ရန်ကုန်တိုင်းဝန်ကြီးချုပ် တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
779 Views

ရန်ကုန်တိုင်းဝန်ကြီးချုပ် တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံ

### Zawgyi Version ###


ဝန်ကြီးချုပ်က ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားပြု မြို့တော်စည်ပင်သာယာသည် ဈေးများအားလုံးကိုပိုင်ကြောင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းကို ဘယ်သူမှအပိုင်ယူလို့မရကြောင်း၊မြို့တော်စည်ပင်သာယာနှင့် တိုင်းစည်ပင်ကနေကြီးကြပ်ကွပ်ကဲနေသည့် ဈေးများအားလုံးကိုဆိုလိုတာဖြစ်ကြောင်း၊ မြို့တော် စည်ပင်သာယာကော်မတီကလည်း ဥပဒေအတိုင်းလုပ်ရမှာ ဖြစ်ကြောင်း၊ ယခုဆိုင်ခန်းများကို အပြတ်ရောင်းထားခြင်း လွဲပြောင်းရောင်းချခြင်း ခွင့်ပြုထားတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းများသည် ကာလကြာလာသည့်အချိန် အမှားကြာလာတော့ အမှန်လို့ထင်လာကြောင်း၊ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ပြောချင်သည့် အဓိက အကြောင်းက မိမိတို့အားလုံး စည်းဘောင်ကိုထိန်းပြီး ဆွေးနွေးဖို့ဆိုလိုတာဖြစ်ကြောင်း၊ ဈေးများကို အဆင့်မြှင့်တင်ဆောင်ရွက်သည့်နေရာမှာ အားလုံးက ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ်တာဝန်ယူရမည့် နယ်ပယ်များမှာ ချမှတ်ထားသည့် မူဘောင်တွေ အတွင်းကပဲ ပါဝင်ကြဖို့ဖြစ်ကြောင်း၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းဘောင်များကို လိုက်နာခြင်းဖြင့် မိမိတို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပါလို့ တိုက်တွန်းကြောင်း ပြောသည်။



တွေ့ဆုံပွဲတွင် တာမွေဈေးအဆင့်မြင့် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံဗိသုကာအသင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲခဲ့ကြောင်း၊ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၃ ခု၊ဆိုင်ခန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး ယင်းတို့ကို ရန်ကုန်စည်ပင်ကခန့်ခွဲ ဆိုင်ခန်းများ အငှားချစနစ်ဖြင့်သာဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။





 

### Unicode Version ###

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နိုဝင်ဘာ ၂၉ ရက်က တာမွေ(ယာယီ)ဈေးအား အဆင့်မြင့်ဈေး တည်ဆောက်ခြင်း လုပ်ငန်း နှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သိရသည်။

ဝန်ကြီးချုပ်က ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားပြု မြို့တော်စည်ပင်သာယာသည် ဈေးများအားလုံးကိုပိုင်ကြောင်း၊ နိုင်ငံတော်ပိုင်ပစ္စည်းကို ဘယ်သူမှအပိုင်ယူလို့မရကြောင်း၊မြို့တော်စည်ပင်သာယာနှင့် တိုင်းစည်ပင်ကနေကြီးကြပ်ကွပ်ကဲနေသည့် ဈေးများအားလုံးကိုဆိုလိုတာဖြစ်ကြောင်း၊ မြို့တော် စည်ပင်သာယာကော်မတီကလည်း ဥပဒေအတိုင်းလုပ်ရမှာ ဖြစ်ကြောင်း၊ ယခုဆိုင်ခန်းများကို အပြတ်ရောင်းထားခြင်း လွဲပြောင်းရောင်းချခြင်း ခွင့်ပြုထားတာမဟုတ်ကြောင်း၊ ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းများသည် ကာလကြာလာသည့်အချိန် အမှားကြာလာတော့ အမှန်လို့ထင်လာကြောင်း၊ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ပြောချင်သည့် အဓိက အကြောင်းက မိမိတု့ိအားလုံး စည်းဘောင်ကိုထိန်းပြီး ဆွေးနွေးဖို့ဆိုလိုတာဖြစ်ကြောင်း၊ ဈေးများကို အဆင့် မြှင့်တင်ဆောင်ရွက် သည့်နေရာမှာ အားလုံးက ကိုယ့်နေရာ၊ ကိုယ့်ဌာန၊ ကိုယ်တာဝန်ယူရမည့် နယ်ပယ်များမှာ ချမှတ်ထားသည့် မူဘောင်တွေ အတွင်းကပဲ ပါဝင်ကြဖို့ဖြစ်ကြောင်း၊ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းဘောင်များကို လိုက်နာခြင်းဖြင့် မိမိတို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပါလို့ တိုက်တွန်းကြောင်း ပြောသည်။

ဈေးသူ၊ ဈေးသားများကိုယ်စား ကိုယ်စားလှယ် ၅ ဦးက အသစ်တည်ဆောက်မည့် တာမွေဈေးပုံစံအား ဈေးသူဈေးသားများနှင့်သဘောတူညီမှု ရယူပြီးမှသာ ယာယီဈေးတည်ဆောက်ခြင်း ဈေးသစ်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရန်အချက် ၈ ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့ကြသည်။

ဈေးသူ၊ ဈေးသားများ၏ တောင်းဆိုတင်ပြချက်များကို ဝန်ကြီးချုပ်၊ လွတ်တော် ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးများ ဌာနမှူး၊ ဈေးတာဝန်ခံတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် တာမွေဈေးအဆင့်မြှင့် တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံဗိသုကာအသင်းနှင့် လွှတ် တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များရယူခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲခဲ့ကြောင်း၊ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၈၃ ခု၊ဆိုင်ခန်းပေါင်း ခြောက်သောင်းကျော်ရှိပြီး ယင်းတို့ကို ရန်ကုန်စည်ပင်ကခန့်ခွဲ ဆိုင်ခန်းများ အငှားချစနစ်ဖြင့်သာဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မြေဧရိယာ ၃ ဒသမ ၇၉၂ ဧကတွင် တာမွေယာယီဈေးကို ၅ ထပ်အဆောက်အအုံအဖြစ်တည်ဆောက်မှာဖြစ်ပြီး ကားပါကင်များ၊Shop House များပါဝင်မှာ ဖြစ်ကြောင်းသိရသည်။

အဆိုပါတာမွေဈေးစီမံကိန်းသည် Yangon Project Bank တွင်ထည့်သွင်းထားကြောင်းသိရသည်။

 

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှ
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service