အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် စီမံကိန်းမှဝယ်ယူထားသည့် မြေဧကများပေါ်တွင်သာ ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
982 Views


### Zawgyi Version ###









 

### Unicode Version ###

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် စီမံကိန်းမှဝယ်ယူထားသည့် မြေဧကများပေါ်တွင်သာ ဆောင်ရွက်နေကြောင်း ကုမ္ပဏီက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည်မန္တလေးမြို့အနောက်ဖက်ဧရာဝတီမြစ်၏ မြေနုကျွန်းများပေါ်ရှိမြေဧက ၂၀၀၀ ကျော်ပေါ်၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် စီမံကိန်းဖြစ်သည်။

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့ပြီး လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းအပိုင်း (၁) အား လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဧရိယာအတွင်းရှိ မြေယာများနှင့်စပ်လျဉ်းကာ လူမှုကွန်ရက်မီဒီယာများပေါ်၌ မမှန် ကန်သောအချက်အလက်များဖြင့် ရေးသားပြောဆိုခြင်း၊သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်းသိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အထက်ပါအတိုင်းကြေညာချက်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဝယ်ယူထားခြင်းမရှိသည့်မြေပေါ်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါကြောင်း၊ထိုသို့လုပ်ဆောင်ရာတွင် တစ်စုံတစ်ဦးပိုင်ဆိုင်ထားသော မြေယာပေါ်၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုပါက ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများဖြင့် ကုမ္ပဏီထံသို့ အချိန်မရွေး ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကုမ္ပဏီတာဝန်ရှိသူကပြောထားသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို Mandalay Business Capital City Development ကုမ္ပဏီကဖော်ဆောင်နေပြီး တည်ဆောက်ရေးလုပ်ငန်းများထဲက စီမံကိန်းလုပ်ငန်းအပိုင်း (၁) ကို ဆောင်ရွက်နေကြောင်း၊ရာခိုင်နှုန်း ၂၀ ခန့် ပြီးစီးပြီဖြစ်ကြောင်း မြေဧက ၂၀၀၀ ကျော်ပေါ်တွင် အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းကြာမြင့်ချိန် ၁၀ နှစ်ကျော်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ၊လူနေအိမ်ရာများ၊ ပန်းခြံများ၊ လမ်းတံတားများ၊ ဆေးရုံ၊ အားကစားကွင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများ အစရှိသည့် မြို့ပြဆိုင်ရာအဆောက်အအုံများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service