ကရင္ျပည္နယ္ႏွင့္မြန္ျပည္နယ္အတြင္း နိပြန္ေဖာင္ေဒးရွင္း၏ ေထာက္ပံ့ကူညီမႈျဖင့္ ဘက္စုံေဒသဖြံ႕ျဖိဳးေရး စီမံကိန္းဆိုင္ရာ အေဆာက္အအုံမ်ားၿပီးစီးျခင္း အခမ္းအနားက်င္းပခဲ့ - Property News in Myanmar from iMyanmarHouse.com
841 Views

ကရင္ျပည္နယ္ႏွင့္မြန္ျပည္နယ္အတြင္း နိပြန္ေဖာင္ေဒးရွင္း၏ ေထာက္ပံ့ကူညီမႈျဖင့္ ဘက္စုံေဒသဖြံ႕ျဖိဳးေရး စီမံကိန္းဆိုင္ရာ အေဆာက္အအုံမ်ားၿပီးစီးျခင္း အခမ္းအနားက်င္းပခဲ့

### Zawgyi Version ###

ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္အတြင္း နိပြန္ေဖာင္ေဒးရွင္း၏ ေထာက္ပံ့ကူညီမႈျဖင့္ ေနရပ္စြန္႔ခြာ ျပည္သူမ်ားအတြက္ဘက္စုံေဒသ ဖြံ႕ျဖိဳးေရးစီမံကိန္းဆိုင္ရာ အေဆာက္အအုံမ်ားၿပီးစီးျခင္း အခမ္းအနားကို ႏိုဝင္ဘာ ၂၇ ရက္က ကရင္ျပည္နယ္၊ ေလးေက့ေကာ္ၿမိဳ႕သစ္ရွိ ဒူးပလာယာ အထက္တန္းေက်ာင္းခန္းမ၌ က်င္းပျပဳ ခဲ့သည္။

ေလးေက့ေကာ္ၿမိဳ႕သစ္တည္ ေဆာက္ေရးလုပ္ငန္းမ်ားအား နယ္စပ္ေရးရာ၀န္ႀကီး ဌာနအေနျဖင့္ ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္မွ စတင္၍ လမ္း၊ တံတားႏွင့္ ေနအိမ္အေဆာက္အအုံမ်ား စတင္ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

နိပြန္ေဖာင္ေဒးရွင္း အေနျဖင့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာနႏွင့္ ပူးေပါင္း၍ ေနအိမ္အေဆာက္အအုံမ်ား ေဆာက္လုပ္ေပးျခင္းအား ၂၀၁၈ ခု ႏွစ္ မွ စတင္ေဆာင္ရြက္ခဲ့ရာ ယခုေဆာက္လုပ္ၿပီးစီးသည့္ ေနအိမ္ ၁၀၀ လုံး အပါအ၀င္ ေနအိမ္ ၂၀၀ လုံး ေဆာက္လုပ္ၿပီးစီးခဲ့ေၾကာင္းသိရွိရသည္။ ယခုအခ်ိန္တြင္ ေလးေက့ေကာ္ ၿမိဳ႕သစ္၌ နိပြန္ေဖာင္ေဒးရွင္းမွ ေဆာက္လုပ္ထားသည့္ ေနအိမ္ ၂၀၀ လံုး၊ နယ္စပ္ေရးရာ၀န္ႀကီးဌာနမွ ေဆာက္လုပ္ထားသည့္ ေနအိမ္ ၂၇၅ လုံးႏွင့္ အျခားေနအိမ္ ၃၁၁ လုံးရိွၿပီး အိမ္ေထာင္စု ၇၈၆ စု၊ လူဦးေရ ၃၁၉၉ ဦးေန ထုိင္လ်က္ရွိသည္။

နိပြန္ေဖာင္ေဒးရွင္းအေနျဖင့္ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔၌ ေဒသခံျပည္သူ လူထုတို႔၏ လုိိအပ္ခ်က္မ်ားျဖည့္ဆည္းေပးႏိုင္ေရးအတြက္ ဘက္စုံေဒသဖြံ႕ၿဖိဳးေရး စီမံကိန္းကို ထပ္မံအေကာင္အထည္ေဖာ္ေဆာင္ႏိုင္ေရး နယ္စပ္ေရးရာ ၀န္ႀကီးဌာနႏွင့္ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ဘက္စုံေဒသဖြံ့ၿဖိဳးေရး စီမံကိန္းဆိုင္ရာ အေဆာက္အအုံမ်ား ၿပီးစီးျခင္း အခမ္းအနားသုိ႔႔ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ကရင္ျပည္နယ္အစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ညိႇႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနမွ ဦးသိန္းေဇာ္၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး ံ H.E. Mr. Maruyarma ၊ နိပြန္ေဖာင္ေဒးရွင္း ဥကၠ႒ Mr. Yohei Sasakawa ၊ KNU ကရင္အမ်ဳိးသား အစည္းအ႐ုံးဥကၠ႒ ေစာမူတူးေစးဖိုး၊ မြန္ျပည္သစ္ပါတီ ဒုဥကၠ႒ ႏိုင္ဟံသာႏွင့္ တာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ အထူးဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဘက်စုံဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အဆောက်အအုံများပြီးစီးခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်က ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ ဒူးပလာယာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြု ခဲ့သည်။

လေးကေ့ကော်မြို့သစ်တည် ဆောက်ရေး လုပ်ငန်းများအား နယ်စပ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ လမ်း၊ တံတားနှင့် နေအိမ်အဆောက်အအုံများ စတင်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နိပွန်ဖောင်ဒေးရှင်း အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေအိမ်အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းအား ၂၀၁၈ ခု နှစ် မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆောက်လုပ်ပြီးစီးသည့် နေအိမ် ၁၀၀ လုံး အပါအဝင် နေအိမ် ၂၀၀ လုံး ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရှိရသည်။ ယခုအချိန်တွင် လေးကေ့ကော် မြို့သစ်၌ နိပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်ထားသည့် နေအိမ် ၂၀၀ လုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောက်လုပ်ထားသည့် နေအိမ် ၂၇၅ လုံးနှင့် အခြားနေအိမ် ၃၁၁ လုံးရှိပြီး အိမ်ထောင်စု ၇၈၆ စု၊ လူဦးရေ ၃၁၉၉ ဦးနေ ထိုင်လျက်ရှိသည်။

နိပွန်ဖောင်ဒေးရှင်းအနေဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ဒေသခံပြည်သူ လူထုတို့၏ လိုအပ်ချက်များ ဖြည့် ဆည်းပေးနိုင်ရေးအတွက် ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းကို ထပ်မံအကောင်အထည် ဖော်ဆောင်နိုင်ရေး နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဘက်စုံဒေသဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အဆောက်အအုံများ ပြီးစီးခြင်း အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဦးသိန်းဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး ံ H.E. Mr. Maruyarma ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa ၊ KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service