တစ်နိုင်ငံလုံးတွင် ကုမ္ပဏီ ၆၇၀၀၀ ​ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
663 Views

တစ်နိုင်ငံလုံးတွင် ကုမ္ပဏီ ၆၇၀၀၀ ​ကျော်ရှိ

### Zawgyi Version ###










 

### Unicode Version ###

နိုဝင်ဘာလအတွင်း ကုမ္ပဏီအသစ် ၁၆၀၀ကျော် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၆၇၀၀၀ကျော်ရှိပြီဟုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိ ကုမ္ပဏီမှတ်ပုံတင်ထားခြင်းသည် စုစုပေါင်း၆၇,၀၀၀ ကျော်ရှိပြီး ယင်းတို့အနက်မှ ကုမ္ပဏီ ၃,၈၀၀ ကျော်ကို မှတ်ပုံတင်ရန် စိစစ်ဆဲဖြစ်သည်ဟုဆိုသည်။

၂၀၁၉ အတွင်း ကုမ္ပဏီအ သစ်မှတ်ပုံတင်မှုသည် တစ်လလျှင် ကုမ္ပဏီအသစ် ၁,၀၀၀ ကျော်မှ ၁,၇၀၀ ကျော်အထိရှိသည်ဟု အဆိုပါဌာနစာရင်း များတွင် ဖော်ပြထားသည်။

၂၀၁၉အောက်တိုဘာသည် ၂၀၁၈ စက်တင်ဘာနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်အများဆုံး တင် သည့်လဖြစ်သည်ဟု ဆိုသည်။

ကုမ္ပဏီများ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် မှတ်ပုံတင်ခြင်းကို ၂၀၁၈ ဩဂုတ်ကစတင်ခဲ့သည်။ ထိုစနစ်ပြောင်းလဲပြီးနောက်တစ်လလျှင် ပျမ်းမျှကုမ္ပဏီအသစ် ၁,၄၀၀ ကျော် မှတ်ပုံတင်သည် ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။

မှတ်ပုံတင်ရာတွင် ကုမ္ပဏီ အမျိုးအစားခွဲခြားထားမှုမရှိခြင်း နှင့် ဥပဒေအသစ်၌ ကုမ္ပဏီ၏ စီးပွားရေးရည်မှန်းချက်ကို ထည့် သွင်းရန်မလိုခြင်း၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဟူ၍ မခွဲခြားခြင်း တို့ကြောင့် ကုမ္ပဏီကလုပ်ငန်းအစီရင်ခံစာတင်ပြမှသာ စီးပွားရေးလုပ်ငန်းကို ခွဲခြားနိုင်မည်ဟု အဆိုပါဌာနညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောထားသည်။

နှစ် ၁၀၀ ကျော်ကြာမြင့်နေသည့် ကုမ္ပဏီဥပဒေကို ၂၀၁၄ တွင် အသစ်ပြင်ဆင်ရေးဆွဲပြီး ၂၀၁၇ ၌ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုဥပဒေ၌ စီးပွားရေးလုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြားပြုလုပ်ထား ကြောင်း ယင်းဌာနကဆိုသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service