တကၠသိုလ္ (၄) ခုကို ခ်ိတ္ဆက္ထားသည့္ ယာဥ္လိုင္းသစ္တစ္ခု Omni Focus ကုမၸဏီ ေျပးဆြဲသြားမည္ - Property News in Myanmar from iMyanmarHouse.com
811 Views

တကၠသိုလ္ (၄) ခုကို ခ်ိတ္ဆက္ထားသည့္ ယာဥ္လိုင္းသစ္တစ္ခု Omni Focus ကုမၸဏီ ေျပးဆြဲသြားမည္

### Zawgyi Version ###

တကၠသိုလ္ (၄) ခုကို ခ်ိတ္ဆက္ေျပးဆြဲသြားမယ့္ ယာဥ္လိုင္းသစ္တစ္ခုကို Omni Focus ကုမၸဏီက တိုးခ်ဲ့ေျပးဆြဲသြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကြဲမႈအာဏာပိုင္အဖြဲ႕(YRTA) မွ သိရသည္။

“ေျပးဆြဲဖို႔အတြက္ကုမၸဏီဘက္က တင္ျပထားတာပါ။ ဒီတင္ျပခ်က္အေပၚမွာလည္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ကိုရယူေဆာင္႐ြက္ၿပီး ျဖစ္ပါတယ္” လို႔ ဦးလွေအာင္က ေျပာသည္။

ခ်ိတ္ဆက္ေျပးဆြဲသြားမယ့္ တကၠသိုလ္ (၄)ခုက နည္းပညာတကၠသိုလ္(လိႈင္သာယာ)၊ ေဆးတကၠသိုလ္ (၂)၊ ဒဂုံတကၠသိုလ္နဲ႕ စီးပြားေရးတကၠသိုလ္ (႐ြာသာႀကီး) တို႔ ျဖစ္ၿပီး ယာဥ္စီးခကို သက္မွတ္ထားျခင္းမရွိေသးဘူးလို႔ ဦးလွေအာင္က ဆက္လက္ေျပာၾကားသည္။

အဆိုပါယာဥ္လိုင္းရဲ႕ ဂိတ္ဖ်ားကို နည္းပညာတကၠသိုလ္(လိႈင္သာယာ) က စတင္ေျပးဆြဲရန္ သက္မွတ္ထားၿပီး အဲ့ဒီေနာက္ ရန္ကုန္/ပုသိမ္လမ္း-အေနာ္ရထားလမ္း-ေ႐ႊျပည္သာတံတားလမ္း-တညင္းကုန္းလမ္းဆုံ- ခေရပင္လမ္း-အမွတ္(၃)လမ္းဆုံ-ေအာင္မဂၤလာအေဝးေျပး -ေျခာက္ေကြ႕-သုဓမၼာလမ္း-ေခမာသီလမ္း-ေဆးတကၠသိုလ္(၂)- ေျမာက္ဥကၠလာအဝိုင္း-စက္မႈလမ္း-ဗိုလ္မႉးဗထူးလမ္း-က်န္စစ္သားလမ္း-မင္းရဲေက်ာ္စြာလမ္း-ေတာ္ဝင္လမ္း-ဒဂုံတကၠသိုလ္- ဗိုလ္မႉးဗထူးလမ္း-က်န္စစ္သားလမ္း-အမွတ္(၂) လမ္းမႀကီး-စီးပြားေရးတကၠသိုလ္(႐ြာသာႀကီး) လမ္းအတိုင္း ေျပးဆြဲသြားမွာ ျဖစ္သည္။

ဦးလွေအာင္က “ ယာဥ္စီးခနဲ႕ ပတ္သတ္လို႔ တင္ျပထားတာက ယာဥ္စီးခကို ပုံေသ (၃၀၀) ေတာင္းမယ္လို႔ ေျပာထားတယ္။ ကြၽန္ေတာ္တို႔ ခြင့္မျပဳထားပါဘူး။ ပိုင္းျဖတ္ေကာက္ခံျခင္းနဲ႕ (၂၀၀) က်ပ္ ႏွစ္ပိုင္းေကာက္မလားဆိုတာကိုေတာ့ တင္ျပထားပါတယ္” လို႔ ေျပာၾကားသည္။

