၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစမှာ ရင်းနှီးမြှုပ်နှံမှု ၁၀ ခုကိုစတင် ခွင်ြ့ပု - Property News in Myanmar from iMyanmarHouse.com
1956 Views

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစမှာ ရင်းနှီးမြှုပ်နှံမှု ၁၀ ခုကိုစတင် ခွင်ြ့ပု

### Zawgyi Version ###










 

### Unicode Version ###

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရဲ့ အစမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ခုကို စတင်ခွင့်ပြုပေးလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက နေသိရပါတယ်။

ဒီလိုခွင့်ပြုပေးရမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သုံးခု ၊ ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီက ၅ ခုနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီတွေက တစ်ခုဆီ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၈၈ သန်းကျော်ရှိပြီး အလုပ်ကိုင်အခွင့်အလမ်း သုံးသောင်းကျော်ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်း ၁၀ ခုဟာ စက်မှုကဏ္ဍက ၆ ခု၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ ၁ ခု၊ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ ၁ ခုနဲ့ အခြားဝန်ဆောင်မှုကဏ္ဍက ၁ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ရှစ်ခုကိုလည်း ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၄၇ သန်းကျော်နဲ့ ကျပ်သန်းပေါင်းတစ်သိန်းကျော်အထိရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ပရိုမိုရှင်းပလန် အရ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် မျှော်မှန်းထားပေမယ့် မျှော်မှန်းချက်ထက် ၁ ဘီလီယံကျော်လျော့နည်းခဲ့ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၂၄ က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရတော့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု East of Doing Business Ranking မှာ မြန်မာနိုင်ငံက အဆင့်ခြောက်ဆင့်မြင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service