၂၀၂၀ တွင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၃ ခုနီးပါးတိုးလာမည် - Property News in Myanmar from iMyanmarHouse.com
634 Views

၂၀၂၀ တွင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၃ ခုနီးပါးတိုးလာမည်

### Zawgyi Version ###









 

### Unicode Version ###

လာမည့် ၂၀၂၀ ခုနှစ်တွင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၃ ခုနီးပါးတိုးလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်(SEMC) ထံမှ သိရသည်။

“ ဒီလုပ်ငန်းတွေက နှစ်ဆန်းပိုင်းလောက်မှာလာဖို့ရှိတယ်။အခု YSX ကိုတင်ပြီဆိုရင် ရောင်းသူဝယ်သူတွေ စိတ်ချရတဲ့ အခြေအနေမျိုးရောက်မှသာ ခွင့်ပြုသွားမှာဖြစ်တယ်။လိုက်နာရမဲ့အချက်တွေကိုပြင်ဆင်မှုတွေပြုလုပ်နေတယ်”ဟု မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်(SEMC)မှ အဖွဲ့ဝင်ဦးဌေးချွန်က ပြောကြားသည်။

စတော့အိတ်ချိန်းမှ လက်ရှိတွင် စာရင်းဝင်မည့်လုပ်ငန်းများကို လိုအပ်သည့်အချက်များ ပြင်ဆင်ခြင်း၊ ရွေးချယ်စီစစ်ခြင်းများလုပ်ဆောင်လျက်ရှိပြီး ရှယ်ယာဝင်ရောက်လုပ်ကိုင်ချင်သူများအတွက် အသိပညာပေးခြင်း၊ သင်တန်းပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း SEMC ထံမှသိရသည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment Public (FMI)၊ Myanmar Thilawa SEZ Holidings Public (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် TMH Telecom Public (TMH) စသည့်တို့မှ စာရင်းဝင်ကုမ္ပဏီများအဖြစ် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း YSX ၏ စာရင်းများအရသိရသည်။

မြန်မာနိုင်ငံ၏ စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြန်လည်မြင့်တက်လာခြင်းရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများကို ရှယ်ယာရောင်းဝယ်ခွင့်ပြုမည်ဟု ထုတ်ပြန်ပြီးနောက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ၂၀၁၉ ခုနှစ် စက်တင်ဘာမှစတင်၍ အရောင်းအဝယ်အမြင့်ဆုံးသို့ရောက်လာပြီး ရှယ်ယာရောင်းချခြင်းမှ ကျပ် ၂ ဒသမ ၄ ဘီလီယံရရှိထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တစ်လတစ်ကြိမ်ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

စတော့ရှယ်ယာရောင်းဝယ်ခြင်းသည့် ၂၀၁၉ မေလမှ စတင်မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လသည့် အရောင်းအဝယ်အနိမ့်ဆုံးဖြစ်ခဲ့ကာ ကျပ် သိန်း ၃၉၀၀ သာရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service