ေျပးဆြဲမယ့္ ယာဥ္အမ်ိဳးအစားေတြကို Omni Focus ကုမၸဏီက လက္ရွိေျပးဆြဲေနတဲ့ Foton ယာဥ္ေတြနဲ႕ပဲ ေျပးဆြဲဖို႔ လ်ာထားၿပီး အစီးေရ (၂၇) စီးနဲ႕ စတင္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္းသိရသည္။

“ နာမည္တစ္ခုခုေပးမလား၊ တကၠသိုလ္ခ်ိတ္ဆက္လိုင္းလို႔ပဲ ေပးမလားဆိုၿပီး ေ႐ြးခ်ယ္ထားပါတယ္” လို႔ ဦးလွေအာင္က ဆိုသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

တက္ကသိုလ် (၄) ခုကို ချိတ်ဆက်ပြေးဆွဲသွားမယ့် ယာဉ်လိုင်းသစ်တစ်ခုကို Omni Focus ကုမ္ပဏီက တိုးချဲ့ပြေးဆွဲသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ သိရသည်။

“ပြေးဆွဲဖို့အတွက်ကုမ္ပဏီဘက်က တင်ပြထားတာပါ။ ဒီတင်ပြချက်အပေါ်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကိုရယူဆောင်ရွက်ပြီး ဖြစ်ပါတယ်” လို့ ဦးလှအောင်က ပြောသည်။

ချိတ်ဆက်ပြေးဆွဲသွားမယ့် တက္ကသိုလ် (၄) ခုက နည်းပညာတက္ကသိုလ်(လှိုင်သာယာ)၊ ဆေးတက္ကသိုလ် (၂)၊ ဒဂုံတက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)တို့ ဖြစ်ပြီး ယာဉ်စီးခကို သက်မှတ်ထားခြင်းမရှိသေးဘူးလို့ ဦးလှအောင်က ဆက်လက်ပြောကြားသည်။

အဆိုပါယာဉ်လိုင်းရဲ့ ဂိတ်ဖျားကို နည်းပညာတက္ကသိုလ်(လှိုင်သာယာ) က စတင်ပြေးဆွဲရန် သက်မှတ်ထားပြီး အဲ့ဒီနောက် ရန်ကုန်/ပုသိမ်လမ်း-အနော်ရထားလမ်း-ရွှေပြည်သာတံတားလမ်း-တညင်းကုန်းလမ်းဆုံ- ခရေပင်လမ်း-အမှတ်(၃)လမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး -ခြောက်ကွေ့-သုဓမ္မာလမ်း-ခေမာသီလမ်း-ဆေးတက္ကသိုလ်(၂)- မြောက်ဥက္ကလာအဝိုင်း-စက်မှုလမ်း-ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-မင်းရဲကျော်စွာလမ်း-တော်ဝင်လမ်း-ဒဂုံတက္ကသိုလ်- ဗိုလ်မှူးဗထူးလမ်း-ကျန်စစ်သားလမ်း-အမှတ်(၂)လမ်းမကြီး-စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)လမ်းအတိုင်း ပြေးဆွဲသွားမှာ ဖြစ်သည်။

ဦးလှအောင်က “ ယာဉ်စီးခနဲ့ ပတ်သတ်လို့ တင်ပြထားတာက ယာဉ်စီးခကို ပုံသေ (၃၀၀) တောင်းမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ ခွင့်မပြုထားပါဘူး။ ပိုင်းဖြတ်ကောက်ခံခြင်းနဲ့ (၂၀၀)ကျပ် နှစ်ပိုင်းကောက်မလားဆိုတာကိုတော့ တင်ပြထားပါတယ်” လို့ ပြောကြားသည်။

ပြေးဆွဲမယ့် ယာဉ်အမျိုးအစားတွေကို Omni Focus ကုမ္ပဏီက လက်ရှိပြေးဆွဲနေတဲ့ Foton ယာဉ်တွေနဲ့ပဲ ပြေးဆွဲဖို့ လျာထားပြီး အစီးရေ (၂၇) စီးနဲ့ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

“နာမည်တစ်ခုခုပေးမလား၊ တက္ကသိုလ်ချိတ်ဆက်လိုင်းလို့ပဲ ပေးမလားဆိုပြီး ရွေးချယ်ထားပါတယ်” လို့ ဦးလှအောင်က ဆိုသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service