အစိုးရပိုင္ေၿမ ႏွင့္အေဆာက္အအုံ ၂၅ ခုကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟုေၾကညာ - Property News in Myanmar from iMyanmarHouse.com
8641 Views

အစိုးရပိုင္ေၿမ ႏွင့္အေဆာက္အအုံ ၂၅ ခုကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟုေၾကညာ

### Zawgyi Version ###

တိုင္းေဒသႀကီးသုံးခုရွိ ေျမႏွင့္ အေဆာက္အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္ စုစုေပါင္း ၂၅ ေနရာကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ ဟု ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္က ေၾကညာသည္။

ေရာင္းခ်မည့္ေနရာမ်ားမွာ ရန္ကုန္၊ မႏၲေလးႏွင့္ ပဲခူးတိုင္းတို႔တြင္ျဖစ္ၿပီး တည္ေနရာအတိအက်ကို အက်ယ္အဝန္း၊ လက္ရွိေျမျပင္အေနအထား ဓာတ္ပုံတို႔ကို စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာန ဝဘ္ဆိုက္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။

ေရာင္းခ်မည့္ေနရာမ်ားတြင္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ရွိ ပုလဲကြန္ဒိုမွ တိုက္ခန္းငါးခန္း၊ ပန္းဘဲတန္း နွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ ရွိ တိုက္ခန္းသုံးခန္း၊ လိႈင္သာယာ ေရႊျပည္သာ ၊ ေတာင္ဥကၠလာပ ႏွင့္ ဒဂုံ (အေရွ႕) ၿမိဳ႕နယ္မ်ားတြင္ ေျမႏွင့္ အေဆာက္အအုံတြဲလ်က္ႏွင့္ ေျမသီးသန႔္ ၁၀ ေနရာတို႔ျဖစ္သည္။

မႏၲေလးတိုင္း ခ်မ္းေအးသာစံ၊ မိုးကုတ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မ်ားရွိ ေျမႏွင့္အေဆာက္အအုံ၊ တိုက္ခန္း၊ ေျမကြက္စုစုေပါင္း ငါးေနရာ၊ ပဲခူးတိုင္း  ေညာင္ေလးပင္ႏွင့္ ေတာင္ငူၿမိဳ႕ ရွိ ေျမညီထပ္ အခန္းတစ္ခန္းႏွင့္ ေျမကြက္တစ္ကြက္ ပါဝင္သည္။

ဝယ္ယူလိုသူမ်ားသည္ စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာနရွိ ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္႐ုံးသို႔ ဒီဇင္ဘာ ၁၉ ရက္ ေနာက္ဆုံးထားေလၽွာက္ထားရမည္ျဖစ္သည္။

ဒုသမၼတ ဦးျမင့္ေဆြ ဦးေဆာင္သည့္ ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္ကို ၂၀၁၆ ေမလက ဖြဲ႕စည္းၿပီး ႏွစ္စဥ္ နိုင္ငံပိုင္အေဆာက္အအုံမ်ားႏွင့္ ျပည္သူပိုင္သိမ္းယူခဲ့သည့္ ေျမႏွင့္တိုက္ခန္းမ်ား ေရာင္းခ်ရန္ ေလလံေခၚယူၿပီး ၂၀၁၇ က ၁၉ ေနရာ၊ ၂၀၁၈ က ၁၇ ေနရာကို အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေရာင္းခ်ခဲ့သည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

တိုင်းဒေသကြီးသုံးခုရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၅ နေရာကို အများပြည်သူသို့ရောင်းချမည် ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ကြေညာသည်။

ရောင်းချမည့်နေရာများမှာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့တွင်ဖြစ်ပြီး တည်နေရာအတိအကျကို အကျယ်အဝန်း၊ လက်ရှိမြေပြင်အနေအထား ဓာတ်ပုံတို့ကို စီမံ ကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုဆိုသည်။

ရောင်းချမည့်နေရာများတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒိုမှ တိုက်ခန်းငါးခန်း၊ ပန်းဘဲတန်းနှင့် စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းသုံးခန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပနှင့် ဒဂုံ (အရှေ့) မြို့နယ်များတွင် မြေနှင့် အဆောက်အအုံတွဲလျက်နှင့် မြေသီးသန့် ၁၀ နေရာတို့ဖြစ်သည်။

မန္တလေးတိုင်း ချမ်းအေးသာစံ၊ မိုးကုတ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း၊ မြေကွက် စုစုပေါင်း ငါးနေရာ၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် တောင်ငူမြို့ရှိ မြေညီထပ် အခန်းတစ်ခန်းနှင့် မြေကွက်တစ်ကွက် ပါဝင်သည်။

ဝယ်ယူလိုသူများသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။

ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ၂၀၁၆ မေလက ဖွဲ့စည်းပြီး နှစ်စဉ် နိုင်ငံပိုင်အဆောက်အအုံများနှင့် ပြည်သူပိုင်သိမ်းယူခဲ့သည့် မြေနှင့်တိုက်ခန်းများ ရောင်းချရန် လေလံခေါ်ယူပြီး ၂၀၁၇ က ၁၉ နေရာ၊ ၂၀၁၈ က ၁၇ နေရာကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့သည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service