ေအာင္ဆန္းအားကစားကြင္းႀကီးအား အႀကီးစားျပင္ဆင္ေပးရန္ႏွင့္ ဆိုင္ခန္းငွားရမ္းခမ်ားအား တိုးျမႇင့္ေပးရန္အစီအစဥ္ရွိမရွိ လႊတ္ေတာ္တြင္ေမးျမန္း - Property News in Myanmar from iMyanmarHouse.com
842 Views

ေအာင္ဆန္းအားကစားကြင္းႀကီးအား အႀကီးစားျပင္ဆင္ေပးရန္ႏွင့္ ဆိုင္ခန္းငွားရမ္းခမ်ားအား တိုးျမႇင့္ေပးရန္အစီအစဥ္ရွိမရွိ လႊတ္ေတာ္တြင္ေမးျမန္း

### Zawgyi Version ###

ေအာင္ဆန္းအားကစားကြင္းႀကီးအား အႀကီးစား ျပင္ဆင္ေပးရန္ႏွင့္ ဆိုင္ခန္းငွားရမ္းခမ်ားအား တိုးျမႇင့္ေပးရန္အစီအစဥ္ရွိမရွိ မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၉) မွ ေဒါက္တာေဇာ္လင္းထြဋ္က ေမးျမန္းထားရာတြင္ အဆုိပါေမးခြန္းႏွင့္စပ္လ်ဥ္းၿပီး ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၁၁ ရက္ေျမာက္ေန႔၌ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာျမေလးစိန္က ေအာင္ဆန္းအားကစား ၿပိဳင္ကြင္းအား ယခင္အားကစားဝန္ ႀကီးဌာနမွ စီမံခန႔္ခြဲၿပီး ျမန္မာနိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္မွတစ္ ဆင့္ ကလပ္အသင္းမ်ားသို႔ ေအာင္ဆန္း ကြင္းအပါအဝင္ ေဘာလုံးကြင္း (၂၄) ကြင္းအား ၂၀၁ဝ ခုႏွစ္ နိုဝင္ဘာ ၈ ရက္တြင္ ကနဦး အခမဲ့ (၃) ႏွစ္ B.O.T စနစ္ျဖင့္ ႏွစ္ (၃၀) စာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္း ခဲ့ပါေၾကာင္း ေျဖၾကားသည္။

ေအာင္ဆန္းအားကစားၿပိဳင္ကြင္းအတြင္း ငွားရမ္းသည့္ ဆိုင္ခန္းခမ်ားကို ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ ေကာက္ခံ၍ စုစုေပါင္း ေငြက်ပ္ (၄၇ ဒသမ ၁၁၃) သန္းအား နိုင္ငံေတာ္ဘ႑ာအျဖစ္ ေပးသြင္းခဲ့ပါေၾကာင္း၊ ထို႔ျပင္ ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ ေအာင္ဆန္းအားကစားၿပိဳင္ကြင္း၏ ဆိုင္ခန္းငွားရမ္းခမ်ားအား ေငြက်ပ္ (၁၃၄ ဒသမ ၃၃၅) သန္းအထိ တိုးျမႇင့္ေကာက္ခံခဲ့ၿပီး ျမန္မာနိုင္ငံေဘာလုံးအဖြဲ႔ ခ်ဳပ္မွ ယခင္ငွားရမ္းသည့္ေငြအတိုင္း ေငြက်ပ္ (၄၇ ဒသမ ၁၁၃) သန္းအား နိုင္ငံေတာ္သို႔ ဆက္လက္ေပးသြင္းလ်က္ရွိသည္ကို သိရွိ ရေၾကာင္းေျဖၾကားသည္။

ေအာင္ဆန္းအားကစားၿပိဳင္ကြင္းအား ၂၀၁၈ ခုႏွစ္ မတ္ ၃၀ ရက္တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ျပန္လည္ လႊဲေျပာင္းလက္ခံရယူခဲ့ၿပီး ဆိုင္ခန္းငွားရမ္းခမ်ားကိုလည္း ယခင္ျမန္မာနိုင္ငံေဘာလုံး အဖြဲ႕ခ်ဳပ္ေကာက္ခံထားသည့္ ႏႈန္းထားအတိုင္းေကာက္ခံခဲ့ၿပီးနိုင္ငံ ေတာ္ေငြစာရင္းအမွတ္ MD – 010442 သို႔ ေပးသြင္း ေဆာင္ရြက္လ်က္ရွိပါေၾကာင္းေျဖၾကားသည္။

