တစ္နွစ္သက္တမ္းရွိသည့္ SME လုပ္ငန္းမ်ားဘဏ္ေခ်းေငြေလွ်ာက္ထားခြင့္ျပဳရန္စီစဥ္ - Property News in Myanmar from iMyanmarHouse.com
1197 Views

တစ္နွစ္သက္တမ္းရွိသည့္ SME လုပ္ငန္းမ်ားဘဏ္ေခ်းေငြေလွ်ာက္ထားခြင့္ျပဳရန္စီစဥ္

### Zawgyi Version ###

လုပ္ငန္းလည္ပတ္မွဳအားေကာင္းသည့္ တစ္နွစ္သက္တမ္းသာရွိသည့္ SME လုပ္ငန္းမ်ားကုိ ေခ်းေငြေလွ်ာက္ထားခြင့္မ်ားျပဳရန္ စီစဥ္လ်က္ရွိေၾကာင္း စီမံကိန္း၊ ဘ႑ာေရးနွင့္စက္မွဳ၀န္ႀကီးဌာနမွ သိရသည္။

လက္ရွိတြင္ SME လုပ္ငန္းမ်ား ေခ်းေငြေလ်ွာက္ထားရတြင္ လိုအပ္သည့္ အခြန္စာရြက္တင္ျပရသည့္အခ်က္ကုိ တစ္နွစ္ အျမတ္သိန္း ၁၀၀ သာရရွိသည့္လုပ္ငန္းမ်ားကုိ ကင္းလြတ္ခြင့္ျပဳရန္၊ CGI ေခ်းေငြကုိ က်ပ္သိန္း ၂၀၀ အမ်ားဆံုးမဟုတ္ပဲ သိန္း ၁၀၀၀ ထိ တိုးျမင့္သတ္မွတ္ရန္နွင့္ လုပ္ငန္းလည္ပတ္မွဳအားေကာင္းသည့္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားကုိ သက္တမ္း ၁ နွစ္ျဖင့္ ေခ်းေငြရရွိရန္ သေဘာတူညီခ်က္မ်ားရရွိျပီးျဖစ္ေၾကာင္း အဆိုပါ၀န္ႀကီးဌာနမွ သိရသည္။

“ ေတာင္းဆိုရမဲ့အခ်က္ေတြကေတာ့အမ်ားႀကီးရွိတယ္ ေလာေလာဆယ္ အခ်က္ ၃ ခ်က္ေတာ့ သေဘာတူညီခ်က္ရထားတယ္။ ေနာက္ပုိင္းမွာ ဗဟိုဘဏ္နဲ့ ေဆြးေႏြးျပီး အတိုးနွဳန္း Deposit ေတြေလ်ာ့ထားသြားဖို႔ရွိတယ္”ဟု စီမံကိန္း၊ ဘ႑ာေရးနွင့္စက္မွဳ၀န္ႀကီးဌာန၊ စက္မွဳႀကီးၾကပ္ေရးနွင့္ စစ္ေဆးေရးဦးစီးဌာန ညြန္ၾကားေရးမွဳးခ်ဳပ္ေဒၚေအးေအး၀င္းကရွင္းျပသည္။

SME ေခ်းေငြမ်ားထုတ္ေခ်းသည့္ ဘဏ္အေရအတြက္ကုိလည္း မူလက ဘဏ္ ၇ ဘဏ္သာသတ္မွတ္ထားရာမွ လက္ရွိတြင္ဘဏ္ ၁၁ ဘဏ္အထိေခ်းေငြထုတ္ေခ်းခြင့္ေပးထားျပီးျပည္နယ္နွင့္ တိုင္းေဒသႀကီးအားလံုးတြင္ လြယ္ကူစြာေခ်းယူနိုင္ရန္ေဆာင္ရြက္ထားေၾကာင္း ယင္း၀န္ႀကီးဌာနမွသိရသည္။

