လာဘ္မတိတ္ေအာင္ ဒါေတြေဆာင္ - Property Knowledge in Myanmar from iMyanmarHouse.com
9164 Views

လာဘ္မတိတ္ေအာင္ ဒါေတြေဆာင္

Knowledge | Posted by Shwe Zin Win

### Zawgyi Version ###

အိမ္ေထာင္စုတစ္ခု သာယာခ်မ္းေျမ့ဖို႔ဆိုသည္မွာ စီးပြားေရးက႑ကို ခ်န္လွပ္၍မျဖစ္။ လာဘ္လာဘေတြ ပြင့္လန္းေနပါမွ လိုရာဆႏၵေတြ ျပည့္ဝစြာ ဖန္တီးႏိုင္လ်က္ ေပ်ာ္႐ႊင္စရာေကာင္းေနလိမ့္မည္သာ ျဖစ္၏။

“အလုပ္လည္း ကိုယ္စြမ္းရွိသမွ် ဉာဏ္စြမ္းရွိသမွ် အားထုတ္လုပ္ေဆာင္ၾကည့္တာပါပဲ။ ဒါေပမဲ့ အဆင္ေျပတယ္ရယ္လို႔ မရွိဘူး။ ပိတ္လည္း ပိတ္တဲ့လာဘ္လို႔ေတာင္ ညည္းတြားရမလိုပဲ။ အဲဒါဘာေတြ ျဖစ္ေနလို႔လဲဟင္”

တစ္ေန႔သားမွာေတာ့ စာေရးသူထံသို႔ အိမ္နီးခ်င္း ညီမငယ္ ယဥ္ေထြး ႏိုင္ေရာက္လာသည္။ သူတို႔ အိမ္ေထာင္စုကေလးက လူဦးေရ သိပ္မမ်ားလွ။ သူမ၏ခင္ပြန္းကလည္း ႐ိုးသားႀကိဳးစားသူပါေပ။ သို႔ပါေသာ္ျငား လာဘ္လာ ဘေတြက ဝင္သင့္သေလာက္ မဝင္။ သည္ေတာ့လည္း သူမ၏အိမ္သို႔ ေရာက္ၿပီး အေနအထားေတြကို ေလ့လာၾကည့္ရသည္။

“အိမ္ရွင္မဆိုတာ ေပါ့ေသးေသး မဟုတ္ဘူး။ ညီမရဲ႕ လာဘ္လာဘ ပြင့္လန္းေအာင္ ဖန္တီးႏိုင္သလို ပိတ္ဆို႔ေအာင္လည္း လုပ္ႏိုင္တယ္။ ခု ညီမတို႔ လာဘ္လာဘေတြ ပိတ္ေနတယ္မဟုတ္လား”

“ဟုတ္တာေပါ့”

“အဲဒီေတာ့ လာဘ္မပိတ္ေအာင္ေရွာင္ရမယ့္ ကိစၥေတြကို ေျပာျပ မယ္။ အဲဒီအခ်က္ေတြ ကိုယ့္အိမ္မွာ ျဖစ္ေနရင္ တိုက္ဆိုင္ေနရင္ ေရွာင္ေပါ့ကြယ္”

သို႔ဆိုရင္း စာေရးသူလည္း လာဘ္မပိတ္ေအာင္ ေရွာင္ရမည့္ ကိစၥမ်ားကို သတိေပး ေျပာၾကားမိပါေတာ့သည္။

* ေဈးဆိုင္ဖြင့္ထားပါက ေဈးဦးေပါက္ စတင္ ေရာင္းခ်စဥ္ အေႂကြးမျဖစ္ေစရ။

* နံနက္အိပ္ရာထ၌ မ်က္ႏွာမသစ္၊ သြားမတိုက္ဘဲ အစားမစားရ၊ ဧည့္ခန္းတြင္ ငူေငါင္ကာ ထိုင္ေငးမေနရ။

* ညအိပ္ရာဝင္ေတာ့မည္ဆိုပါက ေျခလက္မေဆးဘဲ မဝင္ရ။

* စားသုံးထားေသာ အိုးပန္းကန္ ခြက္ေယာက္မ်ားကို မေဆးေၾကာဘဲ ညသိပ္မထားရ။

* ေဈးဆိုင္၊ အလုပ္စားပြဲ စသည္တို႔ကို ေနာက္ခိုင္း၍ မထိုင္ရ။ အလုပ္ စားပြဲေပၚသို႔ တက္ထိုင္ျခင္း၊ အိပ္စက္ျခင္း မျပဳလုပ္ရ။

