ဧရာ၀တီကမ္းလြန္ရွိ သဘာ၀ဓါတ္​ေငြ႕သိုက္ A-6 ကို တူး​ေဖာ္​ထုတ္လုပ္​ေရးၾသစ​ေၾတးလ် ကုမၸဏီႏွင့္ျပည္​ေထာင္စုဝန္ႀကီး ​ေဆြး​ေႏြး - Property News in Myanmar from iMyanmarHouse.com
1166 Views

ဧရာ၀တီကမ္းလြန္ရွိ သဘာ၀ဓါတ္​ေငြ႕သိုက္ A-6 ကို တူး​ေဖာ္​ထုတ္လုပ္​ေရးၾသစ​ေၾတးလ် ကုမၸဏီႏွင့္ျပည္​ေထာင္စုဝန္ႀကီး ​ေဆြး​ေႏြး

### Zawgyi Version ###

ဧရာဝတီကမ္းလြန္ရွိ A-6 သဘာဝဓါတ္​ေငြ႕သိုက္ကို စီးပြားျဖစ္တူး​ေဖာ္ထုတ္လုပ္ႏိုင္​ေရးအတြက္ ၾသစ​ေၾတးလ်​​ေရနံကုမၸဏီ woodsideႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဉီးေသာင္းထြန္းတို႔​ေဆြး​ေႏြး​ေၾကာင္း အဆိုပါဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

Woodsideသည္ ၾသစေၾတးလ်ႏိုင္ငံ၏အႀကီးဆုံး ေရနံႏွင့္သဘာဝဓါတ္ေငြ႕ ထုတ္လုပ္ေရးကုမၸဏီျဖစ္ၿပီး ထိုကုမၸဏီမွ Executive Vice President ျဖစ္သူ Ms. Meg O’ Neill ဉီးေဆာင္ေသာ စီးပြားေရးကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျပည္​ေထာင္စုဝန္ႀကီးသည္ ဒီဇင္ဘာ ၁၆ရက္တြင္​ေနျပည္​ေတာ္၌ ​ေတြ႕ဆုံျခင္းျဖစ္သည္။

A-6 လုပ္ကြက္သည္ စီးပြားျဖစ္ထုတ္လုပ္ႏိုင္ေၾကာင္း ျမန္မာအစိုးရႏွင့္ လုပ္ကိုင္ခြင့္ရကုမၸဏီတို႔က ၂၀၁၈ စက္တင္ဘာအတြင္း ေၾကညာခဲ့သည္။

အဆိုပါ လုပ္ကြက္သည္ ဧရာဝတီတိုင္းေဒသႀကီး ၊ပုသိမ္ၿမိဳ႕အေနာက္ေျမာက္ဘက္ ၁ဝ၂ ကီလိုမီတာခန္႔ အကြာတြင္ ရွိသည္။

၂၀၁၈ ၾသဂုတ္လတြင္ အနက္ ၄၃၇၃ မီတာခန္႔တြင္ သဘာဝဓါတ္​ေငြ႕သိုက္​ႀကီးတခုကို​ေတြ႕ရွိခဲ့သည္ဟု ​ေၾကညာခဲ့သည္။

ထိုဓါတ္​ေငြ႕သိုက္တြင္ သဘာဝဓာတ္ေငြ႕ခိုေအာင္းေန​ေသာသဲေၾကာအထူ မီတာ ၄ဝ ခန္႔ကို စမ္းသပ္ ေတြ႕ရွိခဲ့သည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ကမ္းလြန္လုပ္ကြက္ A-6 တြင္ Woodside Energy company က ၄၀ ရာခိုင္ႏႈန္း ၊ ျပည္တြင္းမွ MPRL E&P က ၂၀ ရာခိုင္ႏႈန္း၊ ျပင္သစ္စြမ္းအင္ ကုမၸဏီ TOTAL မွ ၄၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားသည္၊၊

Woodside ကုမၸဏီသည္ ရခိုင္ကမ္းလြန္ႏွင့္ ဧရာဝတီကမ္းလြန္တြင္ A-4, A-6, A-7, AD-2, AD-5, AD-7 ​ေရနံႏွင့္သဘာဝဓါတ္​ေငြ႕လုပ္ကြက္မ်ား စမ္းသပ္ရွာေဖြခြင့္ရရွိထားသည္။

 

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဧရာဝတီကမ်းလွန်ရှိ A-6 သဘာဝဓါတ်ငွေ့သိုက်ကို စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေးအတွက် သြစတြေးလျရေနံကုမ္ပဏီ woodsideနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းတို့ဆွေးနွေးကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Woodsideသည် သြစတြေးလျနိုင်ငံ၏အကြီးဆုံး ရေနံနှင့်သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီမှ Executive Vice President ဖြစ်သူ Ms. Meg O’ Neill ဉီးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၁၆ရက်တွင်နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်သည်။

A-6 လုပ်ကွက်သည် စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း မြန်မာ အစိုးရနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတို့က ၂၀၁၈ စက်တင်ဘာအတွင်း ကြေညာခဲ့သည်။

အဆိုပါ လုပ်ကွက်သည် ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့အနောက်မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့် အကွာတွင် ရှိသည်။

၂၀၁၈ သြဂုတ်လ တွင် အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓါတ်ငွေ့သိုက်ကြီးတခုကိုတွေ့ရှိခဲ့သည်ဟု ကြေညာခဲ့သည်။

ထိုဓါတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ခိုအောင်းနေသောသဲကြောအထူ မီတာ ၄ဝ ခန့်ကို စမ်းသပ် တွေ့ရှိခဲ့သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကမ်းလွန်လုပ်ကွက် A-6 တွင် Woodside Energy company က ၄၀ ရာခိုင်နှုန်း ၊ ပြည်တွင်းမှ MPRL E&P က ၂၀ ရာခိုင်နှုန်း၊ ပြင်သစ်စွမ်းအင် ကုမ္ပဏီ TOTAL မှ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်၊၊

Woodside ကုမ္ပဏီသည် ရခိုင်ကမ်းလွန်နှင့် ဧရာဝတီကမ်း လွန်တွင် A-4, A-6, A-7, AD-2, AD-5, AD-7 ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက်များ စမ်းသပ်ရှာဖွေခွင့်ရရှိထားသည်။

 

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service