ပြင်ဦးလွင်ရှိ ဦးပိုင်မြေ ၂ ဧကကျော်ကို ကြမ်းခင်းဈေး ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1067 Views

ပြင်ဦးလွင်ရှိ ဦးပိုင်မြေ ၂ ဧကကျော်ကို ကြမ်းခင်းဈေး ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချ

### Zawgyi Version ###




အဆိုပါမြေကွက်သည် မြ၀တီဘဏ်မှ တရားနိုင်ထားသည့် မြေကွက်ဖြစ်ပြီး ဖော်ပြပါအချက်များသည် တရားနိုင်ကတရားရုံးသို့ဖော်ပြထားသည့် အချက်များဖြစ်ကြောင်း ၄င်းတရားလွှတ်တော်ထံမှသိရသည်။






### Unicode Version ###

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ ဦးပိုင်မြေကွက် ၏ အကျယ် ၂ ဒသမ ၂၇၆ ဧကရှိ ဂရန်မြေကွက်နှင့် မြေပေါ်ရှိအဆောက်အအုံများအားလုံးကို ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှသိရသည်။

အဆိုပါမြေကွက်သည် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၅၊ ကွင်းအမှတ် ၃၆၊ အကွက်အမှတ် ပြည်သာယာ၊ ဦးပိုင်အမှတ် ၃၅၆၊ (ယခင်ဦးပိုင် ၃၅၆ က၊ ခ၊ ဃ)၊ မြေကွက်အမှတ် ၁၅၅၊ ဧရိယာ ၂ ဒသမ ၂၇၆ ဧက ကျယ်ဝန်းသည့် မြေကို လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း ယင်းတရားလွှတ်တော်၏ ကြေငြာချက်တွင်ဖော်ပြ ထားသည်။

လေလံတင်ရောင်းချပွဲကို ၂၀၂၀၊ ဇန်နဝါရီလ ၉ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ပြီး ဝယ်ယူသူကိုယ်တိုင် နှင့်တရားဝင်ကိုယ်စားလှယ်လွှဲထားသူများလာရောက်လေလံဆွဲဝယ်ယူနိုင်ကြောင်း ကြေငြာချက်တွင်ပါဝင်သည်။

အဆိုပါမြေကွက်သည် မြဝတီဘဏ်မှ တရားနိုင်ထားသည့် မြေကွက်ဖြစ်ပြီး ဖော်ပြပါအချက်များသည် တရားနိုင်ကတရားရုံးသို့ဖော်ပြထားသည့် အချက်များဖြစ်ကြောင်း ၎င်းတရားလွှတ်တော်ထံမှသိရသည်။

လေ့လာရောင်းချမှုများရောင်းချသူအရာရှိ၏ သတ်မှတ်ချက်များအတိုင်းရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအမြင့်ဆုံးဖြင့် ဝယ်ယူသူကို လေလံဆွဲသူအဖြစ်သတ်မှတ်ထားသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေလံရောင်းချမှုတွင် လေလံဆွဲဝယ်ယူသူမှ ငွေကျပ် ၁၀၀ လျှင် ၂၅ ကျပ် ပေးချေရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်စပေါ်ငွေ ပေးဆောင်ခြင်းမရှိပါက ပြန်လည်လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါတရားလွှတ်တော်ထံမှသိရသည်။

လေလံဆွဲဝယ်ယူရရှိသူသည် ၂၅ ရာခိုင်နှုန်းကို နေ့ချင်းပြီးပေးချေရမည်ဖြစ်ပြီးကျန်ငွေများကို ၁၅ ရက်အတွင်း ထပ်မံပေးချေရမည်၊ ပေးဆောင်ရန်ပျက်ကွက်သူအနေဖြင့် ပေးသွင်းထားသည့်လေလံငွေများကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အဆိုပါ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ထံ မှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service