ေျမကြက္ေရာင္းေပးဖို႕ ပါမစ္မိတၱဴ ေပးခဲ့မိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
1710 Views

ေျမကြက္ေရာင္းေပးဖို႕ ပါမစ္မိတၱဴ ေပးခဲ့မိပါသလား ?

Knowledge | Posted by Hnin Ei Khin

### Zawgyi Version ###

အခုတစ္ေလာအိမ္ျခံေျမအေရာင္းအဝယ္ေတြျပန္လည္ႏိႈးထလာျပီးအထင္နဲ႕အိမ္ျခံေျမကြက္ေရာင္းလိုသူအခ်ိဳ႕ဟာ ေဈးေကာင္းေပးဝယ္သည္ ဆိုတဲ့ အိမ္ျခံေျမပြဲစားေတြနဲ႕ ဆက္သြယ္စံုစမ္းလာၾကတာကိုေတြ႕ရပါတယ္။ ေျမကြက္ျပန္ေရာင္းခ်င္ေအာင္လည္းအိမ္ျခံေျမပြဲစားမ်ား ၊ အက်ိဳးေဆာင္မ်ားဟာ အြန္လိုင္မွာေရာင္းမယ့္ေျမကြက္ကို ျမိဳ႕နယ္ေျမပံုေပၚမွာ လမ္းညြန္ျမွားျပျပီးေရာင္းေနၾကတာကိုေတြ႕ရတယ္။

ဒါနဲ႕တင္္အားမရေသးလို႕ ေျမကြက္နဲ႕အိမ္ကိုပါ အြန္လိုင္းေပၚမွာ ဓါတ္ပံုရုိက္ျပီး တင္ထားၾကတယ္။ ေဈးႏႈန္းကိုေတာ့ ေရာင္းခ်င္သူအပ္ထားတဲ့ႏႈန္းထက္ ၁၀ သိန္းမွ ၁၅ သိန္းေလာက္ပိုတင္ထားၾကတယ္ေလ။ ဒါကလည္းအဆိုးမဆိုးႏိုင္ပါဘူး။ ပြဲစားပါဆိုမွပြဲခမက်န္ဘဲနဲ႕ ဘယ္သူလုပ္ေပးခ်င္မွာလဲမဟုတ္ဘူးလား အြန္လိုင္းဆိုတာကေတာ့ လူငယ္ ၊ လူလတ္မ်ားသာအမ်ားဆံုးအသံုးျပဳၾကတာပါ။ လူၾကီးပိုင္းေတြကေတာ့ အာမခံခ်က္ခိုင္ခိုင္မာမာနဲ႕ အေထာက္အထားျပည့္စံုတဲ့ ေၾကးမံု/ျမန္မာ့အလင္းသတင္းေတြမွာပါတဲ့ ၊ အိမ္ျခံေျမေၾကာ္ျငာေတြကိုဘဲ ၾကည့္ျပီး ဆက္သြယ္စံုစမ္းၾကည့္တာမ်ားပါတယ္္။

ေၾကးမံု/ျမန္မာ့အလင္းစာေတြမွာ ၾကည့္လိုက္ရင္လည္း ၊ ေဈးေကာင္းေပးဝယ္သည္ ဆုိတဲ့ေၾကာ္ျငာေတြကလည္း ၊ တစ္ေန႕တစ္မ်ိဳးမရုိးရေအာင္ေၾကာ္ျငာၾကတယ္။ ေရာင္းခ်င္သူေတြကလည္းေဈးေကာင္းေပးမယ္ဆိုေတာ့ အားကိုးၾကတာေပါ့။တကယ္ဆက္သြယ္ၾကည့္လိုက္တဲ့အခါ မွန္းခ်က္နဲ႕နွမ္းထြက္ က မကိုက္ပါဘူး ဝယ္ရင္းေဈးထက္ ၁၀ သိန္း သိန္း ၂၀ ေလာက္အထိ္ေဈးႏွိမ့္ခံရတယ္။

