

ပဲခူးေဒသသည္ ကုန္တြင္းလမ္းဆုံတစ္ခုျဖစ္ၿပီး အနာဂတ္အတြက္ အလြန္အေရးပါသည့္ အိမ္ရာစီမံကိန္းမ်ား ေဆာက္လုပ္နိုင္ေရးလာေရာက္ကမ္းလွမ္းရွင္းျပမႈအေပၚ ေက်းဇူးတင္သည္ဟုဆိုသည္။

ထို႔ေနာက္ Pride Myanmar Development (PMD) ကုမၸဏီ ဥကၠဌ ဦးမင္းေက်ာ္စန္းနိုင္က တန္ဖိုးနည္း၊ တန္ဖိုးသင့္၊ တန္ဖိုးမၽွတအိမ္ရာစီမံကိန္းအ​ေၾကာင္းကို တိုင္းအစိုးရထံတင္ျပသည္ဟုဆိုသည္။

ထိုသို႔တင္ျပရာတြင္ တန္ဖိုးမၽွတအိမ္ရာအတြက္ အက်ယ္ စတုရန္း​ေပ ၈၀၀ ရွိသည့္ အခန္းအတြက္ တစ္လလၽွင္ က်ပ္ ၂၂၆၀၀ ​ေပးသြင္းပါက ၁၅ ႏွစ္ျပည့္ပါက ထိုအခန္းပိုင္ဆိုင္ရမည္ဟုဆိုသည္။

တန္ဖိုးသင့္ အိမ္ယာအက်ယ္ စတုရန္း​ေပ ၆၀၀ အတြက္ တစ္လလၽွင္ က်ပ္ ၁၉၈၀၀၀ က်ပ္၊ တန္ဖိုးနည္းအိမ္ယာအက်ယ္ စတုရန္းေပ ၃၂၄ အတြက္ တစ္လလၽွင္ က်ပ္ ၉၅၀၀၀​ေပးသြင္းရမည္ဟုဆိုသည္။

ထိုအိမ္ယာမ်ားမွ အခန္းမ်ား၀ယ္ယူရာတြင္ ႀကိဳတင္​ေငြ​ေပးရန္မလို​ေၾကာင္း ကုမၸဏီက ဆိုသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ပဲခူးတွင် တစ်လကို ကျပ် ၉၅၀၀၀ ပေးသွင်းလျှင် ၁၅ နှစ်ကြာလျှင် အခန်းပိုင်ဆိုင်ရမည့် အိမ်ယာစီမံကိန်းတည်ဆောက်လိုကြောင်း ပြည်တွင်းကုမ္ပဏီတခုကတင်ပြလာသည်ဟု ပဲခူးတိုင်း အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုစီမံကိန်းကို ပဲခူးမြို့နယ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဟုခေါ်ကြောင်းနှင့် ဆောက်လုပ်နိုင်ရန် Pride Myanmar Development (PMD)ကုမ္ပဏီကတင်ပြလာခြင်းဖြစ်သည်ဟု တိုင်းအစိုးရကဆိုသည်။

ထိုစီမံကိန်းနှင့်ပတ်သတ်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြအိမ်ရာများနှင့်ပတ်သက်၍ကြီးကြပ်ရန်တိုင်းဒေသကြီးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားသည်ဟုဆိုသည်။

ပဲခူးဒေသသည် ကုန်တွင်းလမ်းဆုံတစ်ခုဖြစ်ပြီး အနာဂတ်အတွက် အလွန်အရေးပါသည့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်နိုင်ရေး လာရောက်ကမ်းလှမ်းရှင်းပြမှုအပေါ် ကျေးဇူးတင်သည်ဟုဆိုသည်။

ထို့နောက် Pride Myanmar Development (PMD)ကုမ္ပဏီ ဥက္ကဌ ဦးမင်းကျော်စန်းနိုင်က တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအကြောင်းကို တိုင်းအစိုးရထံတင်ပြသည်ဟုဆိုသည်။

ထိုသို့တင်ပြရာတွင် တန်ဖိုးမျှတအိမ်ရာအတွက် အကျယ် စတုရန်းပေ ၈၀၀ ရှိသည့် အခန်းအတွက် တစ်လလျှင် ကျပ် ၂၂၆၀၀ ပေးသွင်းပါက ၁၅နှစ်ပြည့်ပါက ထိုအခန်းပိုင်ဆိုင်ရမည်ဟုဆိုသည်။

တန်ဖိုးသင့် အိမ်ယာ အကျယ် စတုရန်းပေ ၆၀၀ အတွက် တစ်လလျှင် ကျပ် ၁၉၈၀၀၀ ကျပ်၊ တန်ဖိုးနည်းအိမ်ယာအကျယ် စတုရန်းပေ ၃၂၄ အတွက် တစ်လလျှင် ကျပ် ၉၅၀၀၀ပေးသွင်းရမည်ဟုဆိုသည်။

ထိုအိမ်ယာများမှ အခန်းများဝယ်ယူရာတွင် ကြိုတင်ငွေပေးရန်မလိုကြောင်း ကုမ္ပဏီက ဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service