လက္ရွိျမန္မာနိုင္ငံတြင္ SME ေခ်းေငြမ်ားကုိ ျပည္တြင္းရွိပုဂၢလိကဘဏ္မ်ားမွ တစ္နွစ္လွ်င္အတိုးနွဳန္း ၁၃ ရာခိုင္ႏွဳန္း၊ လယ္ယာစိုက္ပ်ိဳးေရးက႑အတြင္းရွိ SME လုပ္ငန္းမ်ားအတြက္ USAID CGI ေခ်းေငြျဖင့္ ၁၃ ရာခိုင္နွဳန္း၊ ေစ်းဆိုင္၊ သက္ဆိုင္ရာျမိဳ့နယ္အတြင္းရွိဆိုင္ခန္းမ်ားျဖင့္ ေရာင္းခ်ေသာ ေစ်းဆိုင္လုပ္ငန္းရွင္မ်ား အတြက္ SHOP OWNER ေခ်းေငြျဖင့္ ၁၃ရာခိုင္နွဳန္း၊ လုပ္ငန္းလည္ပတ္ရန္အတြက္ Working Capital ေခ်းေငြျဖင့္ ၁၂ ရာခိုင္နွဳန္း၊ JICAမွ ၈ ဒသမ ၅ ရာခိုင္နွဳန္းျဖင့္ ေခ်းေပးလ်က္ရွိေၾကာင္း ပုဂၢလိကဘဏ္မ်ားမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

လုပ်ငန်းလည်ပတ်မှုအားကောင်းသည့် တစ်နှစ်သက်တမ်းသာရှိသည့် SME လုပ်ငန်းများကို ချေးငွေလျှောက်ထားခွင့်များပြုရန် စီစဉ်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် SME လုပ်ငန်းများ ချေးငွေလျှောက်ထားရတွင် လိုအပ်သည့် အခွန်စာရွက်တင်ပြရသည့်အချက်ကို တစ်နှစ် အမြတ်သိန်း ၁၀၀ သာရရှိသည့်လုပ်ငန်းများကို ကင်းလွတ်ခွင့်ပြုရန်၊ CGI ချေးငွေကို ကျပ်သိန်း ၂၀၀ အများဆုံးမဟုတ်ပဲ သိန်း ၁၀၀၀ ထိ တိုးမြင့်သတ်မှတ်ရန်နှင့် လုပ်ငန်းလည်ပတ်မှုအားကောင်းသည့် အသေးစား၊ အလတ်စားလုပ်ငန်းများကို သက်တမ်း ၁ နှစ်ဖြင့် ချေးငွေရရှိရန် သဘောတူညီချက်များ ရရှိပြီးဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

“ တောင်းဆိုရမဲ့အချက်တွေကတော့အများကြီးရှိတယ် လောလောဆယ် အချက် ၃ ချက်တော့ သဘောတူညီချက်ရထားတယ်။ နောက်ပိုင်းမှာ ဗဟိုဘဏ်နဲ့ ဆွေးနွေးပြီး အတိုးနှုန်း Deposit တွေလျော့ထားသွားဖို့ရှိတယ်”ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ်ဒေါ်အေးအေးဝင်းကရှင်းပြသည်။

SME ချေးငွေများထုတ်ချေးသည့် ဘဏ်အရေအတွက်ကိုလည်း မူလက ဘဏ် ၇ ဘဏ်သာသတ်မှတ်ထားရာမှ လက်ရှိတွင် ဘဏ် ၁၁ ဘဏ်အထိချေးငွေထုတ်ချေးခွင့်ပေးထားပြီးပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လွယ်ကူစွာချေးယူနိုင်ရန်ဆောင်ရွက်ထားကြောင်း ယင်းဝန်ကြီးဌာနမှသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် SME ချေးငွေများကို ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များမှ တစ်နှစ်လျှင်အတိုးနှုန်း ၁၃ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်းရှိ SME လုပ်ငန်းများအတွက် USAID CGI ချေးငွေဖြင့် ၁၃ ရာခိုင်နှုန်း၊ ဈေးဆိုင်၊ သက်ဆိုင်ရာမြို့နယ်အတွင်းရှိဆိုင်ခန်းများဖြင့် ရောင်းချသော ဈေးဆိုင်လုပ်ငန်းရှင်များ အတွက် SHOP OWNER ချေးငွေဖြင့် ၁၃ရာခိုင်နှုန်း၊ လုပ်ငန်းလည်ပတ်ရန်အတွက် Working Capital ချေးငွေဖြင့် ၁၂ ရာခိုင်နှုန်း၊ JICAမှ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးပေးလျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်များမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service