လြန္ခဲ့တဲ့ (၂) နွစ္ ေလာက္ကဝယ္ထားတဲ့ေျမကြက္ကိုေဈးေလ်ာ့ျပီး ျပန္ေရာင္းတာေတာင္ ဝယ္စဥ္က သိန္း (၂၀)ပိုေပးခဲ့ရလို႕ ေဈးၾကီးၾကီးမိသြားတယ္လို႕ ျပန္၀ယ္သူက အားမနာဘဲေျပာေသးတယ္။တကယ္တန္းက်ေတာ့ သူေျပာသလိုကိုယ္လည္းဝယ္စဥ္ကအဲဒီလို ေပါ့ေပါ့ဆဆနဲ႕ဝယ္ခဲ့တာမ်ိဳးေတာ့ မဟုတ္ပါဘူး“ ပိုက္ဆံ” က အလြယ္တကူ ႏိႈက္ယူလို႕ရတဲ့ေငြတြင္းရွိတာမွမဟုတ္တာေဈးမွန္ရဖို႕ ရပ္ကြက္အနွံ႕ေတာနင္းရွာဝယ္ယူရတာေလ။

အခုလည္းၾကည့္ေလ “ နွင္းနွင္း ” တစ္ေယာက္မိမိရဲ႕ မိသားစုအတြက္ ေငြအေရးၾကီးတာနဲ႔ လြန္ခဲ့တဲ့ (၂) နွစ္က ဝယ္ထားတဲ့ ဒဂံုဆိပ္ကမ္းက ေျမကြက္ကို (၁၀)သိန္းေလာက္အရႈံးခံျပီးေရာင္းမယ္ဆိုတဲ့ စိတ္ကူးနဲ႕ သတင္းစာနဲ႕အြန္လိုင္း မွာေၾကာ္ျငာေနတဲ့ အက်ိဳးေဆာင္ပြဲစားတစ္ခ်ိဳ႕နဲ႕ဆက္သြယ္ၾကည့္ပါတယ္။ ေနာက္ဆံုး ဒဂံုဆိပ္ကမ္းကပြဲစားတစ္ဦးနဲ႕ ခ်ိတ္ဆက္မိလို႕ ပြဲစားကဝယ္သူကိုေခၚလာပါတယ္။

နွစ္ဘက္ေရာင္းေဈးညွိႏိႈင္းျပီး ေျပလည္တာနဲ႕ ေျမကြက္ရွိတဲ့ ေနရာကိုလိုက္ျပပါတယ္။ဝယ္သူကလည္း အေရွ႕လွည့္မို႕သေဘာက်ပါတယ္။ပြဲစားနဲ႕ေရာင္းသူဝယ္သူေတြေျမကြက္အေနအထားၾကည့္ျပီးစကားေျပာဆိုေနစဥ္မွာ အသက္ (၃၅) နွစ္ေက်ာ္ လူငယ္တစ္ဦးသူတို႕နားကိုေရာက္လာပါတယ္။အစ္ကိုတို႕အခုအေရာင္းအဝယ္လုပ္မွာက ေျမကြက္နံပါတ္ဘယ္ေလာက္လဲဟင္ ေျမကြက္နံပါတ္ “ 007 ” ေလ။ ဘာျဖစ္လို႕လဲ “ဟင္…..ဟုတ္လား ”

ကၽြန္ေတာ္ (20 ‘x 60 ‘) ဝယ္ထားတာလည္းအဲဒိၤနံပါတ္ျဖစ္ေနတယ္။ “ ဟိုက္” ….ဒါဆိုရင္ ညီေလး အလိမ္ခံလိုက္ရျပီထင္တယ္ မျဖစ္ႏ္ိုင္ပါဘူးဗ်ာ ေရာင္းသြားတဲ့သူေတြေျပာတာက “” ေျမကြက္ရဲ႕ေခါင္းရင္းက ပိုေနတဲ့ေျမကြက္ကိုေရာင္းတာလို႕ ေျပာတယ္ ဟု ျငင္းခံုေနတယ္။ သူေျပာပံုေထာက္ရင္ “ 007 ”ေျမကြက္ပါမစ္ကို အဆင့္ဆင့္ေရာင္းဝယ္ၾကရင္ ပါမစ္မိတၱဴကူးယူထားသူတစ္ဦးက ေျမပိုအေၾကာင္းျပျပီးေရာင္းသြားျခင္းကိုဝယ္ထားမိသူတစ္ဦးျဖစ္ေနတာကိုေတြ႕ရတယ္။

