ကုိးကြယ္ရာ ဘာသာမတူသူ ေမြးစားသားသမီးထံမွ အိမ္ႏွင့္ေျမကို ၀ယ္မည္ဆုိလွ်င္ - Property Knowledge in Myanmar from iMyanmarHouse.com
2523 Views

ကုိးကြယ္ရာ ဘာသာမတူသူ ေမြးစားသားသမီးထံမွ အိမ္ႏွင့္ေျမကို ၀ယ္မည္ဆုိလွ်င္

Knowledge | Posted by Si Thu Aung

### Zawgyi Version ###

႐ုံးခန္းသုိ႔ စာေရးသူ ေရာက္သည့္အခါ အမ်ဳိးသားတစ္ဦးထုိင္ေနသည္ကို ေက်ာဘက္မွ ျမင္ေတြ႔လုိက္ရသည္။ ေျခသံၾကားသျဖင့္ ထုိသူသည္ စာေရးသူကို လွည့္ၾကည့္ၿပီး ရပ္လုိက္သည္။

''ဦးေလး ကြၽန္ေတာ္ စုိးပုိင္ပါ'' ဟု အ႐ုိအေသျပဳလ်က္ ႏႈတ္ဆက္လုိက္ပါသည္။

သူႏႈတ္ဆက္လုိက္သည့္အခါမွ စာေရးသူလည္း ထုိလူကို ေသခ်ာၾကည့္မိသည္။ ထုိ႔ေနာက္ ညီမဝမ္း ကြဲတစ္ဦး ၏ သားျဖစ္ေၾကာင္း သတိရလုိက္သည္။

''ေအး...ထုိင္ကြာ၊ မေတြ႔တာ ႏွစ္အေတာ္ၾကာၿပီဆုိေတာ့ ဦးေလးက ႐ုတ္တရက္ မမွတ္မိလုိက္ဘူး ႏုိင္ငံျခား သေဘၤာမွာ အလုပ္လုပ္ေနတယ္လုိ႔ သိထားတာေလ''

''ဒီတစ္ေခါက္ၾကာသြားတယ္။ ဦးေလးနဲ႔ ကြၽန္ေတာ္ မေတြ႔တာဆုိရင္ ငါးႏွစ္ေလာက္ရွိမယ္ထင္တယ္''

''ေအး မင္းရဲ႕ အေမေနေကာင္းရဲ႕လား''

''ေကာင္းပါတယ္။ အခုလည္း အေမက လႊတ္လုိက္တာ။ အစက အေမကုိယ္တုိင္လုိက္လာဖုိ႔ အစီအစဥ္ရွိ တယ္။ လာမယ္ လာမယ္နဲ႔ ကြၽန္ေတာ္လည္း မအားတာေၾကာင့္ အခ်ိန္မရျဖစ္ေနခဲ့တာ။ ဒီေန႔ေတာ့ အေမက တရားစခန္းဝင္မွာမုိ႔ ကြၽန္ေတာ္လုိက္ပုိ႔ရင္း ဦးေလးဆီဝင္လာတာ''

''ေထြေထြထူးထူးေျပာစရာရွိလုိ႔လား''

''ဒီလုိပါ ဦးေလးရဲ႕။ ကြၽန္ေတာ္လည္း ေငြအေတာ္အတန္စုမိထားေတာ့ အိမ္နဲ႔ ေျမတစ္ကြက္ဝယ္ထားခ်င္လုိ႔''

''ေကာင္းတဲ့ အလုပ္ပဲ၊ အားေပးရမွာေပါ့''

''ဒါေပမယ့္ ကြၽန္ေတာ့္ စိတ္ထဲမွာ မရွင္းလင္းတာတစ္ခုျဖစ္ေနလုိ႔''

''ဝယ္ဖုိ႔ စိတ္ကူးထားတဲ့ အိမ္က ေတြ႔ေနၿပီလား''

''ဟုတ္ကဲ့၊ ဒဂုံၿမိဳ႕သစ္ အေရွ႕ပုိင္းမွာပါဦးေလး''

''ေျမက ဂရန္ရၿပီလား၊ ပါမစ္ေျမျဖစ္ေနဦးမယ္''

''ဂရန္ေျမ ဦးေလး။ အိမ္ကလည္း တစ္ထပ္တုိက္ ေဆာက္ထားတယ္''

