Local Property News | Posted by Aye Myat Thu
### Zawgyi Version ###
### Unicode Version ###
ရထားတွဲဆိုင်း ၃၂ စင်း ဂျပန်နိုင်ငံမှ ယခုလအတွင်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါတွဲဆိုင်းများမှာ ဂျပန်နိုင်ငံမှ အတန်အသင့်ကောင်းမွန်နေသေးပြီး ဂျပန်နိုင်ငံတွင်လည်း လက်ရှိသုံးစွဲနေသည့် RBE တွဲဆိုင်းများဖြစ်ကြောင်း သိရသည်။
ယင်းတွဲဆိုင်းများကို ဂျပန်ချေးငွေဖြင့်ဝယ်ယူမည့် DEMU တွဲဆိုင်းများမရောက်မီ စက်ခေါင်းပျက်နေသည့် ရထားတွဲများနေရာတွင် အစားထိုးထည့်သွင်းပြေးဆွဲမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကာလတွင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေမှုရှိမှာဖြစ်ကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com