ေျမပို ဝယ္ထားသူက အဲဒီလိုလာေျပာတဲ့အတြက္ ေျမကြက္ဝယ္ယူဖို႕လိုက္လာတဲ့ သူေတြက မဝယ္ရဲေတာ့ဘဲ ကၽြန္ေတာ္တို႕အိမ္ျပန္ျပီးျပန္စဥ္းစားလိုက္ပါဦီးမယ္ ဆိုျပီး ျပန္သြားၾကပါေတာ့တယ္။

အခုေရာင္းမယ့္ “ နွင္းနွင္း ” က ေျမခ်ပါမစ္ရင္းနဲ႕ စာခ်ဳပ္အဆက္အစပ္ေတြျပေပမဲ့အရႈပ္အရွင္းရွိတယ္ ဆိုျပီး ေနာက္ဆုတ္သြားၾကတာျဖစ္ပါတယ္။

ေရာင္းသူ “နွင္းနွင္း” မွာေတာ့ အမွန္အကန္ေျမခ်ပါမစ္မူရင္းနဲ႕ စာခ်ဳပ္အဆက္အစပ္ေတြျပႏိုင္ပါလ်က္ ၊ အေရာင္းအဝယ္လုပ္ရာမွာ ေနွာင့္ေနွးၾကန္႕ၾကာသြားႏိုင္တာေပါ့ “နွင္းနွင္း ” လည္း အခက္အခဲေတြ႕သလို 007 ေျမကြက္မိတၱဴနဲ႕ ေျမပိုဝယ္ထားမိသူမွာလည္း အလိမ္ခံလိုက္ရေလျခင္းဆုိျပီးလိမ္ေရာင္းသြားတဲ့သူေတြကိုျပႆနာရွင္းေပးဖို႔႕လိုက္ရွာေနလာက္ျပီ။

ကၽြန္ႏ္ုပ္အေနနဲ႕လည္း ဟိုစဥ္က ေျမနဲ႕အိမ္ေရာင္းခ်င္သူမ်ားအလုပ္လာအပ္ရင္မိတၱဴ တစ္စံုကူးေပးထားပါလားလို႕ ေတာင္းခဲ့ဘူးတယ္။ ဒါေပမယ့္ အိမ္ျခံေျမေျမကြက္ေရာင္းခ်င္သူမ်ားအေနနဲ႕ အိမ္ျခံေျမနဲ႕ ပတ္သက္တဲ့ ေျမခ်ပါမစ္မိတၱဴတို႕ ၊ စလစ္မိတၱဴ ၊ ဂရန္မိတၱဴတို႕ကို အိမ္ျခံေျမအက်ိဳးေဆာင္ေတြကိုမေပးခ်င္ၾကတာ ဒါေၾကာင့္ပါလားလို႕ သင္ခန္းစာတစ္ခုရလိုက္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

### Unicode Version ###

အခုတစ်လောအိမ်ခြံမြေအရောင်းအဝယ်တွေပြန်လည်နှိုးထလာပြီးအထင်နဲ့အိမ်ခြံမြေကွက်ရောင်းလိုသူအချို့ဟာ ဈေးကောင်းပေးဝယ်သည် ဆိုတဲ့ အိမ်ခြံမြေပွဲစားတွေနဲ့ ဆက်သွယ်စုံစမ်းလာကြတာကိုတွေ့ရပါတယ်။ မြေကွက်ပြန်ရောင်းချင်အောင်လည်းအိမ်ခြံမြေပွဲစားများ ၊ အကျိုးဆောင်များဟာ အွန်လိုင်မှာရောင်းမယ့်မြေကွက်ကို မြို့နယ်မြေပုံပေါ်မှာ လမ်းညွန်မြှားပြပြီးရောင်းနေကြတာကိုတွေ့ရတယ်။