''ဂရန္အမည္ေပါက္ ကုိယ္တုိင္ေရာင္းမွာလား''

''ဂရန္အမည္ေပါက္ႏွစ္ဦးလုံးက ကြယ္လြန္သြားၿပီ''

''ဂရန္အမည္ေပါက္က ႏွစ္ဦးဆုိေတာ့ သူတုိ႔ ႏွစ္ဦးက ဘယ္လုိေတာ္ စပ္ၾကတာလဲ''

''ေမာင္ႏွမအရင္းလုိ႔ ေျပာပါတယ္''

''ေမာင္ႏွမအရင္းဆုိေတာ့ အိမ္ေထာင္ရွိၾကမွာေပါ့''

''အိမ္ေထာင္မရွိ လူပ်ဳိႀကီး အပ်ဳိႀကီးလုိ႔ ေျပာပါတယ္''

''လူပ်ဳိႀကီး အပ်ဳိႀကီးဘဝနဲ႔ ကြယ္လြန္သြားေတာ့ အေမြဆက္ခံတဲ့ ေသြးရင္းေမာင္ႏွမေတြနဲ႔ ဆက္သြယ္ေဆာင္ ရြက္ရမွာ ျဖစ္တယ္''

''ေျပာစကားအရေတာ့ ေမြးခ်င္း ေမာင္ႏွမေတြ မရွိၾကဘူး။ သူတုိ႔ ေမာင္ႏွမႏွစ္ဦးတည္းရွိတာလုိ႔ သိရတယ္''

''ဒါဆုိရင္ သူတုိ႔နဲ႔ အနီးစပ္ဆုံး ေဆြမ်ဳိးက သူတုိ႔ပုိင္ အိမ္ေျမအေပၚ အေမြထိန္းစာထုတ္ေပးဖုိ႔ တရား႐ုံးမွာ ေလွ်ာက္ထားရမယ္။ အေမြထိန္း စာရသူထံမွတစ္ဆင့္ ဝယ္ယူရမွာျဖစ္တယ္''

''ဒီလုိ မဟုတ္ဘူး ဦးေလးရဲ႕။ ကြယ္လြန္သြားတဲ့ ႏွမျဖစ္သူက သမီးတစ္ဦးကို ေမြးစားလုိက္တယ္''

''ေမြးစားတယ္ဆုိေတာ့ အစ္ကို ျဖစ္သူ သက္ရွိထင္ရွားရွိစဥ္ ေမြးစားခဲ့တာလား''

''မဟုတ္ဘူး ဦးေလး။ အစ္ကုိျဖစ္သူ ကြယ္လြန္ၿပီး သူတစ္ဦးတည္း က်န္ေတာ့မွ ေမြးစားခဲ့တာလုိ႔ ေျပာတယ္''

''စာခ်ဳပ္စာတမ္းနဲ႔ ကတိၱမ စာခ်ဳပ္ ခ်ဳပ္ဆုိၿပီး ေမြးစားတာ ဟုတ္မဟုတ္ ေမးၾကည့္ခဲ့လား''

''ကိတိၱမစာခ်ဳပ္ ခ်ဳပ္ဆုိၿပီး မွတ္ပုံတင္ျပဳလုပ္ထားတာေတြ႔ခဲ့တယ္''

''ဒါဆုိရင္ေတာ့ ပူးတဲြပုိင္ရွင္က ေမာင္ႏွမျဖစ္ေနတာရယ္။ အစ္ကုိျဖစ္သူက အရင္ကြယ္လြန္သြားလုိ႔ သူ႔ရဲ႕ ေဝစုဟာ ႏွမျဖစ္သူထံ ေရာက္သြားတယ္။ ဒါေၾကာင့္ အိမ္နဲ႔ ေျမအားလုံးရဲ႕ ပိုင္ရွင္ဟာ ႏွမျဖစ္သူ တစ္ဦးတည္း ျဖစ္လာတယ္။ အဲဒီအမ်ဳိးသမီးႀကီး လြယ္လြန္သြားေတာ့ သူ႔ရဲ႕ အေမြအားလုံးကို ကိတိၱမေမြးစားသမီးက ရခြင့္ရွိ လာမွာျဖစ္တယ္''

