ဝန်ထမ်းအိမ်ရာ (၆၀) လုံးတည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ် - Property News in Myanmar from iMyanmarHouse.com
838 Views

ဝန်ထမ်းအိမ်ရာ (၆၀) လုံးတည်ဆောက်ခြင်းလုပ်ငန်းအား အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ်

### Zawgyi Version ###










### Unicode Version ###

နေပြည်တော်ကောင်စီ၌ ဝန်ထမ်းအိမ်ရာ (၆၀) လုံး တည်ဆောက်ခြင်း လုပ်ငန်းအား အရည်အသွေးကြီးကြပ်စစ်ဆေးရေး (QA/QC) ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများကို နေပြည်တော်ကောင်စီမှ တင်ဒါခေါ်ယူထားကြောင်း နိုင်ငံပိုင်သတင်းစာတွင်တွေ့ရသည်။

နေပြည်တော်ကောင်စီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆောက်လုပ်မည့် ဝန်ထမ်းအိမ်ရာများမှာ ညွှန်ကြားရေးမှူးချုပ် နေအိမ်(Duplex) (၁၀) လုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်/ညွှန်ကြားရေးမှူးအိမ်ရာ (2U3S)(၈)လုံး၊ အရာထမ်းအိမ်ရာ (6U4S-3Bed)(၁၀)လုံး၊ အမှုထမ်းအိမ်ရာ ( 6U4S-2Bed)(၂၄)လုံး၊ လူပျိုဆောင်/အပျို ဆောင်(၈)လုံး၊ စုစုပေါင်းဝန်ထမ်းအိမ်ရာ အဆောက်အအုံ (၆၀) လုံး ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

ယင်းအိမ်ရာများ ဆောက်လုပ်ခြင်းအတွက် အရည်အသွေးကြီးကြပ် စစ်ဆေးခြင်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိသည့် ကုမ္ပဏီများကို စိစစ်အကဲဖြတ်ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ နည်းပညာလျှောက်လွှာတင်သွင်းနိုင်ရန် စိတ်ပါဝင်စားသူ တိုင်ရင်းသားလုပ်ငန်ရှင်များအား ဖိတ်ခေါ်ထားသည်။

တင်ဒါလျှောက်လွှာပုံစံကို ၂၀၁၉ နိုဝင်ဘာ ၂၈ ရက်မှ စတင်ပြီး ၂၀၁၉ ဒီဇင်ဘာ ၁၆ ရက်ထိ ရောင်းချမှာဖြစ်ပြီး တင်ဒါလျှောက်လွှာပုံစံနောက်ဆုံးလက်ခံမည့်ရက်မှာ ၂၀၁၉ ဒီဇင်ဘာ ၁၆ ရက် နေ့လည် ၁၂ နာရီအချိန်ထိဖြစ်ကြောင်းဖော်ပြထားသည်။

လျောက်လွှာတင်သွင်းရာတွင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းစံချိန်စံညွှန်းများ ပါဝင်ရမည်ဖြစ်ကြောင်းသိရသည်။

နည်းပညာအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်သိလိုပါက ကို ရုံးချိန်အတွင်း မေးမြန်းနိုင်ကြောင်းနေပြည်တော်ကောင်စီမှ ကြေညာထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service