ဒါနဲ့တင်အားမရသေးလို့ မြေကွက်နဲ့အိမ်ကိုပါ အွန်လိုင်းပေါ်မှာ ဓါတ်ပုံရိုက်ပြီး တင်ထားကြတယ်။ ဈေးနှုန်းကိုတော့ ရောင်းချင်သူအပ်ထားတဲ့နှုန်းထက် ၁၀ သိန်းမှ ၁၅ သိန်းလောက်ပိုတင်ထားကြတယ်လေ။ ဒါကလည်းအဆိုးမဆိုးနိုင်ပါဘူး။ ပွဲစားပါဆိုမှပွဲခမကျန်ဘဲနဲ့ ဘယ်သူလုပ်ပေးချင်မှာလဲမဟုတ်ဘူးလား အွန်လိုင်းဆိုတာကတော့ လူငယ် ၊ လူလတ်များသာအများဆုံးအသုံးပြုကြတာပါ။ လူကြီးပိုင်းတွေကတော့ အာမခံချက်ခိုင်ခိုင်မာမာနဲ့ အထောက်အထားပြည့်စုံတဲ့ ကြေးမုံ/မြန်မာ့အလင်းသတင်းတွေမှာပါတဲ့ ၊ အိမ်ခြံမြေကြော်ငြာတွေကိုဘဲ ကြည့်ပြီး ဆက်သွယ်စုံစမ်းကြည့်တာများပါတယ်။

ကြေးမုံ/မြန်မာ့အလင်းစာတွေမှာ ကြည့်လိုက်ရင်လည်း ၊ ဈေးကောင်းပေးဝယ်သည် ဆိုတဲ့ကြော်ငြာတွေကလည်း ၊ တစ်နေ့တစ်မျိုးမရိုးရအောင်ကြော်ငြာကြတယ်။ ရောင်းချင်သူတွေကလည်းဈေးကောင်းပေးမယ်ဆိုတော့ အားကိုးကြတာပေါ့။တကယ်ဆက်သွယ်ကြည့်လိုက်တဲ့အခါ မှန်းချက်နဲ့နှမ်းထွက် က မကိုက်ပါဘူး ဝယ်ရင်းဈေးထက် ၁၀ သိန်း သိန်း ၂၀ လောက်အထိဈေးနှိမ့်ခံရတယ်။

လွန်ခဲ့တဲ့ (၂) နှစ် လောက်ကဝယ်ထားတဲ့မြေကွက်ကိုဈေးလျော့ပြီး ပြန်ရောင်းတာတောင် ဝယ်စဉ်က သိန်း (၂၀)ပိုပေးခဲ့ရလို့ ဈေးကြီးကြီးမိသွားတယ်လို့ ပြန်ဝယ်သူက အားမနာဘဲပြောသေးတယ်။တကယ်တန်းကျတော့ သူပြောသလိုကိုယ်လည်းဝယ်စဉ်ကအဲဒီလို ပေါ့ပေါ့ဆဆနဲ့ဝယ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး

“ ပိုက်ဆံ” က အလွယ်တကူ နှိုက်ယူလို့ရတဲ့ငွေတွင်းရှိတာမှမဟုတ်တာဈေးမှန်ရဖို့ ရပ်ကွက်အနှံ့တောနင်းရှာဝယ်ယူရတာလေ။

အခုလည်းကြည့်လေ “ နှင်းနှင်း ” တစ်ယောက်မိမိရဲ့ မိသားစုအတွက် ငွေအရေးကြီးတာနဲ့ လွန်ခဲ့တဲ့ (၂) နှစ်က ဝယ်ထားတဲ့ ဒဂုံဆိပ်ကမ်းက မြေကွက်ကို (၁၀)သိန်းလောက်အရှုံးခံပြီးရောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ သတင်းစာနဲ့အွန်လိုင်း မှာကြော်ငြာနေတဲ့ အကျိုးဆောင်ပွဲစားတစ်ချို့နဲ့ဆက်သွယ်ကြည့်ပါတယ်။ နောက်ဆုံး ဒဂုံဆိပ်ကမ်းကပွဲစားတစ်ဦးနဲ့ ချိတ်ဆက်မိလို့ ပွဲစားကဝယ်သူကိုခေါ်လာပါတယ်။