''ဟုတ္ကဲ့ ဦးေလး။ ဥပေဒရ ကိတိၱမေမြးစားသမီးျဖစ္သူထံက အိမ္နဲ႔ ေျမကို တရားဝင္ဝယ္လုိ႔ရတယ္ေပါ့''

''မွန္ပါတယ္။ ေျမပုိင္ရွင္ႏွစ္ဦးက ေမာင္ႏွမအရင္းျဖစ္တယ္။ အပ်ဳိႀကီး လူပ်ဳိႀကီးဘဝနဲ႔ ကြယ္လြန္တယ္။ ကိတိၱမ တရားဝင္ေမြးစားျခင္းျဖစ္တယ္ဆုိတဲ့ အခ်က္ေတြကို စုံေအာင္ စာရြက္စာတမ္းေတြေတာ့ စုေဆာင္းရလိမ့္မယ္''

''ဟုတ္ကဲ့ ဦးေလး။ အခု ေမြးစားခံရတဲ့ မိန္းကေလးက ခရစ္ယာန္ဘာသာကုိးကြယ္သူျဖစ္ေနတယ္။ ဗုဒၶ ဘာသာဝင္အမ်ဳိးသမီးတစ္ဦးက ဘာသာျခားတစ္ဦးကုိ ေမြးစားခြင့္ရွိပါသလား။ အဲဒါ ကြၽန္ေတာ္ သိခ်င္တာဦး ေလး''

''သားသမီးေမြးစားျခင္းနဲ႔ ပတ္သက္လုိ႔က တုိ႔ဗုဒၶဘာသာဝင္ေတြမွာပဲရွိတဲ့ အထူးဥပေဒတစ္ရပ္ျဖစ္ တယ္။ အဲဒီမွာ ကုိစုိးပုိင္ေမးတဲ့ ဗုဒၶဘာသာဝင္တစ္ဦးက ကုိးကြယ္ရာ ဘာသာမတူသူကို ေမြးစားခြင့္ရွိသ လားဆုိတာနဲ႔ ပတ္သက္လုိ႔ ေမြးစား မိဘႏွင့္ ကုိးကြယ္ရာဘာသာမတူသူတုိ႔အား သားသမီးအျဖစ္ ေမြးစားရန္ ဓမၼသတ္မ်ားက တားျမစ္ပိတ္ပင္ထားျခင္းမရွိေပဟု တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ (မပြင့္ႏွင့္မရင္) Ma Bwin Vs Ma Yin S.J.100 အမႈမွာ ဆုံးျဖတ္ထားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ ဘာသာကိုးကြယ္ရာ မတူေပမယ့္ ကိတိၱမ ေမြးစား စာခ်ဳပ္မွတ္ တင္ထားရင္ေတာ့ အေမြစား အေမြခံ သားသမီးအျဖစ္ အေမြဆက္ခံခြင့္ရွိမွာ ျဖစ္ပါတယ္''

''ဒါဆုိရင္ အခုေျပာတဲ့ ကိတိၱမ ေမြးစားစာခ်ဳပ္ျပဳလုပ္ထားတဲ့ ခရစ္ယာန္ဘာသာဝင္အမ်ဳိးသမီးနဲ႔ အေရာင္းအ ဝယ္ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္လုိ႔ရၿပီေပါ့''

''ဟုတ္ပါတယ္။ စိတ္ခ်လက္ခ် ဝယ္လုိ႔ရပါတယ္''

''ဒါနဲ႔ ဦးေလး၊ ဘာသာျခားကိုေတာ့ ကိတိၱမေမြးစားလုိ႔ရတယ္ဆုိေတာ့ လူမ်ဳိးျခားကို ေမြးစားလုိ႔ရပါသလား''