အႀကီးစားျပင္ဆင္ေရးကိစၥႏွင့္ ပတ္သက္၍ အင္ဂ်င္နီယာအဖြဲ႕တို႔ျဖင့္ စစ္ေဆးခဲ့ရာ အႏၲရာယ္ရွိသည့္ အေဆာက္အဦျဖစ္ေသာေၾကာင့္ အျမန္ ဆုံးဖ်က္သိမ္း၍ ေျပးလမ္းပါဝင္ေသာ ေခတ္မီအားကစားကြင္း တည္ေဆာက္သင့္သည္ကို အႀကံျပဳပါေၾကာင္း၊ေအာင္ဆန္းကြင္းအား အသစ္တစ္ဖန္ ျပန္လည္ တည္ေဆာက္နိုင္ေရးႏွင့္ ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ႏွင့္က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးတို႔ ပထမတစ္ႀကိမ္ ေတြ႕ဆုံညႇိႏွိုင္းၿပီး ျဖစ္ပါေၾကာင္း၊ ဒီဇင္ဘာ ဒုတိယအပတ္တြင္ ဆက္လက္ညႇိႏွိုင္းေဆာင္ ရြက္မည္ ျဖစ္ပါေၾကာင္း က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က ေျဖၾကားသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

အောင်ဆန်းအားကစားကွင်းကြီးအား အကြီးစား ပြင်ဆင်ပေးရန်နှင့် ဆိုင်ခန်းငှားရမ်းခများအား တိုးမြှင့်ပေးရန်အစီအစဉ်ရှိမရှိ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဒေါက်တာဇော်လင်းထွဋ်က မေးမြန်းထားရာတွင် အဆိုပါမေးခွန်းနှင့်စပ်လျဉ်းပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က အောင်ဆန်းအားကစား ပြိုင်ကွင်းအား ယခင်အားကစားဝန် ကြီးဌာနမှ စီမံခန့်ခွဲပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတစ် ဆင့် ကလပ်အသင်းများသို့ အောင်ဆန်း ကွင်းအပါအဝင် ဘောလုံးကွင်း (၂၄) ကွင်းအား ၂၀၁ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကနဦး အခမဲ့ (၃) နှစ် B.O.T စနစ်ဖြင့် နှစ် (၃၀) စာချုပ်ချုပ်ဆိုငှားရမ်း ခဲ့ပါကြောင်း ဖြေကြားသည်။

အောင်ဆန်းအားကစားပြိုင်ကွင်းအတွင်း ငှားရမ်းသည့် ဆိုင်ခန်းခများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကောက်ခံ၍ စုစုပေါင်း ငွေကျပ် (၄၇ ဒသမ ၁၁၃) သန်းအား နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အောင်ဆန်းအားကစားပြိုင်ကွင်း၏ ဆိုင်ခန်းငှားရမ်းခများအား ငွေကျပ် (၁၃၄ ဒသမ ၃၃၅) သန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယခင်ငှားရမ်းသည့်ငွေအတိုင်း ငွေကျပ် (၄၇ ဒသမ ၁၁၃) သန်းအား နိုင်ငံတော်သို့ ဆက်လက်ပေးသွင်းလျက်ရှိသည်ကို သိရှိ ရကြောင်းဖြေကြားသည်။

အောင်ဆန်းအားကစားပြိုင်ကွင်းအား ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည် လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဆိုင်ခန်းငှားရမ်းခများကိုလည်း ယခင်မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကောက်ခံထားသည့် နှုန်းထားအတိုင်းကောက်ခံခဲ့ပြီးနိုင်ငံ တော်ငွေစာရင်းအမှတ် MD – 010442 သို့ ပေးသွင်း ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားသည်။

အကြီးစားပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ အင်ဂျင်နီယာအဖွဲ့တို့ဖြင့် စစ်ဆေးခဲ့ရာ အန္တရာယ်ရှိသည့် အဆောက်အဦဖြစ်သောကြောင့် အမြန် ဆုံးဖျက်သိမ်း၍ ပြေးလမ်းပါဝင်သော ခေတ်မီအားကစားကွင်း တည်ဆောက်သင့်သည်ကို အကြံပြုပါကြောင်း၊အောင်ဆန်းကွင်းအား အသစ်တစ်ဖန် ပြန်လည် တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ပထမတစ်ကြိမ် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ပါကြောင်း၊ ဒီဇင်ဘာ ဒုတိယအပတ်တွင် ဆက်လက်ညှိနှိုင်းဆောင် ရွက်မည် ဖြစ်ပါကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဖြေကြားသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service