နှစ်ဘက်ရောင်းဈေးညှိနှိုင်းပြီး ပြေလည်တာနဲ့ မြေကွက်ရှိတဲ့ နေရာကိုလိုက်ပြပါတယ်။ဝယ်သူကလည်း အရှေ့လှည့်မို့သဘောကျပါတယ်။ပွဲစားနဲ့ရောင်းသူဝယ်သူတွေမြေကွက်အနေအထားကြည့်ပြီးစကားပြောဆိုနေစဉ်မှာ အသက် (၃၅) နှစ်ကျော် လူငယ်တစ်ဦးသူတို့နားကိုရောက်လာပါတယ်။အစ်ကိုတို့အခုအရောင်းအဝယ်လုပ်မှာက မြေကွက်နံပါတ်ဘယ်လောက်လဲဟင် မြေကွက်နံပါတ် “ 007 ” လေ။ ဘာဖြစ်လို့လဲ “ဟင်…..ဟုတ်လား ”

ကျွန်တော် (20 ‘x 60 ‘) ဝယ်ထားတာလည်းအဲဒိၤနံပါတ်ဖြစ်နေတယ်။ “ ဟိုက်” ….ဒါဆိုရင် ညီလေး အလိမ်ခံလိုက်ရပြီထင်တယ် မဖြစ်နိုင်ပါဘူးဗျာ ရောင်းသွားတဲ့သူတွေပြောတာက “” မြေကွက်ရဲ့ခေါင်းရင်းက ပိုနေတဲ့မြေကွက်ကိုရောင်းတာလို့ ပြောတယ် ဟု ငြင်းခုံနေတယ်။ သူပြောပုံထောက်ရင် “ 007 ”မြေကွက်ပါမစ်ကို အဆင့်ဆင့်ရောင်းဝယ်ကြရင် ပါမစ်မိတ္တူကူးယူထားသူတစ်ဦးက မြေပိုအကြောင်းပြပြီးရောင်းသွားခြင်းကိုဝယ်ထားမိသူတစ်ဦးဖြစ်နေတာကိုတွေ့ရတယ်။

မြေပို ဝယ်ထားသူက အဲဒီလိုလာပြောတဲ့အတွက် မြေကွက်ဝယ်ယူဖို့လိုက်လာတဲ့ သူတွေက မဝယ်ရဲတော့ဘဲ ကျွန်တော်တို့အိမ်ပြန်ပြီးပြန်စဉ်းစားလိုက်ပါဦးမယ် ဆိုပြီး ပြန်သွားကြပါတော့တယ်။

အခုရောင်းမယ့် “ နှင်းနှင်း ” က မြေချပါမစ်ရင်းနဲ့ စာချုပ်အဆက်အစပ်တွေပြပေမဲ့အရှုပ်အရှင်းရှိတယ် ဆိုပြီး နောက်ဆုတ်သွားကြတာဖြစ်ပါတယ်။

ရောင်းသူ “နှင်းနှင်း” မှာတော့ အမှန်အကန်မြေချပါမစ်မူရင်းနဲ့ စာချုပ်အဆက်အစပ်တွေပြနိုင်ပါလျက် ၊ အရောင်းအဝယ်လုပ်ရာမှာ နှောင့်နှေးကြန့်ကြာသွားနိုင်တာပေါ့ “နှင်းနှင်း ” လည်း အခက်အခဲတွေ့သလို 007 မြေကွက်မိတ္တူနဲ့ မြေပိုဝယ်ထားမိသူမှာလည်း အလိမ်ခံလိုက်ရလေခြင်းဆိုပြီးလိမ်ရောင်းသွားတဲ့သူတွေကိုပြဿနာရှင်းပေးဖို့လိုက်ရှာနေလာက်ပြီ။

ကျွန်န်ုပ်အနေနဲ့လည်း ဟိုစဉ်က မြေနဲ့အိမ်ရောင်းချင်သူများအလုပ်လာအပ်ရင်မိတ္တူ တစ်စုံကူးပေးထားပါလားလို့ တောင်းခဲ့ဘူးတယ်။ ဒါပေမယ့် အိမ်ခြံမြေမြေကွက်ရောင်းချင်သူများအနေနဲ့ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ မြေချပါမစ်မိတ္တူတို့ ၊ စလစ်မိတ္တူ ၊ ဂရန်မိတ္တူတို့ကို အိမ်ခြံမြေအကျိုးဆောင်တွေကိုမပေးချင်ကြတာ ဒါကြောင့်ပါလားလို့ သင်ခန်းစာတစ်ခုရလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service