''လက္ရွိ ျပ႒ာန္းထားတဲ့ ဥပေဒမ်ားအရေတာ့ ႏုိင္ငံျခားသား တစ္နည္းေျပာရရင္ လူမ်ဳိးျခား (ဥပမာ တ႐ုတ္၊ အိႏိၵယ၊ ဂ်ပန္) စသျဖင့္ ေပါ့ကြယ္။ တစ္ဦးဦးက ဗုဒၶဘာသာ ကုိးကြယ္သူျဖစ္သည့္တုိင္ ျမန္မာဗုဒၶဘာသာဝင္ တစ္ဦးဦး ဒါမွမဟုတ္ ဗုဒၶဘာသာဝင္ လင္မယားႏွစ္ဦးက ကိတိၱမသားသမီးအျဖစ္ (အေမြစားအေမြခံ သားသမီး အျဖစ္) ေမြးစားခြင့္မရွိပါဘူး။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ မေဝါင္ေရႊလင္းႏွင့္ ျပည္ေထာင္စု ျမန္မာႏိုင္ငံ ၁၉၇ဝ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၂၂၂ မွာ ျပည္ေထာင္စု ျမန္မာႏုိင္ငံသားျဖစ္မႈ ဥပေဒတြင္၊ ႏုိင္ငံသား မိဘမ်ားက ကိတိၱမ အေမြစားအေမြခံ ေမြးစားေသာ သားသမီးမ်ားသည္ အလုိအေလ်ာက္ႏုိင္ငံ သားျဖစ္သည္ဟု ျပ႒ာန္းထားျခင္းမရွိေၾကာင္း ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ ႏုိင္ငံျခားသားက ေမြးဖြားတဲ့ သားသမီးကုိ ျမန္မာႏုိင္ငံသား ဗုဒၶဘာသာဝင္တုိ႔ က ေမြးစားသားသမီးအျဖစ္ ေမြးစားခြင့္ မရွိပါဘူး''

''ဟုတ္ကဲ့ပါ။ ဗဟုသုတလည္း ရပါတယ္။ အေရာင္းအဝယ္စာခ်ဳပ္ကို ဦးေလးဘဲ တာဝန္ယူေဆာင္ရြက္ေပးပါ'' ဟု ေျပာဆုိကာ လက္ေဆာင္ ပစၥည္းႏွင့္တစ္ကြ ကန္ေတာ့သြားပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

### Unicode Version ###

ရုံးခန်းသို့ စာရေးသူ ရောက်သည့်အခါ အမျိုးသားတစ်ဦးထိုင်နေသည်ကို ကျောဘက်မှ မြင်တွေ့လိုက်ရသည်။ ခြေသံကြားသဖြင့် ထိုသူသည် စာရေးသူကို လှည့်ကြည့်ပြီး ရပ်လိုက်သည်။

''ဦးလေး ကျွန်တော် စိုးပိုင်ပါ'' ဟု အရိုအသေပြုလျက် နှုတ်ဆက်လိုက်ပါသည်။

သူနှုတ်ဆက်လိုက်သည့်အခါမှ စာရေးသူလည်း ထိုလူကို သေချာကြည့်မိသည်။ ထို့နောက် ညီမဝမ်း ကွဲတစ်ဦး ၏ သားဖြစ်ကြောင်း သတိရလိုက်သည်။

''အေး...ထိုင်ကွာ၊ မတွေ့တာ နှစ်အတော်ကြာပြီဆိုတော့ ဦးလေးက ရုတ်တရက် မမှတ်မိလိုက်ဘူး နိုင်ငံခြား သင်္ဘောမှာ အလုပ်လုပ်နေတယ်လို့ သိထားတာလေ''

''ဒီတစ်ခေါက်ကြာသွားတယ်။ ဦးလေးနဲ့ ကျွန်တော် မတွေ့တာဆိုရင် ငါးနှစ်လောက်ရှိမယ်ထင်တယ်''

''အေး မင်းရဲ့ အမေနေကောင်းရဲ့လား''

''ကောင်းပါတယ်။ အခုလည်း အမေက လွှတ်လိုက်တာ။ အစက အမေကိုယ်တိုင်လိုက်လာဖို့ အစီအစဉ်ရှိ တယ်။ လာမယ် လာမယ်နဲ့ ကျွန်တော်လည်း မအားတာကြောင့် အချိန်မရဖြစ်နေခဲ့တာ။ ဒီနေ့တော့ အမေက တရားစခန်းဝင်မှာမို့ ကျွန်တော်လိုက်ပို့ရင်း ဦးလေးဆီဝင်လာတာ''

''ထွေထွေထူးထူးပြောစရာရှိလို့လား''

''ဒီလိုပါ ဦးလေးရဲ့။ ကျွန်တော်လည်း ငွေအတော်အတန်စုမိထားတော့ အိမ်နဲ့ မြေတစ်ကွက်ဝယ်ထားချင်လို့''

''ကောင်းတဲ့ အလုပ်ပဲ၊ အားပေးရမှာပေါ့''

''ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ မရှင်းလင်းတာတစ်ခုဖြစ်နေလို့''

''ဝယ်ဖို့ စိတ်ကူးထားတဲ့ အိမ်က တွေ့နေပြီလား''

''ဟုတ်ကဲ့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာပါဦးလေး''

''မြေက ဂရန်ရပြီလား၊ ပါမစ်မြေဖြစ်နေဦးမယ်''

''ဂရန်မြေ ဦးလေး။ အိမ်ကလည်း တစ်ထပ်တိုက် ဆောက်ထားတယ်''

''ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းမှာလား''

''ဂရန်အမည်ပေါက်နှစ်ဦးလုံးက ကွယ်လွန်သွားပြီ''

''ဂရန်အမည်ပေါက်က နှစ်ဦးဆိုတော့ သူတို့ နှစ်ဦးက ဘယ်လိုတော် စပ်ကြတာလဲ''

''မောင်နှမအရင်းလို့ ပြောပါတယ်''

''မောင်နှမအရင်းဆိုတော့ အိမ်ထောင်ရှိကြမှာပေါ့''

''အိမ်ထောင်မရှိ လူပျိုကြီး အပျိုကြီးလို့ ပြောပါတယ်''

''လူပျိုကြီး အပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတော့ အမွေဆက်ခံတဲ့ သွေးရင်းမောင်နှမတွေနဲ့ ဆက်သွယ်ဆောင် ရွက်ရမှာ ဖြစ်တယ်''

''ပြောစကားအရတော့ မွေးချင်း မောင်နှမတွေ မရှိကြဘူး။ သူတို့ မောင်နှမနှစ်ဦးတည်းရှိတာလို့ သိရတယ်''

''ဒါဆိုရင် သူတို့နဲ့ အနီးစပ်ဆုံး ဆွေမျိုးက သူတို့ပိုင် အိမ်မြေအပေါ် အမွေထိန်းစာထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားရမယ်။ အမွေထိန်း စာရသူထံမှတစ်ဆင့် ဝယ်ယူရမှာဖြစ်တယ်''

''ဒီလို မဟုတ်ဘူး ဦးလေးရဲ့။ ကွယ်လွန်သွားတဲ့ နှမဖြစ်သူက သမီးတစ်ဦးကို မွေးစားလိုက်တယ်''

''မွေးစားတယ်ဆိုတော့ အစ်ကို ဖြစ်သူ သက်ရှိထင်ရှားရှိစဉ် မွေးစားခဲ့တာလား''

''မဟုတ်ဘူး ဦးလေး။ အစ်ကိုဖြစ်သူ ကွယ်လွန်ပြီး သူတစ်ဦးတည်း ကျန်တော့မှ မွေးစားခဲ့တာလို့ ပြောတယ်''

''စာချုပ်စာတမ်းနဲ့ ကတ္တိမ စာချုပ် ချုပ်ဆိုပြီး မွေးစားတာ ဟုတ်မဟုတ် မေးကြည့်ခဲ့လား''

''ကိတ္တိမစာချုပ် ချုပ်ဆိုပြီး မှတ်ပုံတင်ပြုလုပ်ထားတာတွေ့ခဲ့တယ်''

''ဒါဆိုရင်တော့ ပူးတွဲပိုင်ရှင်က မောင်နှမဖြစ်နေတာရယ်။ အစ်ကိုဖြစ်သူက အရင်ကွယ်လွန်သွားလို့ သူ့ရဲ့ ဝေစုဟာ နှမဖြစ်သူထံ ရောက်သွားတယ်။ ဒါကြောင့် အိမ်နဲ့ မြေအားလုံးရဲ့ ပိုင်ရှင်ဟာ နှမဖြစ်သူ တစ်ဦးတည်း ဖြစ်လာတယ်။ အဲဒီအမျိုးသမီးကြီး လွယ်လွန်သွားတော့ သူ့ရဲ့ အမွေအားလုံးကို ကိတ္တိမမွေးစားသမီးက ရခွင့်ရှိ လာမှာဖြစ်တယ်''

''ဟုတ်ကဲ့ ဦးလေး။ ဥပဒေရ ကိတ္တိမမွေးစားသမီးဖြစ်သူထံက အိမ်နဲ့ မြေကို တရားဝင်ဝယ်လို့ရတယ်ပေါ့''

