ပြည်သူ့အိမ်ရာနှင့်အစိုးရအိမ်ရာများ နှစ်နှစ်ခွဲအတွင်း အခန်းပေါင်း ၁၀,၀၀၀ ကျော် တည်ဆောက်သွားမည် - Property News in Myanmar from iMyanmarHouse.com
851 Views

ပြည်သူ့အိမ်ရာနှင့်အစိုးရအိမ်ရာများ နှစ်နှစ်ခွဲအတွင်း အခန်းပေါင်း ၁၀,၀၀၀ ကျော် တည်ဆောက်သွားမည်

### Zawgyi Version ###


 


 


 


 


 


 


 

### Unicode Version ###

နှစ်နှစ်ခွဲကာလအတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄ဝဝဝ ကျော်၊ ကုမ္ပဏီများမှ အခန်း ၆ဝဝဝ ကျော်ဖြင့် အခန်းပေါင်း ၁၀,၀၀၀ ကျော် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြို့ပြနှင့်အိမ်ရာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လာမည့် သုံးနှစ်အတွင်း ရန်ကုန် ၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့ပြစီမံကိန်းနှင့် စက်မှုမြို့တော်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ စီမံကိန်းကြီးများတွင် ဝင်ရောက် လုပ်ကိုင်ရန် နှင့် စီးပွားရေးလည်ပတ်မှုကိုကိုအထောက်အပံ့ပေးနိုင်ရန် အဆိုပါအိမ်ရာများဖြင့် မျှော်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

“ ပြည်သူ့အိမ်ရာနဲ့ဝန်ထမ်းအိမ်ရာများ အနေနဲ့ အခန်းပေါင်း ၁၀၉၂၄ ခန်း ဆောင်ရွက်နေတယ်။အဲ့ဒီမှာ ရာနှုန်းပြည့် အခန်းပေါင်း ၅၇၀၀ ကျော် ပြီးနေပြီ ရာခိုင်နှုန်းအနေနဲ့ ၇၀ ပြီးစီးနေပြီ ”ဟု မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာ စုဆောင်းငွေစာရင်းကို ကျပ် ၁၀,၀၀၀ နှင့် စတင်၍ ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် CHID ဘဏ်တွင် စုဆောင်းထားရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အခြေခံအဆောက်အအုံနှင့်အိမ်ရာများဖွံဖြိုးရေးဘဏ်မှ သိရသည်။

အခုနောက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကနဦးပေသွင်းငွေမတက်နိုင်သူများကို လစဉ်အရစ်ကျပေးငွေဖြင့် အိမ်ရာများရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

မင်းချို မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service