ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းသတ်မှတ် စည်းကမ်းဖောက်ဖျက်ပါကကျပ် ၁၀ သန်း နှင့်အထက် ဒါဏ်ကြေးပေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
1351 Views

ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းသတ်မှတ် စည်းကမ်းဖောက်ဖျက်ပါကကျပ် ၁၀ သန်း နှင့်အထက် ဒါဏ်ကြေးပေးဆောင်ရမည်

### Zawgyi Version ###









 

### Unicode Version ###

ပြည်ပငွေလွှဲလုပ်ငန်းများတွင် သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့်ညီမျှသည့်ပမာဏ ထက်ပိုလွှဲပြောင်းခြင်းနှင့် ဌာနကသတ်မှတ်ထားသည့်စည်းမျဉ်းများ လိုက်နာမှုမရှိပါက စည်ကမ်းတစ်ခုလျှင် ဒါဏ်ငွေ ကျပ် ၁၀ သန်းအနည်းဆုံးချမှတ်ထားသွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှု တစ်ကြိမ်လျှင် အများဆုံး လွှဲပြောင်းနိုင်သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် ညီမျှသည့် ပမာဏ၊ လူပုဂ္ဂိုလ်တစ်ဦးအတွက် ငွေလွှဲလက်ခံမှု သို့မဟုတ် ငွေလွှဲပေးပို့မှု ပြုလုပ်နိုင်သည့် မာဏမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ နှင့် ညီမျှသည့် ပမာဏထက် မပိုစေရဟု ဗဟိုဘဏ်မှသတ်မှတ်ထားသည်။

ထို့အပြင်လိုင်စင်လျှောက်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း ဆောင်ရွက်ရာတွင် မှားယွင်းသည့် အချက်အလက်များဖြင့် လိမ်လည်လျှောက်ထားခြင်း သို့မဟုတ် ဖော်ပြခြင်း၊ သံသယဖြစ်ဖွယ်ဆောင်ရွက်ချက်များဆိုင်ရာ သတင်းပေးပို့ချက် (Suspicious Activity Report-SAR) ၊ သံသယဖြစ်ဖွယ်လွှဲပြောင်းပေးပို့မှုဆိုင်ရာ သတင်းပေးပို့ချက် (Suspicious Transaction Report-STR) များကို အချိန်မီတင်ပြရန် ပျက်ကွက်ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခါအား လျော်စွာ ထုတ်ပြန်မည့် ပြည်ပငွေလွှဲခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းများဖြစ်ပေါ်ပါက ပျက်ကွက်မှုတစ်ခုစီအတွက် ကျပ် ၁၀ သန်း အထက် မနည်းသည့် ဒါဏ်ကြေးငွေများ ပေးဆောင်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဖြင့် ပြည်ပနိုင်ငံများနှင့် တရားမဝင်ငွေလွှဲလုပ်ငန်း လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့လာစေရန် ‘ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်း’ ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က)တို့ အရ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စည်းမျဉ်းများတွင် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသောကုမ္ပဏီများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရရှိသူများနှင့် သက်ဆိုင်ကြောင်း ဗဟိုဘဏ်မှ ဖော်ပြထားသည်။

ပြည်ပငွေလွှဲလုပ်ငန်းတွေအနေဖြင့် လိုင်စင်ထုတ်ပေးသည့်နေ့မှစပြီး သုံးလအတွင်း လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းပါ ပြဌာန်းချက်နှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လိုက်နာရန်အချက်တွေကို ပျက်ကွက်ခြင်း၊ လိုင်စင်သက်တမ်းတိုးရန် သတ်မှတ်ကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားမှုမရှိခြင်း၊ စည်းမျဉ်းပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းများ၊ စည်းကမ်းအမိန့်များနဲ့ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို လိမ်လည်ဖော်ပြခြင်းများကို အရေးယူသွားမည်ဟု ဗဟိုဘဏ်မှသိရသည်။

ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရန် ကနဦးလိုင်စင်ကြေးအဖြစ် ကျပ်တစ်သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အကြောင်းကြားစာရရှိပြီး အလုပ်လုပ်ရက် ၁၀ ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး နှစ်စဉ်ကြေးအဖြစ် ကျပ်တစ်သိန်း ကို ပေးသွင်းရမည် ဖြစ်သကဲ့သို့ ပြည်ပငွေလွှဲလုပ်ဆောင်ရန် လိုင်စင်သက်တမ်းသုံးနှစ်သက်မှတ် ပေးထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရသိရသည်။

မင်းချို မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service