* နံနက္ေစာေစာ(သို႔မဟုတ္) ညဘက္၌ ေျခသည္း၊ လက္သည္းမ်ား လွီးျဖတ္ျခင္း မျပဳလုပ္ရ။

* နံနက္ေစာေစာ၌ ဆဲဆိုျခင္း၊ ႀကိမ္း ေမာင္းျခင္း၊ ငိုေႂကြးျခင္း၊ အမဂၤလာစကား ေျပာျခင္းတို႔ မျပဳရ။

* နံနက္ေစာေစာ၌ က်က္သေရ ကင္းမဲ့ ေသာ သီခ်င္းမ်ား၊ ဇာတ္လမ္းမ်ား မဖြင့္ရ။

* နံနက္ေစာေစာ၌ ေမထုံမွီဝဲျခင္း မျပဳလုပ္ရ။

* အိမ္ေရွ႕မ်က္ႏွာစာ၌ လမ္းဘက္သို႔ ေနာက္ခိုင္း မထိုင္ရ။

* အိမ္ဝင္ေပါက္ေရွ႕၌ ႀကိဳးတန္း၊ ဝါးလုံး တန္းမ်ား သြယ္တန္း မထားရ။

* အိမ္ေရွ႕မ်က္ႏွာစာ၌ အမ်ိဳးသမီး အတြင္းခံ အဝတ္မ်ားမလွန္းရ။

* အိမ္ေရွ႕မ်က္ႏွာစာ၌ က်င္ႀကီး၊ က်င္ ငယ္မစြန႔္ရ။

* နံနက္ေစာေစာ ေလမခြၽန္ရ၊ ဇယ္ မခုတ္ရ။

* ေဈးဆိုင္ခုံျဖစ္ေစ၊ အလုပ္စားပြဲျဖစ္ေစ အေရာင္းေကာင္တာ ျဖစ္ေစ စသည္တို႔ေပၚတြင္ ေမးမေထာက္ရ၊ လက္မေထာက္ရ။

* ေသာက္ေရအိုးမွ ေရျဖင့္ လက္မေဆးရ။

* ေသာက္ေရအိုးမွေရျဖင့္ မ်က္ႏွာမသစ္ရ။

* အိမ္ေရွ႕ခန္း၌ မီးပူ၊ မီးဖိုတို႔ မထားရ။

အစရွိေသာ အခ်က္မ်ားကို ေရွာင္ၾကဥ္ၾကမည္ဆိုလွ်င္ျဖင့္ ပိတ္ဆို႔ေနေသာ လာဘ္လာဘမ်ား ပြင့္လ်က္ ႀကံတိုင္းေအာင္၊ ေဆာင္တိုင္း ေျမာက္ၾက ပါမည့္အေၾကာင္း ေရးသားတင္ျပလိုက္ရပါ၏။

Credit: manawmayajournal

### Unicode Version ###

အိမ်ထောင်စုတစ်ခု သာယာချမ်းမြေ့ဖို့ဆိုသည်မှာ စီးပွားရေးကဏ္ဍကို ချန်လှပ်၍မဖြစ်။ လာဘ်လာဘတွေ ပွင့်လန်းနေပါမှ လိုရာဆန္ဒတွေ ပြည့်ဝစွာ ဖန်တီးနိုင်လျက် ပျော်ရွှင်စရာကောင်းနေလိမ့်မည်သာ ဖြစ်၏။

“အလုပ်လည်း ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အားထုတ်လုပ်ဆောင်ကြည့်တာပါပဲ။ ဒါပေမဲ့ အဆင်ပြေတယ်ရယ်လို့ မရှိဘူး။ ပိတ်လည်း ပိတ်တဲ့လာဘ်လို့တောင် ညည်းတွားရမလိုပဲ။ အဲဒါဘာတွေ ဖြစ်နေလို့လဲဟင်”

တစ်နေ့သားမှာတော့ စာရေးသူထံသို့ အိမ်နီးချင်း ညီမငယ် ယဉ်ထွေး နိုင်ရောက်လာသည်။ သူတို့ အိမ်ထောင်စုကလေးက လူဦးရေ သိပ်မများလှ။ သူမ၏ခင်ပွန်းကလည်း ရိုးသားကြိုးစားသူပါပေ။ သို့ပါသော်ငြား လာဘ်လာ ဘတွေက ဝင်သင့်သလောက် မဝင်။ သည်တော့လည်း သူမ၏အိမ်သို့ ရောက်ပြီး အနေအထားတွေကို လေ့လာကြည့်ရသည်။