''မှန်ပါတယ်။ မြေပိုင်ရှင်နှစ်ဦးက မောင်နှမအရင်းဖြစ်တယ်။ အပျိုကြီး လူပျိုကြီးဘဝနဲ့ ကွယ်လွန်တယ်။ ကိတ္တိမ တရားဝင်မွေးစားခြင်းဖြစ်တယ်ဆိုတဲ့ အချက်တွေကို စုံအောင် စာရွက်စာတမ်းတွေတော့ စုဆောင်းရလိမ့်မယ်''

''ဟုတ်ကဲ့ ဦးလေး။ အခု မွေးစားခံရတဲ့ မိန်းကလေးက ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်နေတယ်။ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးတစ်ဦးက ဘာသာခြားတစ်ဦးကို မွေးစားခွင့်ရှိပါသလား။ အဲဒါ ကျွန်တော် သိချင်တာဦး လေး''

''သားသမီးမွေးစားခြင်းနဲ့ ပတ်သက်လို့က တို့ဗုဒ္ဓဘာသာဝင်တွေမှာပဲရှိတဲ့ အထူးဥပဒေတစ်ရပ်ဖြစ် တယ်။ အဲဒီမှာ ကိုစိုးပိုင်မေးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးက ကိုးကွယ်ရာ ဘာသာမတူသူကို မွေးစားခွင့်ရှိသ လားဆိုတာနဲ့ ပတ်သက်လို့ မွေးစား မိဘနှင့် ကိုးကွယ်ရာဘာသာမတူသူတို့အား သားသမီးအဖြစ် မွေးစားရန် ဓမ္မသတ်များက တားမြစ်ပိတ်ပင်ထားခြင်းမရှိပေဟု တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ (မပွင့်နှင့်မရင်) Ma Bwin Vs Ma Yin S.J.100 အမှုမှာ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘာသာကိုးကွယ်ရာ မတူပေမယ့် ကိတ္တိမ မွေးစား စာချုပ်မှတ် တင်ထားရင်တော့ အမွေစား အမွေခံ သားသမီးအဖြစ် အမွေဆက်ခံခွင့်ရှိမှာ ဖြစ်ပါတယ်''

''ဒါဆိုရင် အခုပြောတဲ့ ကိတ္တိမ မွေးစားစာချုပ်ပြုလုပ်ထားတဲ့ ခရစ်ယာန်ဘာသာဝင်အမျိုးသမီးနဲ့ အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ပြုလုပ်လို့ရပြီပေါ့''

''ဟုတ်ပါတယ်။ စိတ်ချလက်ချ ဝယ်လို့ရပါတယ်''

''ဒါနဲ့ ဦးလေး၊ ဘာသာခြားကိုတော့ ကိတ္တိမမွေးစားလို့ရတယ်ဆိုတော့ လူမျိုးခြားကို မွေးစားလို့ရပါသလား''

''လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအရတော့ နိုင်ငံခြားသား တစ်နည်းပြောရရင် လူမျိုးခြား (ဥပမာ တရုတ်၊ အိန္ဒိယ၊ ဂျပန်) စသဖြင့် ပေါ့ကွယ်။ တစ်ဦးဦးက ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည့်တိုင် မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးဦး ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦးက ကိတ္တိမသားသမီးအဖြစ် (အမွေစားအမွေခံ သားသမီး အဖြစ်) မွေးစားခွင့်မရှိပါဘူး။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မဝေါင်ရွှေလင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉၇ဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၂၂၂ မှာ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေတွင်၊ နိုင်ငံသား မိဘများက ကိတ္တိမ အမွေစားအမွေခံ မွေးစားသော သားသမီးများသည် အလိုအလျောက်နိုင်ငံ သားဖြစ်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားက မွေးဖွားတဲ့ သားသမီးကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ က မွေးစားသားသမီးအဖြစ် မွေးစားခွင့် မရှိပါဘူး''

''ဟုတ်ကဲ့ပါ။ ဗဟုသုတလည်း ရပါတယ်။ အရောင်းအဝယ်စာချုပ်ကို ဦးလေးဘဲ တာဝန်ယူဆောင်ရွက်ပေးပါ'' ဟု ပြောဆိုကာ လက်ဆောင် ပစ္စည်းနှင့်တစ်ကွ ကန်တော့သွားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
maha
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service