“အိမ်ရှင်မဆိုတာ ပေါ့သေးသေး မဟုတ်ဘူး။ ညီမရဲ့ လာဘ်လာဘ ပွင့်လန်းအောင် ဖန်တီးနိုင်သလို ပိတ်ဆို့အောင်လည်း လုပ်နိုင်တယ်။ ခု ညီမတို့ လာဘ်လာဘတွေ ပိတ်နေတယ်မဟုတ်လား”

“ဟုတ်တာပေါ့”

“အဲဒီတော့ လာဘ်မပိတ်အောင်ရှောင်ရမယ့် ကိစ္စတွေကို ပြောပြ မယ်။ အဲဒီအချက်တွေ ကိုယ့်အိမ်မှာ ဖြစ်နေရင် တိုက်ဆိုင်နေရင် ရှောင်ပေါ့ကွယ်”

သို့ဆိုရင်း စာရေးသူလည်း လာဘ်မပိတ်အောင် ရှောင်ရမည့် ကိစ္စများကို သတိပေး ပြောကြားမိပါတော့သည်။

* ဈေးဆိုင်ဖွင့်ထားပါက ဈေးဦးပေါက် စတင် ရောင်းချစဉ် အကြွေးမဖြစ်စေရ။

* နံနက်အိပ်ရာထ၌ မျက်နှာမသစ်၊ သွားမတိုက်ဘဲ အစားမစားရ၊ ဧည့်ခန်းတွင် ငူငေါင်ကာ ထိုင်ငေးမနေရ။

* ညအိပ်ရာဝင်တော့မည်ဆိုပါက ခြေလက်မဆေးဘဲ မဝင်ရ။

* စားသုံးထားသော အိုးပန်းကန် ခွက်ယောက်များကို မဆေးကြောဘဲ ညသိပ်မထားရ။

* ဈေးဆိုင်၊ အလုပ်စားပွဲ စသည်တို့ကို နောက်ခိုင်း၍ မထိုင်ရ။ အလုပ် စားပွဲပေါ်သို့ တက်ထိုင်ခြင်း၊ အိပ်စက်ခြင်း မပြုလုပ်ရ။

* နံနက်စောစော(သို့မဟုတ်) ညဘက်၌ ခြေသည်း၊ လက်သည်းများ လှီးဖြတ်ခြင်း မပြုလုပ်ရ။

* နံနက်စောစော၌ ဆဲဆိုခြင်း၊ ကြိမ်း မောင်းခြင်း၊ ငိုကြွေးခြင်း၊ အမင်္ဂလာစကား ပြောခြင်းတို့ မပြုရ။

* နံနက်စောစော၌ ကျက်သရေ ကင်းမဲ့ သော သီချင်းများ၊ ဇာတ်လမ်းများ မဖွင့်ရ။

* နံနက်စောစော၌ မေထုံမှီဝဲခြင်း မပြုလုပ်ရ။

* အိမ်ရှေ့မျက်နှာစာ၌ လမ်းဘက်သို့ နောက်ခိုင်း မထိုင်ရ။

* အိမ်ဝင်ပေါက်ရှေ့၌ ကြိုးတန်း၊ ဝါးလုံး တန်းများ သွယ်တန်း မထားရ။

* အိမ်ရှေ့မျက်နှာစာ၌ အမျိုးသမီး အတွင်းခံ အဝတ်များမလှန်းရ။

* အိမ်ရှေ့မျက်နှာစာ၌ ကျင်ကြီး၊ ကျင် ငယ်မစွန့်ရ။

* နံနက်စောစော လေမချွန်ရ၊ ဇယ် မခုတ်ရ။

* ဈေးဆိုင်ခုံဖြစ်စေ၊ အလုပ်စားပွဲဖြစ်စေ အရောင်းကောင်တာ ဖြစ်စေ စသည်တို့ပေါ်တွင် မေးမထောက်ရ၊ လက်မထောက်ရ။

* သောက်ရေအိုးမှ ရေဖြင့် လက်မဆေးရ။

* သောက်ရေအိုးမှရေဖြင့် မျက်နှာမသစ်ရ။

* အိမ်ရှေ့ခန်း၌ မီးပူ၊ မီးဖိုတို့ မထားရ။

အစရှိသော အချက်များကို ရှောင်ကြဉ်ကြမည်ဆိုလျှင်ဖြင့် ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်လျက် ကြံတိုင်းအောင်၊ ဆောင်တိုင်း မြောက်ကြ ပါမည့်အကြောင်း ရေးသားတင်ပြလိုက်ရပါ၏။

Credit: manawmayajournal

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service